Mini Cooper S နှင့် John Cooper Works Model များသည် Turbo I4 Engine ပါဝင်သည့် Sporty Mini များအနေဖြင့် ထင်ရှားကြသည်။ သို့သော် Mini မှ အသစ်ထွက်ရှိသည့် 2021 Mini Cooper 1499 GT Special Edition သည် ( 3 Cylinder Engine ) အပါအဝင် ဆန်းသစ်မှုများစွာဖြင့် ထွက်ရှိလာသည့် Sporty Model ဖြစ်သည်။ ကား၏ အမည်နှင့် Style အား 1969 တွင် ထုတ်လုပ်ခဲ့သည့် ( Mini 1275 GT ) ကို အဓိက မှီငြမ်းထားပြီး Cooper S Model နှင့် လည်း ပေါင်းစပ်ဖန်တီးထားသည်။ (1499 GT ) သည် အင်ဂျင်ကို ရည်ညွန်းပါသည်။ Black Paint Scheme တွင် ရွှေရောင်ဘေးလိုင်းများ ထူးခြားစွာ ပေါင်းစပ်ထားပြီး Black Badge နှင့် Trim များကိုလည်း ထည့်သွင်းထားပါသည်။ အရှေ့နှင့် အနောက်ဘန်ဘာများသည် John Cooper Work-Style ဖြစ်ပြီး Side Skirt  များလည်းပါဝင်မည်။ အတွင်းခန်း ဖန်တီးမှုများတွင်လည်း John Cooper Work Paint များပါဝင်မည်ဖြစ်ကာ ထိုင်ခုံ၊ Steering၊ Shifter တို့တွင် တပ်ဆင်ထား ပါမည်။ Digital Instrument Cluster ကိုလည်း John Cooper Work GP မှ ဖန်တီးထားပြီး Dual-Zone Climate Control၊ Automobile Wiper၊ 6.5 inch Infotainment and Navigation စသည့် ပါဝင်မှုများကိုလည်း စုံလင်စွာ ထည့်သွင်းထားပါသည်။ အင်ဂျင်သည် ( 1.5 L Turbocharged I3 Engine)၊ ( 134 hp) အင်ဂျင်ဖြစ်ပြီး ( 6- Speed Manual ) သို့မဟုတ် ( 7- Speed Dual-Clutch Automatic ) တို့ကို ရွေးချယ်နိုင်ပါသည်။ ကားတန်ဖိုးမှာ ( USD 27800 ) ဖြစ်ပါသည်။