Super Cruise အား 2018 Cadillac CT 6 Sedan တွင် စတင်ထည့်သွင်းခဲ့ပြီး အထူး ကောင်းမွန်သည့် Driver Aid နည်းပညာအမြင့် ထင်ရှားခဲ့သည်။ နာမည်ကျော် Super Cruise ၏ New Version အား Cadillac ၏ 2021 Model များဖြစ်သည် Escalade ၊ CT 5 နှင့် CT 4 တို့တွင် စတင်ထည့်သွင်းမည်။ New Vision တွင် Lane Chage on Demend အမည်ရသည့် Feature အသစ်ပါဝင်မည်ဖြစ်ပြီး Super Cruise ကို စတင်ပါက ယာဉ်မောင်းမေ့လျော့ခြင်းကြောင့် ယာဉ်ကျောမှားယူမိပါက စနစ်မှ Auto အနေဖြင့် ယာဉ်ကျောကိုပြောင်းပေးခြင်းဖြင့် Safe ဖြစ်စေ ပါမည်။ ထို့နောက် Driver မှ Steering ကို ပြန်လည်ထိန်းသိမ်းနိုင်မည်ဖြစ်ကာ မီတာဒိုင်ခွက်ရှိ Dirver Monitor မှလည်း အခြေအနေတို့ကို အသိပေးမည်။ Lane Change စနစ်အတွက် ကား၏ GPS လမ်းကြောင်းပြစနစ်မှ ထောက်ပံကူညီပေးမည်ဖြစ်ပြီး Highway လမ်းများအတွက် အလွန်အထောက် အကူဖြစ်စေပါသည်။ Steering ကို ကောင်းစွာ ပဲ့ကိုင်နိုင်ရန်နှင့် Speed Control ကို ရရှိစေရန် Software စနစ်ကိုလည်း အဆင့်မြှင့်တင်ထားပြီး Rear – facing Sensors များကိုလည်း အလားတူ Update ပြုလုပ်ထားပါသည်။

Zawgyi Version….
2021 Cadillac Escalade တွင် မျိုးဆက်သစ် Super Cruise စနစ်ပါဝင်မည်
