KIA ၏နာမည်ကျော် Mid – size Sedan ဖြစ်သည့် Kia Optima / K5 Sedan ၏ New Model အား 2021 Model အနေဖြင့် KIA မှ ထုတ်ဖော်ပြသလိုက်ပါသည်။  အရှေ့မီးကြီးများဖြင့် ပေါင်းစပ်ထား သည့် Grille ဒီဇိုင်းအသစ်နှင့် ခန့်ညားသည့် Fender တို့သည် New K5 အား လုံးဝအသစ်အနေဖြင့် တွေ့မြင်ရမည်ဖြစ်ကာ Grille ၏ ဆန်ကာကွက်ဒီဇိုင်းသည် 3 – Dimensinpal Design ဖြစ်ပြီး ငါးမန်း၏ အရေပြားကို မှီငြမ်းဖန်တီးထားကြောင်း KIA မှ ဆိုထားပါသည်။ ရှည်လျားသည့် Rear Quarter တံခါးများနှင့် ကြံ့ခိုင်ပြီးလှပသည့် ကိုယ်ထည်ပုံစံတို့သည် KIA ချစ်သူများကို များစွာစွဲဆောင်နိုင်မည် ဖြစ်သည်။ ကားအနောက်ဖက်တွင် Taillight သည် အနောက်ဖုံး အပြည့်ဖြစ်ပြီး အလွန်စူးရှတောက်ပသည့် မီးလုံးများ ပါဝင်ဖွဲ့စည်းထားမည်ဖြစ်သည်။ 2021 KIA K5 တွင် အင်ဂျင်အနေဖြင့် (Naturally Aspirated 2.5 L I4 Engine ၊ 191 hp)အင်ဂျင်နှင့်                     ( Turbocharged 1.6 L I4 Engine ၊ 180 ) အင်ဂျင်တို့ ရရှိနိုင်ပြီး အင်ဂျင်များအား ( 8-Speed Auto gear ) ဖြင့် တွဲဖက်ထားပါမည်။ အဆိုပါ အင်ဂျင်နှင့် ဂီယာအတွဲအား New Hyundai Sonata တွင် အလားတူ တပ်ဆင်ထားပါသည်။

Zawgyi Version…

2021 Kia Optima အား K5 အနေဖြင့် တောင်ကိုရီးယားတွင် စတင်ရောင်းချမည်