အရွယ်ကြီးမားသည့် Body-on-Frame Model ဖြစ်သည့် Chevy Tahoe ၏ Diesel Version Model သည် 2021 အတွက် ထွက်ရှိလာပါသည်။ U.S.A အတွက် ရောင်းချသည့် Diesel Tahoe တွင် ( 3.0 L V6 Diesel Engine ) ကဲ့သို့ အရွယ်ငယ်သည့် အင်ဂျင်အပြင် ( 5.3 L V8 Petrol Engine ) ကဲ့သို့ Big Size Engine ကို ရရှိနိုင်မည်ဖြစ်သည်။ ထူးခြားသည့် အချက်မှာ U.S.A တွင် ရောင်းချမည့် Tahoe Diesel Version သည် Tahoe Petrol Version ထက် ဈေးပိုများမည် ဖြစ်သည်။ နောက်ဘီးယက်စနစ်နှင့် Diesel Engine ပါဝင်သည့် 2021 Tahoe Model အတွက် ( 3.0 L Engine ) သည် ( Twin turbo Diesel V6 Engine ) ဖြစ်သည့်အတွက် စွမ်းဆောင်ရည် အထူးကောင်းမွန်မှု ရရှိမည်ဖြစ်ကာ ဆီစားနှုန်း အနေဖြင့် တစ်ဂါလံကို မြို့တွင်း ၁၆ မိုင် ၊ Highway ၂၂ မိုင် ဝန်းကျင်အသုံးပြုနိုင်မည်ဖြစ်သည်။ ( V8 Petrol Engine ) ဆိုပါက တစ်ဂါလံကို မြို့တွင်း ၁၅ မိုင် ၊ Highway ၁၈ မိုင် ဝန်းကျင်အသုံးပြုနိုင်မည်ဟု Chevrolet မှ ဆိုထားပါသည်။ Chevrolet SUV များတွင် Tahoe နှင့် Suburban တို့သည် Size အကြီးဆုံးနှင့် အကောင်းဆုံး SUV Model များဖြစ်ပြီး ယခု Design အသစ်သည် မကြာခင်ကမှ ပြောင်းထားခြင်းဖြစ်သည်။ Suburban သည် Long Body ဖြစ်ကာ Tahoe Body Size သည် Suburban လောက် မရှည်သော်လည်း အလွန်ကြီးမားသည့် အနေအထားရှိသည်။ Chevy Silverado နှင့် Cadillac Escalade တို့တွင်လည်း (3.0 L Turbo Diesel V6 Engine ) များရရှိနိုင်ရန် GM မှ စီစဉ်ထား ပါသည်။ Diesel Engine တွင် ( 10 – Speed Auto gear ) တွဲဖက်ထားမည်ဖြစ်သည်။ 2021 Chevy Tahoe Diesel Version အား ယခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချမည်ဖြစ်သည်။