2021 Hyundai Elantra ကို Redesigned Model အနေဖြင့် ထုတ်လုပ်မည်ဖြစ်ကာ U.S.A တွင် 2021 နွေရာသီတွင် စတင်ရောင်းချပါမည်။ Elantra သည် Hyundai တွင် အလွန် Popular ဖြစ်သည့် Model ဖြစ်ပြီး ယခု New Elantra တွင် ဆန်းသစ်သည့် ဒီဇိုင်းပုံစံအသစ်နှင့် အတူ ပါဝင်မှုအသစ်များစွာလည်း ပါရှိပါမည်။ ( U.S.A) ဈေးကွက်သို့ ရောင်းချမည့် 2021 Elantra ကို ဒေါ်လာနှစ်သောင်းခြောက်ရာမှ စတင်မည်ဖြစ်၍၎င်း၏ ဈေးကွက်ပြိုင်ဖက် Model များထက် များစွာ သက်သာမည့် ထူးခြားချက်ဖြစ်သည်။ 2021 Honda Civic အား ဒေါ်လာ နှစ်သောင်း နှစ်ထောင် ၊ 2021 Mazda 3 အား ဒေါ်လာနှစ်သောင်းတစ်ထောင် တို့ဖြင့် စတင်ထားပါသည်။ ( အဆိုပါဈေးနှုန်းများသည် U.S.A တွင် ရောင်းချသည့် ဈေးများဖြစ်သည်။ ) 2021 Elantra တွင် Upgrade Features များစွာ ပါဝင်သည့် ( Convenience Package ) နှင့် ( Premium Package ) တို့ ထည့်သွင်းထားပြီး ၎င်းတို့တွင် – Heated Side Mirrors ၊ Leather Steering ၊ Wireless Charging ၊ Digital Instrument Cluster ၊ Electronic Parking Brake ၊ Adaptive Cruise Control ကဲ့သို့ Features များပါဝင်သည်။ Grade အမြင့်ဆုံးဖြစ်သည့် Limited Trim အား ဒေါ်လာနှစ်သောင်းခြောက်ထောင်ဖြင့် ရရှိနိုင်သည်။ လူငယ်အကြိုက်ဖြစ်သည့် N-Line Trim ကိုလည်း ( 6-Speed Manual Gear ) ဖြင့် တွဲဖက်ထည့်သွင်းထားမည်ဖြစ်သည်။ နာမည်ကျော် Dual-Clutch Automatic Gearbox ကို Optional အနေဖြင့် ရနိုင်မည်။ 2021 Elantra ၏ ဒီဇိုင်းဖန်တီးမှုနှင့် ကျယ်ဝန်းသည့် အတွင်းခန်းတို့ကို Hyundai ချစ်သူများမှ နှစ်သက်မည် ဖြစ်ပြီး Features အသစ်များကိုလည်း ခံစားရနိုင်မည်ဖြစ်သည်။