Jeep သည် Wagoneer နှင့် Ground Wagoneer တို့ဖြင့် SUV လောကကို အံ့သြစေခဲ့ပြီးနောက် ယခုအခါ ၎င်း၏ Flagship မော်ဒယ်ဖြစ်သည့် Grand Cherokee အား Redesigned Model အနေဖြင့် ပွဲထုတ်လိုက်ပါသည်။ New Model သည် Long Wheel Base Versionဖြစ်သည့် ခုံ(၃)တန်းပါဝင်သည့် Model ဖြစ်ကာ 2021 Grand Cherokee L ဟု သတ်မှတ်ပါသည်။ 2021 Grand Cherokee Model အား ယခုနှစ်အတွင်း ဆက်လက်ထုတ်လုပ်မည်ဖြစ်သည်။ 2021 New Model သည် လုံးဝပုံစံအသစ်ဖြစ်သည့် New Platform ကို အခြေခံကာ ထုတ်လုပ်ထားခြင်းဖြစ်ကာ ကားကိုယ်ထည်အား High-Strength Steel (60%) ဖြင့် အဓိက ဖန်တီးထားပြီး Hood Hatch ၊ ကားအရှေ့ဖက် Sub Frame တို့ကို Aluminum တို့ဖြင့် ပြုလုပ်ထားပါသည်။
Multi-Link Independent Suspension အား ဘီး(၄)ဘီးတွင် တပ်ဆင်ထားမည်ဖြစ်ပြီး နှိမ့်၊ မြင့်ပြုလုပ်နိုင်သည့် Air Suspension စနစ်လည်း ပါဝင်သည်။ ကား၏ Standard ground Clearance သည် (8.5 inch) ရှိသည့်အတွက် နေရာမရွေးကောင်းစွာ ဖြတ်ကျော်အသုံးပြုနိုင်မည်ဖြစ်ပြီး Off Road Mode ကို အသုံးပြုပါက (10.9 inch ) ထိ Height ကို မြှင့်တင်ပေးမည် ဖြစ်သည်။ 2021 Jeep Grand Cherokee L တွင် ( 3.6L V6 Engine) နှင့် ( 5.7L V8 Engine ) တို့ ရရှိမည်ဖြစ်ကာ V6 Engine တွင် 6200lbs Towing နှင့် V8 Engine တွင် 7200lbs Towing တို့ ပါဝင်သည်။ Gearbox မှာ 8 Speed Auto ဖြစ်ကာ Quadra-trac I၊ Quadra-trac II၊ င့် Quadra-Drive II ဟူ၍ 4WD system ( ၃) မျိုးပါရှိသည်။ 4Xe Hybrid Version ကိုမှု ယခုနှစ်ကုန်ခန့်တွင် ဆက်လက်ထုတ်လုပ်မည်ဖြစ်သည်။ New Model တွင် ( 10 inch HUD ) ၊ ( Night Vision ) ၊ Uconnect 5 Infortainment စသည့် ေ နာက်ဆုံးပေါ် နည်းပညာများ ပါဝင်မည်ဖြစ်သည်။
All-new 2021 Jeep Grand Cherokee L Overland (top) and All-new 2021 Jeep Grand Cherokee L Summit Reserve (bottom) All-new 2021 Jeep Grand Cherokee L Summit Reserve