ပြီးခဲ့တဲ့နှစ်တွေတုန်းက 2.0-liter turbo four-cylinder LTG နဲ့ထွက်ခဲ့တဲ့ Three-row Crossover SUV “Chevrolet Traverse” ဟာ mid-size SUV တွေထဲမှာတော့ စီးပျော်တဲ့ကားတစ်စီးဖြစ်ခဲ့ပါတယ်။ သက်တောင့်သက်သာရှိစေတဲ့ကျယ်ဝန်းမှုအပြင် $29,800 ဆိုတဲ့ဈေးကလည်း FWD နဲ့ AWD ၂ မျိုးရနိုင်တဲ့ 2020 Model SUV အတွက် တန်လွန်းတဲ့ဈေးပါပဲ။

 

Chevrolet ရဲ့design board အဖွဲ့ဟာ Traverse 2021l ရဲ့design အတွက် ပုံကြမ်းစိတ်ကူးထဲကလိုမျိုး အတိအကျမဖန်တီးထားဘူးဆိုတာကို ကားရဲ့ Front နဲ့ Rear သွင်ပြင်တွေကသက်သေပြနေပြီး Exterior Design ထက် Interior က ပိုအဆင်ပြေ ဆွဲဆောင်မှုရှိလာတာကိုတော့တွေ့ရပါတယ်။ Towing Capacity က 5,000 lbs ရှိမှာဖြစ်ပြီး Nine-Speed Automatic ဂီယာနဲ့လိုက်ဖက်ညီတဲ့ Traverse 2021 ရဲ့ 3.6 Liter V6 Engine က 310 HP နဲ့ (360 Nm) Torque ကိုထုတ်လုပ်ပေးမှာပါ။

Seating Option မှာ 8.0 လက်မအရွယ် Driver Information Display, Wireless Apple CarPlay နဲ့ Android Auto စတဲ့စနစ်တွေနဲ့အတူ Dual SkyScape rear panel အတွက် power sunshade ပါဝင်နေမှု စတာတွေကတော့ 2021 Traverse မှာ ကြီးကြီးမားမားဆန်းသစ်ပြောင်းလဲထားတာတွေလို့ ဆိုရမှာပါ။

Safety Feature ပိုင်းအတွက် Lane Departure သတိပေးချက်ပါ Lane Keep Assis စနစ်၊ Front Pedestrian Braking နဲ့ Automatic Emergency Braking လိုစနစ်တွေအပြင် Forward Collision သတိပေးမှုစနစ်၊ Following Distance Indicator နဲ့ IntelliBeam high-beam headlight တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ထွက်ခဲ့ပြီးတဲ့ Model တွေတုန်းက U.S ဈေးကွက်ထဲမှာ ( ပြီးခဲ့တဲ့နှစ်ထဲထိ) 147,122 စီးရောင်းချခဲ့ရပြီးဖြစ်တဲ့ Chevrolet Traverse ရဲ့ 2021 Model က ဘယ်လောက်ထူးခြားဆန်းသစ်နေမလဲဆိုတာကိုတော့ သိပ်မကြာခင်မှာပဲ တွေ့ကြရမှာပါ။

(Zawgyi)

ျပီးခဲ့တဲ့ႏွစ္ေတြတုန္းက 2.0-liter turbo four-cylinder LTG နဲ့ထြက္ခဲ့တဲ့ Three-row Crossover SUV “Chevrolet Traverse” ဟာ mid-size SUV ေတြထဲမွာေတာ့ စီးေပ်ာ္တဲ့ကားတစ္စီးျဖစ္ခဲ့ပါတယ္။ သက္ေတာင့္သက္သာရိွေစတဲ့က်ယ္ဝန္းမွုအျပင္ $29,800 ဆုိတဲ့ေစ်းကလည္း FWD နဲ့ AWD ၂ မ်ိဳးရႏိုင္တဲ့ 2020 Model SUV အတြက္ တန္လြန္းတဲ့ေစ်းပါပဲ။

Chevrolet ရဲ႕design board အဖြဲ့ဟာ Traverse 2021l ရဲ႕design အတြက္ ပံုၾကမ္းစိတ္ကူးထဲကလိုမ်ိဳး အတိအက်မဖန္တီးထားဘူးဆိုတာကို ကားရဲ့ Front နဲ့ Rear သြင္ျပင္ေတြကသက္ေသျပေနျပီး Exterior Design ထက္ Interior က ပိုအဆင္ေျပ ဆြဲေဆာင္မွုရိွလာတာကိုေတာ့ေတြ့ရပါတယ္။ Towing Capacity က 5,000 lbs ရိွမွာျဖစ္ျပီး Nine-Speed Automatic ဂီယာနဲ့လိုက္ဖက္ညီတဲ့ Traverse 2021 ရဲ႕ 3.6 Liter V6 Engine က 310 HP နဲ့ (360 Nm) Torque ကိုထုတ္လုပ္ေပးမွာပါ။

Seating Option မွာ 8.0 လက္မအရြယ္ Driver Information Display, Wireless Apple CarPlay နဲ့ Android Auto စတဲ့စနစ္ေတြနဲ့အတူ Dual SkyScape rear panel အတြက္ power sunshade ပါဝင္ေနမွု စတာေတြကေတာ့ 2021 Traverse မွာ ၾကီးၾကီးမားမားဆန္းသစ္ေျပာင္းလဲထားတာေတြလို့ ဆိုရမွာပါ။

Safety Feature ပိုင္းအတြက္ Lane Departure သတိေပးခ်က္ပါ Lane Keep Assis စနစ္၊ Front Pedestrian Braking နဲ့ Automatic Emergency Braking လိုစနစ္ေတြအျပင္ Forward Collision သတိေပးမွုစနစ္၊ Following Distance Indicator နဲ့ IntelliBeam high-beam headlight ေတြလည္း ပါဝင္မွာျဖစ္ပါတယ္။ ထြက္ခဲ့ျပီးတဲ့ Model ေတြတုန္းက U.S ေစ်းကြက္ထဲမွာ ( ျပီးခဲ့တဲ့ႏွစ္ထဲထိ) 147,122 စီးေရာင္းခ်ခဲ့ရျပီးျဖစ္တဲ့ Chevrolet Traverse ရဲ႕ 2021 Model က ဘယ္ေလာက္ထူးျခားဆန္းသစ္ေနမလဲဆိုတာကိုေတာ့ သိပ္မၾကာခင္မွာပဲ ေတြ့ၾကရမွာပါ။

Ref: autorevolution
Thiha