Lexus LS Sedan သည် မြောက်အမေရိကဈေးကွက်အတွက် New LS အား New Model အနေဖြင့် ထုတ်လုပ်လိုက်ပါသည်။ 2021 LS 500 / LS 500h တို့တွင် ယခင် Model ထက်ပို၍ ဆန်းသစ်ပြီး သိမ်မွေ့သည့် အခင်းအကျင်း ပါဝင်လာမည်ဖြစ်ကာ နာမည်ကျော် Spindle Grille ပုံစံအသစ်တွင် Redesigned Headlight များအား ( Z-Shaped ) ဖြင့် ဆန်းပြားစွာ ဖန်တီးထားမှု သည် 2021 LS ၏ ထူးခြားမှုတရပ်ဖြစ်သည်။ Sport Fan များအတွက် F-Sport Package လည်း ပါဝင်ကာ ၎င်းတွင် မတူညီသည့် အပြင်ဖက်ဒီဇိုင်းနှင့်အတူ ( Variable Gear Ratio Steering ) နှင့် အခြား Features များပါဝင်သည့် Handling Package ကိုလည်း ရရှိနိုင်ပါမည်။ 2021 LS Model ၏ အတွင်းခန်းကို အလွန်သားနားစွာ ဖန်တီးထားပြီး အနုသုခမလက်ရဆန်းများကိုလည်း Special Treatment အနေဖြင့် ရွေးချယ်နိုင်သည့် အစီအစဉ်ကို ရရှိခံစားနိုင်မှုအား LS တွင်သာပေးအပ်ထားပါသည်။ Luxury အတွက် – ၂၈ မျိုးအထိ ရွှေ့နိုင်သည့် အရှေ့ဖက်ထိုင်ခုံများ၊ 48-degree အထိ လှဲလျောင်းနိုင်ပြီး Message Function လည်းပါဝင်သည့် အနောက်ထိုင်ခုံတို့သည် Private Jet ကဲ့သို့ ခံစားမှုကို ရရှိနိုင်မည်လည်း ဖြစ်သည်။ LS 500 တွင် ( 3.5 L V6 Engine ) နှင့် ( 10-Speed Auto gear ) တို့ပါဝင်ပြီး LS 500 h တွင်မူ ( 3.5 L V6 Engine) နှင့်အတူ (354 hp output) ထွက်ရှိသည့် Hybrid Powertrain နှင့် Lithium-ion Battery တို့ဖြင့် တွဲဖက်ထားပါမည်။ 2021 LS တွင် နည်းပညာဆိုင်ရာပါဝင်မှုအချို့ ဖြည့်စွက်ထည့်သွင်းထားမည်ဖြစ်ကာ ( Lexus Safety System + 2.0 ) ကို Standard ထည့်သွင်းထားပြီး Apple Car Play / Android Auto တို့လည်း ပါဝင်ပါမည်။ 2021 Lexus LS 500 အား အမေရိကန်တွင် ယခုနှစ် နိုဝင်ဘာမှ စတင်ရောင်းချ လျှက်ရှိပါသည်။