Tesla သည် 2021 Model Year ဖြစ်သည့် Model 3 နှင့် Model Y တို့အား ၎င်း၏ Online တွင် စတင်ကြေငြာထားပြီး အဆိုပါ Model များကို အဆင့်မြှင့်တင်မှုများစွာဖြင့် ထုတ်လုပ်ထား ပါသည်။ Long Range Model 3 တွင် ( 353 Miles ) အထိ အသုံးပြုနိုင်သည့် Battery pack ပါဝင်ပြီး ယခင် Model များထက် မိုင် (၃၀) အထိပို၍ အသုံးပြုနိုင်ပါသည်။ Standard Range အနေဖြင့် ( 263 Miles ) ကို၎င်း ၊ Performance Version အနေဖြင့် ( 315 Miles ) ကို၎င်း ၊ အသုံးပြုနိုင်သည့် Battery များပါဝင်မည်။ 2021 Model 3 Performance သည် ( 0 to 60 mph ) ကို ( 3.1 Seconds ) ဖြင့် အမြန်ဆုံး ရောက်ရှိနိုင်မည့် စွမ်းဆောင်ရည်ပါဝင်သည်။ အပြင်ဖက် တွင် Uberturbine 20-inch Wheel အသစ်ကို ပထမဆုံး ထည့်သွင်းထားမည်ဖြစ်ကာ အတွင်းခန်း တွင်လည်း – Metallic Finish Steering ၊ Powered Trunk ၊ Double Paneled Window ကဲ့သို့ Features အသစ်များစွာ ပါဝင်လာပါမည်။ 2021 Model Y ၏ Long Range Dual Motor သည် ခရီးမိုင် ( 325 Miles ) အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ Model Y နှင့် Model 3 တို့၏ အတွင်းခန်း အခင်းအကျင်းတို့သည် မတူညီပါ။ Tesla သည် 75 kWh Battery Pack အား Model 3 တွင် အသုံးပြုထားသော်လည်း 2022 မှစတင်ကာ 82 kWh Battery ကို ပြောင်းလဲအသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ Battery အသစ်အပြင် အခြား New Battery Pack များကိုလည်း 2022 မှ စတင်ကာ ပြောင်းလဲအသုံးပြုနိုင်မည် ဖြစ်သည်။ Tesla အနေဖြင့် Road Start | Model 3 ၊ Model S ၊ Model X ၊ Model Y ၊ Cyber Truck တို့အား ဖန်တီးထားပါသည်။

29 Oct 2020
0