Volkswagen သည် All New Amarok Pickup အား 2022 တွင် ပထမဆုံး မိတ်ဆက်မည်ဖြစ်ကာ ၎င်းသည် New Ford Ranger Model ကို အခြေခံထားသည့် Model ဖြစ်သည်။ အသစ်ထွက်ရှိမည့် VW Amarok ၏ Design နှင့် Style တို့သည် Ford Ranger နှင့် တူညီမည်ဖြစ်ပြီး Unique ဖြစ်သည့် ဖန်တီးမှုနှင့် Features များစွာလည်း ပေါင်းစပ် ပါဝင်ပါမည်။ New Amorok တွင် ( Portrait – Style Infotainment Screen ) အပါအဝင် အဆင့်မြင့်နည်းပညာ သုံး Features များစွာပါဝင်ပါမည်။ အလားတူ New Ford Ranger ၏ Power train ကိုလည်း ခွဲဝေရယူမည်ဖြစ်ကာ ၎င်းတွင် – ( Turbo I4 Engine ) နှင့် ( V6 Engine ) တို့ပါဝင်မည်။ အချို့ဈေးကွက်များအတွက် ဒီဇယ်အင်ဂျင်ကိုရနိုင်ပါမည်။ Gearbox အနေဖြင့် ( 7 – Speed Manual ) နှင့်အတူ ( 10 – speed Auto ) Gearbox လည်းပါဝင်ပါမည်။

 

Ford သည် VW အတွက် Amarok Pickup အား တောင်အာဖရိကရှိ Ford စက်ရုံတွင် ထုတ်လုပ်မည်ဖြစ်ကာ တောင်အမေရိက ၊ ဥရောပ ၊ အာဖရိက ဈေးကွက်များသို့ တင်ပို့ရောင်းချမည်ဖြစ်သည်။ VW အနေဖြင့် အခွန်နှင့် အခြားအချက်များအရ U.S သို့ Amarok ကို ရောင်းချမည်ဆိုပါက ၎င်းအား U.S.A တွင် တပ်ဆင်ထုတ်လုပ်ရမည်ဖြစ်သည်။ Ford သည် New Ranger အား U.S.A ၊ မီချဂန်ပြည်နယ်ရှိ Ford စက်ရုံတွင် တပ်ဆင်ထုတ်လုပ်ပါသည်။ တောင်အမေရိက ၊ ဥရောပ ၊ အာဖရိကဈေးကွက်များသို့ တင်ပို့ရောင်းချမည်ဖြစ်သည်။ Ford သည် ယခုနှစ်အစောပိုင်း၌ မိတ်ဆက်ခဲ့သည့် Small Tourneo Van အား VW Caddy Model ကို အခြေခံကာ ဖန်တီးထုတ်လုပ်ခဲ့ပါသည်။ VW Group သည် Ford ၏ MEB Modular EV Platform အား လိုင်စင်ရယူပြီး EV Model များ ထုတ်လုပ်ပါမည်။ Ford သည် အဆိုပါ Platform ဖြင့် ဖန်တီးထားသည့် New Computer Crossover အား 2023 တွင် မိတ်ဆက်ပါမည်။
#DriveMediaMyanmar