3-Row Midsize SUV Ascent သည် 2021 Model Year အတွက် Lane-Keep Assist စနစ်နှင့် Lane Centering စနစ် – ၎င်းအား Adoptive Cruise Control နှင့် ချိတ်ဆက်ထားသည် တို့ကို Standard ထည့်သွင်းထားခြင်းကဲ့သို့ စိတ်ဝင်စားဖွယ်များ ထည့်သွင်းထားသည်။ အနေအထား မျိုးစုံ ရွှေ့နိုင်သည့် Headlight ၊ Eyesight ၊ Blind-Spot Monitor စသည့် ခေတ်မှီ နည်းပညာများလည်း Standard ပါရှိသည်။ 2021 Ascent တွင် Base Ascent ၊ Ascent Premium ၊ Ascent Limited ၊ Ascent Touring ဟူ၍ Trim Level (၄)မျိုးနှင့် Package များရရှိနိုင်ပါမည်။ Ascent Model အားလုံးသည် ခုံတန်း (၃)တန်းဖြစ်ပြီး ၊ ဒုတိယခုံတန်း Captain’s Chair ပုံစံအား Grade အမြင့်များတွင် ရနိုင်သည်။ အင်ဂျင်သည် – (2.4 Boxer I4 Engine) (260 hp ) အင်ဂျင်ဖြစ်ပြီး CVT Gearbox နှင့်တွဲဖက်ထားသည်။ 2021 Subaru Ascent ၏ အပြင်ဖက်ဒီဇိုင်းအား လှပစွာ ဖန်တီးထားသော်လည်း SUBARU ၏ အသွင်သဏ္ဍာန်များကို ထိန်းသိမ်းထားပြီး Logo ကို ထင်ထင်ရှားရှား တပ်ဆင်ထားပါသည်။ Design ဆန်းသည့် Alloy များစွာ ရွေးချယ်နိုင်မည်ဖြစ်ကာ (20-inch Alloy) ကဲ့သို့ အရွယ်ကြီးမားသည့် Size များကိုလည်း ထည့်သွင်းထားပါမည်။ Subaru Ascent ၏ ဈေးကွက်ပြိုင်ဖက် Brand များမှာ – Honda Pilot ၊ Nissan Pathfinder ၊ Toyota Highlander စသည်တို့ဖြစ်ကြသည်။

05 Jul 2020
0