Ford က အဆင့်မြှင့်တင်မှုအတော်များများလုပ်ထားတဲ့ New F-150 Raptor New Modelကို ဒီနှစ်ထဲမှာ မိတ်ဆက်ပေးသွားဖို့ရှိပြီး Model အသစ်ရဲ့အချက်အလက်အတော်များများကိုလည်း အားလုံးသိရှိနေကြပါပြီ။ 2020 Ford F-150 Raptor အကြောင်းထက် ပိုစိတ်ဝင်စားစရာကောင်းနေတာကတော့ နောက်ထပ်ထွက်လာမယ့် 2021 Ford F-150 Raptor ပါ။ သူကပိုလန်း ပိုကြမ်းနိုင်ချေရှိတယ်လို့တောင် ပြောနေကြပါပြီ။
Visible Styling အပြောင်းအလဲတွေလုပ်ထားပြီး Bed Wielder ရဲ့ နောက်ဘက်ခြမ်းထိမမြင်ရပေမဲ့ Front Grille ရဲ့သွင်ပြင်ကို ထူးခြားပြည့်စုံaစတဲ့ Headlight Design ပါဝင်တာကို တွေ့ခဲ့ရပါတယ်။ လက်ရှိ Model တွေလို Leaf Spring Setup မဟုတ်တော့ဘဲ Transition to Coil Springs ပြောင်းလဲထားတာကိုတွေ့ရပြီး အရေးအပါဆုံးလို့ဆိုရမယ့် ကားရဲ့နည်းပညာပိုင်းမှာလည်း ပြောင်းလဲမှုတွေရှိလာမယ်လို့တော့ မျှော်လင့်ရမှာပါ။
လက်ရှိ Raptor တွေမှာ six cylinders turbocharged Engine ကို တပ်ဆင်အသုံးပြုထားပါတယ်။ အတွင်းစကားတွေအရတော့ New Generation တွေမှာ V8 အင်ဂျင်နည်းပညာပြန်ပါဝင်လာဖို့ရှိနေပြီး 2020 Mustang Shelby GT500 မှာသုံးထားတဲ့ supercharged 5.2-liter V8 အင်ဂျင်ကို 2021 F-150 Raptor မှာလည်း အသုံးပြုသွားဖို့ရှိတယ်လို့သိရပါတယ်။ 2020 F-150 အတွက်က သေချာပြီးဖြစ်ပေမဲ့ 2021 မှာထွက်လာမယ့် Revised Version F-150 Raptor ကိုမြင်ရဖို့က အချိန်အတိုင်းအတာတစ်ခုထိတော့ စောင့်ရဦးမှာပါ။
(Zawgyi)
Ref: AutoEvolution