2021 Kia Seltos အား L.A ကားပြပွဲတွင် ပြသခဲ့ပြီး ၎င်းသည် Soul နှင့် Sportage တို့အကြား အရွယ်ဖြစ်ပြီး Sportage အတွင်းခန်းနှင့် တူညီမှုရှိမည်ဖြစ်သည်။ သို့သော် Seltos ၏ ဒီဇိုင်းအား Boxier Design ဖြင့် ဖန်တီးထားပြီး ကြားအရွယ်ရှိသည့် Crossover ဖြစ်ကာ အကောင်းဆုံး Capacity အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း KIA မှ ဆိုထားပါသည်။ အများအားဖြင့်တူညီသည် ဆိုသော်လည်း Sportage ၏ Base Engine သည် Seltos ၏ Base Engine ထက် မြင်းကောင်ရေ ပို၍များပါသည်။ အလားတူ Sportage ၏ အတွင်းခန်းအား Higher – quality Cabin အနေဖြင့် ခင်းကျင်းထားမည်။ Seltos နှင့် Sportage တို့၏ အကျယ်အဝန်းတို့သည် တူညီမည်ဖြစ်သော်လည်း စွမ်းဆောင်ရည် Capability နှင့် အကောင်းဆုံးလုပ်ဆောင်နိုင်မှုတို့သည် ကွဲလွဲမည်ဖြစ်သည်။Kia Seltos အား 2021 Model အနေဖြင့် သတ်မှတ်ရောင်းချမည်ဖြစ်ပါသည်။

Zawgyi Version………
2021 Kia Seltos နှင့် Kia Sportage တို့သည် အများစု တူညီမှုရှိမည်
——————————————————–