Acura သည် NSX Model အသစ်အတွက် ထူးခြားသည့် အမွေအနှစ်လက်ရာဖြစ်သည့် Long Beach Blue Color အား ပေါင်းစပ်ထည့်သွင်းထားပါမည်။ အဆိုပါ Special Color အား 2002 Model NSX တွင်လည်း ထည့်သွင်းခဲ့ပါသည်။ ယခု 2021 NSX Model တွင် အဆိုပါ ဆေးရောင်အပြင် ( Indy Yellow ) နှင့် ( Thermal Orange ) ကဲ့သို့ထူးခြားသည့် ဆေးရောင်များ လည်း ပါဝင်မည်ဖြစ်ပြီး အဆိုပါ အထူးထုတ် ဆေးရောင်များသည် မျက်စိ အမြင်ကို ထူးခြားစေ သည့် အရောင်ရောစပ်မှုနှင့် ကျကျနန ဖန်တီးခြင်းကဲ့တို့ လက်ရာများပါဝင်မည်ဖြစ်သည်။ 2021 Acura NSX တွင် (3.5 L Turbocharged V6 Engine ) ၊ ( 573 hp ) အင်ဂျင်နှင့် (9-Speed Dual-Clutch Auto gear) တို့နှင့်အတူ လျှပ်စစ်မော်တာ (၃)ခုတွဲဖက်ထားပါသည်။ အဆိုပါ ဓာတ်ဆီနှင့် လျှပ်စစ်ပေါင်းစပ်မှုတွင် Total Output အနေဖြင့် – (573 hp Output) (476 lb-ft of Torque ) ရရှိမည်ဖြစ်သည်။ Performance အနေဖြင့် – ( 0 to 60 mph ) အား ( 3.0 Seconds ) ဖြင့် အမြန်ဆုံး ရောက်ရှိပါမည်။ Acura သည် 2021 NSX Model အား 2021 နှစ်ဦးပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး U.S.A ဈေးကွက်အတွက် ဈေးနှုန်းသည် ( USD 160,000)မှ စတင်မည် ဖြစ်သည်။ ( White / Curva Red / Berlina Black ) ဆေးရောင်တို့အတွက် ဈေးနှုန်းထပ်မံ ကျသင့် ပါမည်။ Acura သည် မူလပထမဖြစ်သည့် Long Beach Blue အား 2022 – 2005 အတွင်း ထုတ်လုပ်ခဲ့သည့် NSX တွင် အစင်းရေ(၈၈)စင်း သီးသန့်သာ ပေါင်းစပ်ထည့်သွင်းခဲ့ပြီး အထူးထုတ် အဖြင့် ရောင်းချခဲ့ပါသည်။ အဆိုပါ Special Model များသည် ထိုခေတ်က NSX Model များတွင် အရှားပါးဆုံး ဖြစ်ခဲ့ပါသည်။