


Unicode Version…..

Convertible Crossover ပုံစံအဖြစ်တွေ့ရမည့် 2020 Volkswagen T-Roc

လွန်ခဲ့သည် ( ၃ ) နှစ်က မိတ်ဆက်ခဲ့သည့် Volkswagen T – Cross Breeze Concept ကို အခြေခံထားသည့် 2020 Volkswagen T – Roc Cabriolet အား မကြာမီကျင်းပမည့် Frankfurt ကားပြပွဲတွင် ပြသမည်ဖြစ်သည်။ ၎င်းသည် VW ၏ MQB Platform ကို အခြေခံထားပြီး အမိုးဖွင့်သည့် ပုံစံဖြစ်ကာ Golf နှင့် Beetle တို့၏ Drop tops ကားများ အစားထိုးအနေဖြင့် ထုတ်လုပ်သည့် New Model ဖြစ်သည်။ အမိုးသည် Electric Roof ဖြစ်ပြီး ( ၉ စက္ကန့် ) အတွင်းဖွင့်ပိတ်နိုင်ကာ ( 19 mph ) မှ စတင်၍ အသုံးပြုနိုင်ပါသည်။ ၎င်း၏ အပြင်ကိုယ်ထည်အား အထူးစီမံဖန်တီးထားမည်ဖြစ်ပြီး အမိုးပိတ်ပါက Mechanism သည် အနောက်ခုံအောက်ဘက်သို့ဝင်သွားမည်ဖြစ်သည်။ Trunk Space သည် ( 15.7 Cubic Feet ) မှ ( 10 Cubic Feet ) အထိဖန်တီးနိုင်၍ ကျယ်ဝန်းမှုရှိသည့် Area ဟု ဆိုပါမည်။ T – Roc ၏ Open – sky T – Roc အမျိုးအစားအား ( U.S.A ) တွင် ရောင်းချမည် မဟုတ်ပါ။ 2020 VW T – Roc တွင် အင်ဂျင်ပုံစံ ( ၂ ) မျိုးနှင့် ( Gearbox ) ပုံစံ ( ၂ ) မျိုး ထည့်သွင်း ထားမည်ဖြစ်ပြီး Style Package အပါအဝင် အတွင်းခန်အခင်းအကျင်း ( ၄ ) မျိုးနှင့် အတူ Ambient Lighting လည်းပါဝင်ပါမည်။ ထို့အပြင် ( အရှိန်နှုန်းအပေါ်မူတည်၍ တုန့်ပြန်မှုပေးမည့် Steering ) ( Lowered Suspension ) ၊ ( Sport Seats ) ကဲ့သို့ပါဝင်မှုများအပြင် နည်းပညာမြင့်သည့် Next – gen Infotainment System ကိုလည်း ထည့်သွင်းထားမည်ဖြစ်ပြီး SIM Cord / Online Access တို့မှ တဆင့်အသုံးပြုနိုင်မည်။ Safety အနေဖြင့် – ( Front Assist with City emergency Braking ) နှင့် ( Lane Assist ) ကဲ့သို့ အဆင့်မြင့်နည်းပညာသုံး ပါဝင်မှုများ ထည့်သွင်းထားမည်။ ၎င်းအား Frankfurt ကားပြပွဲအပြီး 2020 နွေဦးရာသီတွင် VW မှ Launch ပြုလုပ်ပါမည်။ #News #Drivemediamyanmar

LEAVE A REPLY

Please enter your comment!
Please enter your name here