Bentley သည် ၎င်း၏ နာမည်ကျော် Betayga SUV အတွက် Hybrid Version အား 2021 Model အနေဖြင့် မိတ်ဆက်ထုတ်လုပ်လိုက်ပြီး Update Model အနေဖြင့် ထုတ်လုပ်ထားခြင်းလည်းဖြစ်သည်။ ထို့ကြောင့် 2021 Bentayga Hybrid တွင် အပြင်ဒီဇိုင်းပုံစံသစ်နှင့်အတူ ပြောင်းလဲမှုများဖြင့် ခင်းကျင်းထားသည့် အတွင်းခန်းတို့ကို ခံစားရမည်ဖြစ်သည်။ အင်ဂျင်အနေဖြင့် 3.0L Twin-Turbo V6 Engine နှင့် လျှပ်စစ်မော်တာတို့ တွဲဖက်ထားမည်ဖြစ်ပြီး (443 hp) Total Output ရရှိမည်။ 2021 Bentayga Hybrid တွင် ထူးခြားသည့်ပါဝင်မှုမှာ 10.9 inch Infotainment Screen ကို ထည့်သွင်းထားခြင်းဖြစ်ပြီး Bentley ၏ နောက်ဆုံးပေါ် နည်းပညာများ၊ Apps များ ပေါင်းစပ်ပါဝင်မည်။ Wireless စနစ်ဖြင့် အသုံးပြုနိုင်သည့် Apple Car Play နှင့် Android Auto၊ ကြိုးမဲ့ဖုန်းအားသွင်းခြင်းစနစ်၊ ပုံစံအသစ်ဖြစ်သည့် USB C-Ports၊ အရွယ်ကြီးမားပြီ အဝေးထိန်းစနစ်ဖြင့် အသုံးပြုနိုင်သည့် Touchscreen Tablet စသည့်ပါဝင်မှုများကို တွေ့မြင်ခံစားရပါမည်။ Luxury Game Treatment ဖြင့် လှပသပ်ရပ်စွာ ဖန်တီးထားသည့် Dashboard၊Deer Trim နှင့် Steering အခင်းအကျင်းများနှင့် Fully Digital အမျိုးအစား မီတာဒိုင်ခွက် တို့ကိုလည်း ထည့်သွင်းထားပါသည်။ ထိုင်ခုံရှေ့ခလုတ်များမှ စ၍ အတွင်းခန်းထိန်းချုပ်ခလုတ်များနှင့် အနားသတ်လိုင်းများအား Aluminium ဖြင့် သေသပ်ကျနစွာ ဖန်တီးထားမည်ဖြစ်သည်။ Hybrid Version တွင် Hybrid စာတန်းအား Door Trim အောက်ဖက်တွင် ရေးထိုးထားပါသည်။ Bentley ၏ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်သည့် Navigation စနစ်အား မီတာဒိုင်ခွက်တွင် Fully Screen ဖြင့် ကြည့်ရှုနိုင်မည့် စနစ်လည်းပါဝင်သည်။ Bentayga Hybrid အား စတင်ရောင်းချလျက်ရှိနေပြီဖြစ်သည်။

23 Jan 2021
0