Mazda သည် Mazda 2 Hybrid Model အသစ်အား 2022 နွေဦးကာလတွင် စတင်ရောင်းချရန် စီစဉ်ထားပါသည်။ ၎င်းအား လက်ရှိရောင်းချလျက်ရှိသည့် Facelift Mazda 2 Model နှင့် အတူတကွ ရောင်းချမည်ဖြစ်ကာ Self – Charging Hybrid Variant အနေဖြင့် ရောင်းချပါမည်။ အဆိုပါ Mazda 2 Hybrid ကို Toyota Yaris အနေဖြင့် Rebadged ပြုလုပ် ထုတ်လုပ်ပါမည်။ New Mazda 2 Hybrid တွင် Toyota ၏ Battery Package ကိုလည်း Develop ပြုလုပ်ထည့်သွင်းထားပါသည်။ New Mazda 2 Hybrid တွင် အင်ဂျင်အနေဖြင့် (1.5 L Petrol Engine ) နှင့် ( 0.8 Kwh Battery ) ကို ပေါင်းစပ်ထားမည်ဖြစ်ပြီး အဆိုပါ Battery သည် 2021 Toyota Yaris အတွက် Develop ပြုလုပ်ထား သည့် 4 – Generation Battery ဖြစ်သည်။ ( 59 kw Electric Motor ) ကို တပ်ဆင်ထားမည်ဖြစ်ပြီး Total Output သည် ( 116 hp ) ဖြစ်သည်။

 

New Mazda 2 Hybrid တွင် Low speed အနေအထားအတွက် Puce – Electric Mode ၊ Regenerative Braking Technology ၊ ကဲ့သို့ ထူးခြားသည် Features များပါဝင်ပါမည်။ Regenerative Braking နည်းပညာသည် ( 70 mpg ) အတွင်း activate ဖြစ်သည့်ဘရိတ်စနစ်မှ စွမ်းအင်ကို ပြန်လည်ဖြည့်သွင်း ပေးမည်ဖြစ်သည်။ New Mazda 2 hybrid သည် Mazda ၏ အနာဂတ်တွင် တိုးချဲဖန်တီးထုတ်လုပ်မည့် Fully EV ဆိုင်ရာ နည်းပညာ ဖန်တီးမှုများ၏ အစိတ်အပိုင်းတရပ်ဟု ဆိုနိုင်ပါသည်။ ၎င်းအား 2022 တွင် ဒေသဈေးကွက်အနှံ့အပြားသို့ ကျယ်ပြန့်စွာ တင်ပို့ရောင်းချရန် Mazda မှ ရည်မှန်းထားပါသည်။
#DriveMediaMyanmar