Subaru ၏ Popular ဖြစ်သည့် WRX နှင့် WRX STI Model တို့သည် 2021 Model Year အတွက် ထူးခြားခြင်းများစွာဖြင့် ထွက်ရှိလာပါသည်။ ယခု 2021 Model များအတွက် Keyless Entry / Push Star Function ကို WRX Premium တွင်စတင်ထည့်သွင်းထားခြင်းနှင့် Convenience Features အချို့ကိုလည်း ဖြည့်စွက်ထားပါသည်။ 2021 WRX နှင့် WRX STI တို့တွင် ( Next – Generation ) အတွက် အထူးအပြောင်းဖြစ်မည့် အခင်းအကျင်းများဖြင့် ဖန်တီးထားမှုဖြင့် Subaru မှ ထူးခြားစွာ တင်ဆက်ထားပါသည်။ အသစ်ထွက်ရှိမည့် New Generation WRX Model သည် 2022 Model Year အနေဖြင့် ထွက်ရှိမည်ဖြစ်သည်။ 2019 တွင် မိတ်ဆက်ခဲ့သည့် Subaru Levorg သည်လည်း ယခုအခါ အလွန်ထင်ရှားသည့် Subaru Model ဖြစ်နေပါသည်။ Subaru အနေဖြင့် WRX နှင့် WRX STI တို့အတွက် Final Edition (သို့) Limited Edition Model များထုတ်လုပ်ခြင်းအတွက် တစုံတရာ မပြောကြားပါ။ သို့သော် ( Series White ) ( Series Gray ) ၊ ( Series Hyper Blue ) တို့ကဲ့သို့ အထူးထုတ် Model များကို Subaru မှ ယခုနှစ်များအတွင်း ထုတ်လုပ်ခဲ့သည်။ Subaru သည် WRX STI EJ20 Final Edition Model ကိုမူ ( JDM ) သီးသန့်အနေဖြင့် 2019 တွင် စတင် မိတ်ဆက်ရောင်းချခဲ့ကာ ၎င်းတွင် ပုံမှန် WRX STI ၏ EJ25 Engine ထက်ပိုသေးငယ်သည့် EJ20 Engine ကို အသုံးပြုထုတ်လုပ်ခဲ့ပါသည်။ Subaru သည် 2021 WRX နှင့် WRX STI တို့အား U.S.A သို့ 2021 March တွင် စတင် ရောင်းချရန် စီစဉ်ထားပါသည်။ Performance ကိုအထူး အလေးထားသည့် ကားချစ်သူများ အတွက် 2021 WRX Model များသည် အထူးသင့်တော်မည်ဟု ယုံကြည်ပါသည်။