ယခင်က Lincoln MKX အနေဖြင့် ဖန်တီးပြီးယခုအခါ Nautilus အနေဖြင့် ထွက်ရှိလာသည့် New Model သည် 2021 Model Year အတွက် အတွင်းခန်းဖန်တီးမှု အသစ်နှင့် အတူ ထွက်ရှိလာပါသည်။ ကား၏အပြင်ဖက် Design သည် သစ်လွင်လှပပြီး ရှင်းရှင်းလင်းလင်း ရှိသည့် Design ဖြစ်ကာ Faux Diffuser Area များကို ယခင် Model ထက် ပို၍ ထည့်သွင်းထား သည့်အတွက် အလွန်လှပစွာ တွေ့ရပါမည်။ Grille သည် Corporate Grille Design ဖြစ်ကာ လှပသည့် ဖောင်းလိုင်းများစွာဖြင့် ဝန်းရံထားပါသည်။ ထိုသို့လှပသည့် အပြင်ဖက်ဒီဇိုင်းနှင့်အတူ ခမ်းနားသပ်ရပ်သည့် အတွင်းခန်းကို တမူထူးခြားစွာဖြင့် Lincoln မှ ဖန်တီးထားပါသည်။ Lincoln Nautilus ၏ အတွင်းခန်းအား Glitizer Design ကိုအခြေခံ ဖန်တီးထားပါသည်။ Dual – plane Dashboard အခင်းအကျင်းတွင် Chrome နှင့် Leatherette များစွာထည့်သွင်းထားပြီး Center Console နေရာတဝိုက်ကိုလည်း လှပစွာ ခင်းကျင်းထားပါသည်။ ထူးခြားချက်အနေဖြင့် ( New 13.2 – inch Infotainment Screen with sync 4 ) ကို အဓိကထည့်သွင်းထားခြင်းဖြစ်သည်။ Over the air Update ပါဝင်မှုများအနေဖြင့် ကြိုးမဲ့ဖုန်းအားသွင်းခြင်းစနစ် ၊ Apple Car Play စသည့် Features များစွာ ထည့်သွင်းထားပါသည်။ Lincoln Nautilus တွင် ( 2.0 L I4 Engine ) နှင့် ( 2.7 L Turbo V6 Engine ) တို့ ရရှိနိုင်မည်ဖြစ်ကာ ( 8- Speed Auto gear ) နှင့် ရှေ့ဘီးယက် စနစ်တို့ ပေါင်းစပ်ထားသည်။ ( AWD System ) ကို Optional ရနိုင်ပါမည်။ New Nautilus အား 2021 နှစ်ဦးပိုင်းတွင် စတင်ရောင်းချမည်ဖြစ်သည်။