မြောက်အမေရိကဈေးကွက်ရှိ Nissan Model များတွင် အထူးထင်ရှားသည့် Nissan Maxima သည် 2021 Model Year အတွက် Maxima 40th Anniversary Edition အား အထူးထုတ် အနေဖြင့် ထည့်သွင်းလိုက်ပါသည်။ ကား၏တန်ဖိုးသည် ဒေါ်လာလေးသောင်း ငါးထောင်ဝန်းကျင်ခန့် ကျသင့်ပါမည်။ (ယခု ဈေးနှုန်းသည် အမေရိကန်ဈေးကွက်တွင် ရောင်းချသည့် ဈေးနှုနးကို ဆိုလိုပါသည်။) အဆိုပါ အထူးထုတ် Model တွင် ထူးခြားသည့် ဆေးရောင်ဖြစ်သည့် – 2- tone Ruby Slate Gray Pearl ဆေးရောင်နှင့် Black Roof တို့ ပေါင်းစပ် ထားမည်ဖြစ်ပြီး ထူးခြားသည့် ရုပ်ထွက်ရှိမည့် 19-inch Gloss Black Wheel ၊ Black Exterior Trim တို့လည်းပါဝင်ပါသည်။ အတွင်းခန်းကို ကျယ်ဝန်းသပ်ရပ်စွာ ဖန်တီးထားပြီး – Special Features များအနေဖြင့် – Red Interior Stitching ၊ Satin Dark Chrome Interior Trim ၊ 40th Anniversary ဖောင်းကြွစာတန်းပါဝင်သည့် အနီရောင် Semi-aniline Leather Seats ၊ ယခင် Maxima Model များတွင် ထည့်သွင်းထားသည့် အဖြူရောင် Speedometer နှင့် Tachometer တို့အား ပြန်လည်ဆန်းသစ်ထည့်သွင်းခြင်းနှင့် Heated Rear Seat တို့ ပါဝင် ပါသည်။ Nissan သည် 2021 Maxima Lineup များအနက် ( S Trim ) ကို ပယ်ဖျက်ထားပြီး ( New SV Trim ) ကို အသစ်ထည့်သွင်းထားပါသည်။ ထို့အတူ 40th Anniversary Edition သည် Platinum Trim ၏ အစားထိုး Trim လည်းဖြစ်သည်။ Sporty Trim ဖြစ်သည့် SR Trim တွင် အထူး ဖန်တီးထားသည့် Sport-Tuned Suspension စနစ်ပါဝင်ပါမည်။ 2021 Nissan Maxima 40th Anniversary Edition ကို ယခုအခါ မြောက်အမေရိကဒေသတွင် စတင်ရောင်းချလျှက်ရှိ ပါသည်။