Tesla ၏ Cyber Truck Pickup နှင့် အခြား EV Pickup ( ၇ ) မျိုးတို့အား U.S.A တွင် 2021 အတွင်းထုတ်လုပ်မည်ဖြစ်သည်။ GM နှင့် Ford တို့တွင် ယခုလာမည့် ( ၂ ) နှစ်အတွင်း EV Pickup အသစ်များထုတ်လုပ်ရန် အစီအစဉ်ရှိကြကာ 2024 အထိ အစင်းရေ ( နှစ်သိန်းငါးသောင်း ) ခန့် ထုတ်လုပ်ရန် လျာထားကြပါသည်။ U.S ရှိသမားရိုးကျ Pickup များ၌ ( အတွင်းလောင်ကျွမ်းခြင်း အင်ဂျင်စနစ် ) ကိုသာ အသုံးပြုထားပါသည်။ အချို့သော EV Pickup များအား Bollinger Motors ၊ Hercules EV နှင့် Atlis Motor Vehicles ကဲ့သို့ Brand အသစ်များမှ ထုတ်လုပ်မည်ဖြစ်သည်။ ဈေးနှုန်းအနေဖြင့် USD 45,000 မှ USD 125,000 အတွင်းဈေးနှုန်းများဖြင့် ရောင်းချရန် စီစဉ် ထားပါသည်။ Brand အသစ်တခုဖြစ်သည့် Rivian သည်လည်း R 1 T EV Pickup အား မကြာခင်က မိတ်ဆက်ထားပြီး ၎င်း၌ Ford နှင့် Amazon တို့၏ ရင်းနှီးမြုပ်နှံမှုများလည်း ပါဝင်ပါသည်။ GM နှင့် Ford တို့သည် Premium EV Pickup ကားများအား Detroit ဧရိယာအတွင်းရှိ စက်ရုံများ၌ 2021 တွင် စတင်ထုတ်လုပ်ရန် စီစဉ်ထားပြီး 2024 အထိ ကားအစင်းရေ ( လေးသောင်း ) ခန့် ထုတ်လုပ်နိုင်ရန်လည်း GM နှင့် Ford တို့မှ လျာထားပါသည်။

Zawgyi Version….

2021 တြင္ အေမရိကန္၌ EV Pickup အမ်ားအျပားကို ထုတ္လုပ္မည္

Tesla ၏ Cyber Truck Pickup ႏွင့္ အျခား EV Pickup ( ၇ ) မ်ဳိးတို႔အား U.S.A တြင္ 2021 အတြင္းထုတ္လုပ္မည္ျဖစ္သည္။ GM ႏွင့္ Ford တို႔တြင္ ယခုလာမည့္ ( ၂ ) ႏွစ္အတြင္း EV Pickup အသစ္မ်ားထုတ္လုပ္ရန္ အစီအစဥ္ရွိၾကကာ 2024 အထိ အစင္းေရ ( ႏွစ္သိန္းငါးေသာင္း ) ခန္႔ ထုတ္လုပ္ရန္ လ်ာထားၾကပါသည္။ U.S ရွိသမားရိုးက် Pickup မ်ား၌ ( အတြင္းေလာင္ကၽြမ္းျခင္း အင္ဂ်င္စနစ္ ) ကိုသာ အသုံးျပဳထားပါသည္။ အခ်ဳိ႔ေသာ EV Pickup မ်ားအား Bollinger Motors ၊ Hercules EV ႏွင့္ Atlis Motor Vehicles ကဲ့သို႔ Brand အသစ္မ်ားမွ ထုတ္လုပ္မည္ျဖစ္သည္။ ေစ်းႏႈန္းအေနျဖင့္ USD 45,000 မွ USD 125,000 အတြင္းေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ရန္ စီစဥ္ ထားပါသည္။ Brand အသစ္တခုျဖစ္သည့္ Rivian သည္လည္း R 1 T EV Pickup အား မၾကာခင္က မိတ္ဆက္ထားၿပီး ၎၌ Ford ႏွင့္ Amazon တို႔၏ ရင္းႏွီးျမဳပ္ႏွံမႈမ်ားလည္း ပါ၀င္ပါသည္။ GM ႏွင့္ Ford တို႔သည္ Premium EV Pickup ကားမ်ားအား Detroit ဧရိယာအတြင္းရွိ စက္ရုံမ်ား၌ 2021 တြင္ စတင္ထုတ္လုပ္ရန္ စီစဥ္ထားၿပီး 2024 အထိ ကားအစင္းေရ ( ေလးေသာင္း ) ခန္႔ ထုတ္လုပ္ႏိုင္ရန္လည္း GM ႏွင့္ Ford တို႔မွ လ်ာထားပါသည္။