2021 Lincoln Navigation ၏ Trim Lineup များအနက် Black Label သည် အမြင့်ဆုံး Trim Level ဖြစ်ပြီး U.S.A ရှိ Customer များအတွက် Remote Service Pickup / Delivery ကဲ့သို့ Package ကိုလည်း Black Label Trim တွင် ချိတ်ဆက်ထည့်သွင်းထားပါမည်။ Black Label တွင် Special Edition Package ကို အထူးသီးသန့်အနေဖြင့် ထပ်မံမှာယူနိုင်မည်ဖြစ်ကာ ၎င်းတွင် အသေးစိတ်မှစ၍ တိကျစွာ ဖန်တီးထားသည့် Black-painted Roof ၊ Black Mesh Grille ၊ Black 12 Spoke 22-inch Wheels ၊ Black Mirror Caps ၊ Black Spoiler စသည်တို့ တစုတဝေး ပါဝင်မည်ဖြစ်ပြီး အနက်ရောင်သီးသန့် ခံစားမှုကို အဓိကဦးစားပေးခြင်း ဖြစ်သည်။ သို့သော် အတွင်းခန်း အရောင်ကို (၆)မျိုးထည့်သွင်းထားကာ ၎င်းတို့မှာ – Pristine White Chroma / Crystal Blue / Silver Radiance / Chrome Molten Gold / Burgundy Velvet / Flight Blue တို့ ဖြစ်သည်။ Navigator သည် Lincoln ၏ Flagship SUV ဖြစ်ပြီး ခုံတန်း (၃) တန်း ပုံစံရှိကာ ( Standard Wheelbase ) သို့မဟုတ် ( Long Wheelbase ) ဟူ၍ Style (၂) မျိုးရနိုင်မည်။ အင်ဂျင်အနေဖြင့် – ( Twin Turbo V6 Engine ) ၊ ( 450 hp ) အင်ဂျင်နှင့် AWD System တို့တွဲဖက် တပ်ဆင်ထားမည် ဖြစ်ကာ ( 8700 lbs Towing ) လည်း ပါရှိပါမည်။ ၎င်း၏ဈေးကွက်ယှဉ်ပြိုင်ဖက် Model များမှာ – Cadillac Escalade ၊ Lexus LX ၊ Infiniti QX 80 ၊ Range Rover Vogue ၊ တို့ဖြစ်သည်။ ( 2021 Lincoln Navigation Black Special Edition Package ) သည် Lincoln Model Lineup တွင် ပထမဆုံး ထည့်သွင်းပေးသည့် Package ဖြစ်ပြီး ငှင်း Package အတွက် ( USD 66000 ) ဖြင့် ဝယ်ယူရမည်ဖြစ်သည်။ ၎င်းအား 2021 နွေရာသီတွင် စတင်ရောင်းချမည်ဟု Lincoln မှ ဆိုထားပါသည်။

09 Jan 2021
0