American ၏နာမည်ကျော် Tuner Brand ဖြစ်သည့် Hennessy သည် ၎င်း၏ အစိတ် အပိုင်းများအား Ford Bronco SUV တွင်ပေါင်းစပ်ပါဝင်မည်ဟု ကြေငြာလိုက်ပါသည်။ Bronco တွင် ( အင်ဂျင်အတွင်း လေသွင်းအား မြင့်မားသည့် Air Induction System ) ၊ ( Intercooler ) ၊ သံမဏိအိတ်ဇောစနစ် ၊ အရွယ်ကြီးမားသည့် Off-Road Tyre နှင့် ဘီးများ ၊ စွမ်းဆောင်ရည်အထူး ကောင်းမွန်သည့် Suspension ၊ စသည့်ထူးခြားသည့် ပါဝင်မှုများစွာ ထည့်သွင်းထားသည်။ Hennessy သည် After market Performance တွင်အလွန်ထင်ရှားသည့် Brand ဖြစ်သည်။ Hennessy အနေဖြင့် Ford ၏ကားများကို စွမ်းဆောင်ရည်အတွက် ပူးပေါင်းတပ်ဆင်မှုများစွာ ပြုလုပ်ခဲ့ပြီး ၎င်းတို့တွင် – F – 150 ၊ 1200 hp Mustang ၊ Ranger Veloci Raptor တို့ပါရှိပြီး Bone-Stock Jeep Wranger ကိုလည်း ဖန်တီးခဲ့ပါသည်။ Hennessy ၏ အစိတ်အပိုင်းများသည် ဈေးနှုန်းကြီးမြင့်သော်လည်း Off-Road ဆိုင်ရာစွမ်းဆောင်ရည်တွင် အလွန်နာမည်ကျော်ပါသည်။ Ford Bronco သည် 2021 SEMA ပြပွဲတွင် လူသိများခဲ့သည့် Model လည်းဖြစ်သည်။ Ford သည် New Bronco အား July 13 တွင် စတင်ရောင်းချကာ ဒေသများစွာရှိ Showroom များထံသို့ ယခုနှစ်ကုန်တွင် ရောက်ရှိမည်ဖြစ်သည်။