Zawgyi Version…





Unicode Version…
ဒီဇိုင်းပိုင်းပြောင်းလဲမှုများဖြင့် ထွက်ရှိလာသည့် 2020 Volkswagen Passat
Volkswagen သည် ၎င်း၏ နာမည်ကျော် Passat Sedan အား စတိုင်အသစ် နည်းပညာအသစ် များဖြင့် Detroit ကားပြပွဲတွင် 2020 Passat Model အဖြင့် ပြသခဲ့သည်။ ၎င်းတွင် ယခင် Model ၏ Platform နှင့် Engine များကို ဆက်လက်ထည့်သွင်းထားမည်ဖြစ်သည်။ အပြင်ဖက် ဒီဇိုင်းသည် ယခင် ထက်များစွာ Sporty ဆန်သည့် ပုံစံဖြစ်ပြီး ကြီးမားသည့် Grille နှင့် သေးသွယ်သည့် LED ရှေ့မီးကြီးများ သည် Passat အား ပို၍ ထင်ရှားစေပြီး ၎င်းနှင့် လိုက်ဖက်သည့် အနောက်ဖက် LED Tail lamp နှင့် ထင်ရှားသည့် VW တံဆိပ်တို့လည်းပါရှိမည်။ ( 18 – inch / 19 inch Wheels ) များကို လည်း မှာယူရနိုင် ပါမည်။ အင်ဂျင်အနေဖြင့် – ( 20 L Turbocharged I 4 TSI Engine ) ၊ ( 174 hp ) အင်ဂျင်နှင့် အတူ Torque converter အသစ်နှင့် Software အဆင့်မြှင့်တင်မှုတို့ပါရှိမည်။ ၎င်းသည် အရှေ့ဘီးယက် စနစ် သုံးဖြစ်ပြီး ( 6 – Speed Auto gear ) ဖြင့် တွဲဖက်ထားပါမည်။ Trim Laue များအပေါ် မူတည်၍ အတွင်းခန်းဒီဇိုင်းအား ပုံစံ ( ၃ ) မျိုးထည့်သွင်းထားပြီး Dashboard ၊ Infotainment နှင့် Onboard Design တို့သည် ပုံစံအသစ်ဖြစ်ပါမည်။ V – Tex , Noppa Leather တို့အား အရောင် ( ၄ ) မျိုး ရွေးချယ် မှာယူရရှိနိုင်မည်။ ထိုအပြင် – Rain – sensing Wipers ၊ Adaptive Cornering Head light တို့လည်းပါရှိ မည်ဖြစ်ပြီး Glass – Covered ဒီဇိုင်းအသစ်ဖြင့် ဖန်တီးထားသည့် Infotainment စနစ်သည် 2020 Passat တွင် ထူးခြားသည့် ပါဝင်မှုဖြစ်ပြီး Mirror Link Apple Car Play စသည့် Function များစွာ ပါရှိပါမည်။ ၎င်းတွင် အဆင့်မြင့်လုံခြုံရေးပါဝင်မှုများ အထူးစုံလင်စွာပါရှိမည်ဖြစ်သည်။ U.S.A သို့တင်ပို့ မည့် Passat Model သည် ဥရောပတွင် ရောင်းချမည့် Model ထက် ပါဝင်မှုများ ပို၍ စုံလင်သည် ဖြစ်သည်။ 2020 Passat အား မြောက်အမေရိက ဈေးကွက်သို့ ယခုနှစ် နွေရာသီတွင် စတင်ရောင်းချ မည် ဖြစ်ပါသည်။