စွယ်စုံသုံးအနေဖြင့် အလွန်ထင်ရှားသည့် Mercedes-Benz Metris သည် 2021 Model Year အတွက် Update Model ကို ထုတ်လုပ်လိုက်ပါသည်။ Infotainment System အသစ်နှင့် Transmission အသစ်တို့ဖြင့် ထူးခြားစွာ ထွက်ရှိလာသည့် New Metris တွင် ပြောင်းလဲ ဆန်းသစ်သည့် ဒီဇိုင်းလည်း အပါအဝင်ဖြစ်သည်။ လှပသည့် Grille Design အသစ်နှင့်အတူ ခန့်ထည့်သည့် ကားကိုယ်ထည်တို့ဖြင့် ကားအပြင်ဖက်ကို ဖန်တီးထားသည့်အပြင် ကျယ်ကျယ် ဝန်းဝန်းခင်းကျင်းထားသည့် အတွင်းခန်းတွင် – New Fabric Seat များကို ပနံရစွာ တွေ့မြင်နိုင် ပါမည်။ New Metris တွင် အသစ်ထွက်ရှိထားသည့် Mercedes Car များတွင် ပါလေ့ရှိသည့် ( Turbine-Style Air Vent ) နှင့် ( Infotainment System ) တို့ကို စတင်ထည့်သွင်းထားပါသည်။ ခုနှစ်လက်မ ပတ်လည်ရှိသည့် Display Screen တွင် Apple Car Play နှင့် Android Auto အပါအဝင် Function များစွာ အသုံးပြုနိုင်ပါမည်။ ယာဉ်လမ်းကြောဆိုင်ရာ Data များစွာ စုဆောင်းထားသည့် Navigation System ကိုလည်း Optional မှာယူနိုင်ပြီး Metris Model အတွက် ပထမဆုံး ထည့်သွင်းထားခြင်းဖြစ်သည်။ New Metris တွင် အင်ဂျင်အနေဖြင့် – ( 2.0 L Turbocharged I4 Engine ) ၊ ( 208 hp ) အင်ဂျင်နှင့် ( 9 – Speed Auto gear ) တို့တပ်ဆင် ထားပါသည်။ ( Comfort / Sport ) ပြောင်းလဲနိုင်သည့် Drive Mode လည်း ပါဝင်မည်။ နောက်ဘီးယက်စနစ်ကိုသာ ရရှိနိုင်ပြီး ဒီဇယ်အင်ဂျင်ကို အချို့ဈေးကွက်များတွင်သာ ရနိုင်ပြီး ( U.S.A ) တွင် မရနိုင်ပါ။ သို့သော် Metris EV Model ကို မကြာခင်ထပ်မံထုတ်လုပ်မည်ဖြစ်သည်။ New Metris တွင် Adaptive Cruise Control ကဲ့သို့ အဆင့်မြင့် နည်းပညာကို Optional မှာယူ နိုင်မည်ဖြစ်သည်။ New Metris အား U.S.A ဈေးကွက်သို့ 2021 နှစ်လည်ခန့်တွင် ရောင်းချမည် ဖြစ်ပြီး ခရီးသည်တင် Van နှင့် Cargo Van ဟူ၍ ရနိုင်ပါမည်။