Maserati သည် 2021 Model Lineup အတွက် အဆင့်မြှင့်တင်မှုများစွာ ထည့်သွင်း ထုတ်လုပ်လိုက်ပြီး New Infotainment Screen နှင့် Update ဖန်တီးမှုအချို့တို့အား 2021 Ghibli / 2021 Quattroporte / 2021 Levonte / တို့တွင် ထည့်သွင်းထားပါသည်။ 2021 Model များ၏ အတွင်းခန်း အခင်းအကျင်းနှင့် ပါဝင်မှုတို့ကို အဓိက ဆန်းသစ်ထားမည်ဖြစ်ကာ Infotainment System အတွက် ( All-New Android Automotive Software ) ကို အသစ်မိတ်ဆက်ထားသည့် အပြင် High Resolution အဆင့်ရှိသည့် ( 10.1 – inch Screen ) ကိုလည်း ပြောင်းလဲ အသုံးပြု ထားပါသည်။ Screen အသစ်သည် Frameless Design ဖြစ်ပြီး Amazon Alexa နှင့် Google Assistant တို့အသုံးပြုနိုင်သည့် Maserati Connect App ကိုလည်း ရရှိနိုင်မည်။ 2021 Levante တွင် ( 8.4 inch Screen ) ကို ဆက်အသုံးပြုမည်ဆိုသော်လည်း Resolution ကို အဆင့်မြှင့်တင် ထားပါသည်။ ( New Advanced Driving Assist ) အား Model အားလုံးတွင် အသစ်ထည့်သွင်း ထားမည်ဖြစ်ကာ ၎င်းတွင် ( Semi-Autonomous အဆင့်ရှိသည့် ယာဉ်ကျောပြောင်းလဲခြင်းစနစ် ပါဝင်ပြီး ၎င်းအား Adaptive Cruise Control စနစ်ဖြင့် ချိတ်ဆက်ထားကာ Highway အတွက် အသုံးပြုနိုင်ပါမည် ) ကဲ့သို့ အဆင့်မြင့်နည်းပညာကို မိတ်ဆက်ထည့်သွင်းထားပြီး အခြားသော Advanced Safety နည်းပညာများစွာလည်း ပေါင်းစပ် ပါဝင်ပါမည်။ 2021 Ghibli / 2021 Quattroporte / 2021 Levante တို့တွင် Chrome ပေါင်းစပ်ထားသည့် Grille ဒီဇိုင်းအသစ်များ နှင့် 3200 GT Coupe ထံမှ မှီငြမ်းရယူထားသည့် ( Boomerange Graphic ) ဖြင့် ဖန်တီးထား သည့် Taillight Design အသစ်တို့လည်း ပါဝင်ပါမည်။