Lexus သည်အများစောင့်ဆိုင်းနေသည့် RZ 450 e Model အား 2022 April 20 တွင် Global Event အနေဖြင့် Broadcast Online မှတဆင့်မိတ်ဆက် ပြောကြားလိုက်ပါသည်။ Lexus RZ 450 e သည် Lexus အတွက် ပထမဆုံး မိတ်ဆက်သည့် Ground – Up Electric Vehicle ဖြစ်ပါသည်။ Lexus သည် EV သီးသန့် Model အသစ် အစုအဝေးအား 2021 တွင်ပထမဆုံးထုတ်ဖေါ်ပြသခဲ့ပြီး အဆိုပါ Group တွင် RZ 450e SUV လည်းပါဝင်ခဲ့ပါသည်။ ယခုထွက်ရှိလာမည့် Lexus RZ 450e သည်နာမည်ကျော် Tesla Y နှင့် Skoda Knyaq တို့နှင့် ပြိုက်ဖက်ကောင်း Model တခုဟုလည်းဆိုရပါမည်။ Lexus RZ EV အား Toyota bZ4 X နှင့် Subaru Solterra တို့တွင် အသုံးပြုသည့် e – TNGA Platform အပေါ်အခြေခံကာ ဖန်တီးထားသည့်အတွက် ကား၏ Size နှင့် Shape တို့သည်အဆိုပါ Model များနှင့် တူညီမည်ဖြစ်သည်။ သို့သော် ဒီဇိုင်းနှင့်အခြားသော ပါဝင်မှုများသည်သီးခြားဖြစ်ပါမည်။

 

Lexus RZ450 e ၏အပြင်ဖက်ဒီဇိုင်းအား Lexus ၏မူပိုင်ဖြစ်သည့် Stylish and Aggressive Design Theme ပုံစံဖြင့်ဖန်တီးထားမည်ဖြစ်ကာ ဝံ့ကြွားသည့် ကားဘေးဖက်နှင့်အတူ Winglet တစုံပါဝင်သည့် အနောက်ဖက် Tailgate Design တို့ကဲ့သို့ Premium ဆန်သည့်အခင်းအကျင်းဖြင့် ဖန်တီးထားမည်ဖြစ်သည်။ ၎င်း၏အတွင်းခန်းနှင့်ဆိုင်သည့် အချက်များကို Lexus မှမပြောကြားသော်လည်း RZEV သည် 5-Seat SUV ပုံစံဖြစ်ပါမည်။ Powertrain အနေဖြင့် Toyota bZ4 X တွင် အသုံးပြုထားသည့် ( 71.4 kWh Battery Pack ) နှင့် ( Dual-Motor Powertrain ) တို့ပါဝင်မည်ဖြစ်ကာ ( Total Output 215 hhp ) ရရှိပါမည်။ ထို့အပြင် – DIRECT 4 – 4WD System , Steer-by-Wine Technology အစရှိသည့်ဆန်းသစ်သည့် နည်းပညာများစွာလည်း ပေါင်းစပ်ပါဝင်မည်ဖြစ်သည်။

#DriveMediaMyanmar