( Electronic Driving Aids ) ကဲ့သို့ ထူးခြားသည့်နည်းပညာနှင့် ပါဝင်မှုများထည့်သွင်း ထားသည့် New C-HR သည် 2021 Model အနေဖြင့် ထွက်ရှိလာပါသည်။ 2021 Toyota C-HR အနေဖြင့် နာမည်ကျော် IIHS အဖွဲ့ကြီးမှ သတ်မှတ်သည့် Toyota Safety Pack Award အား ထိုက်တန်စွာ ဆွတ်ခူးရရှိမှုသည် Japan Made ဖြစ်သည့် Small Crossover အနေဖြင့် အလွန် ထူးခြားသည့် အောင်မြင်မှုတရပ်ဖြစ်သည်။ Toyota သည် နာမည်ကျော် ( Toyota Safety Sense 2.5 Suite ) အား 2021 C-HR တွင် ထည့်သွင်းထားပြီး ၎င်းတွင် ( Electronic Driving Aids ) ကဲ့သို့ အဆင့်မြင့် နည်းပညာများစွာ ပါဝင်သည်။ အဓိကပါဝင်သည့် Tech များမှာ – Pre-collision System / Adaptive Cruise Control /ယာဉ်ကျောပြောင်းလဲမှု စောင့်ကြည့်ခြင်းဆိုင်ရာ နည်းပညာ / Automatic High-Bean တို့ပါဝင်ပြီး New C-HR ၏ တိမ်းမှောက်နိုင်မှု ကြိုတင် သတိပေးစနစ် သည် ( 12 mph – 25 mph ) အထိ တိုင်းတာနိုင်မည် ဖြစ်သည်။ 2020 C-HR သည် IIHS ၏ အကောင်းဆုံး အဆင့်ဖြစ်သည့် ( Top Safety Pick Plus ) အဆင့်ကို မရောက်ရှိခဲ့ပြီး ၎င်း၏ အရှေ့မီးဆိုင်ရာ Rating သည် အကောင်းဆုံး မဟုတ်၍ဖြစ်ပါသည်။ သို့သော် ကား၏ လုံခြုံစိတ်ချ ရမှု ၊ ထည့်သွင်းထားသည့် အဆင့်မြင့် နည်းပညာများ၏ Safety Rating စသည် တို့တွင် ထိပ်တန်းအဆင့်များရရှိထားသည့်အတွက် Top Safety Pack Award ကို ရရှိခြင်း ဖြစ်သည်။ Small Crossover များတွင် ထိုကဲ့သို့ ထိပ်တန်းအဆင့်ရှိသည့် Safety Rating ပိုင်ဆိုင် ထားသည့် Model နည်းပါးပါသည်။ 2021 Toyota C-HR တွင် ( Blacked-Out Trim Level ) ကို အသစ်ထည့်သွင်းထားမည့်အပြင် ဆန်းသစ်မှုများစွာလည်း ပါဝင်မည်ဖြစ်သည်။

17 Dec 2020
0