Ford သည် နာမည်ကျော် Van ဖြစ်သည့် Transit အတွက် EV Model ဖြစ်သည့် 2022 Ford E-Transit အား မိတ်ဆက်လိုက်ပါသည်။ Powertrain အနေဖြင့် လျှပ်စစ်သီးသန့်ဖြင့် ( 126 Miles ) အသုံးပြုနိုင်သည့် ( 266 hp output ) ထွက်ရှိသည့် Rear-Mounted EV Motor နှင့် ( 3.5 L V6 Engine) ၊ (275 hp ) တို့တွဲဖက်ထားပါသည်။ အဆိုပါအင်ဂျင်အပြင် ( 3.5 L Turbo charged Eco Boost) (310 hp) အင်ဂျင်ကိုလည်း Optional ရရှိနိုင်ပါသည်။ Ford သည် 2021 F-150 Model တွင် ထည့်သွင်းထားသည့် ( New Pro Power Onboard Accessory Power System ) ကိုလည်း ယခု 2022 E-Transit တွင် ဆက်လက်ထည့်သွင်းထားပါမည်။ ၎င်းတွင် (2.4 kW Output) ထွက်ရှိမည်ဖြစ်ပြီး F-150 ၏ Power Boost Version တွင်မူ အဆိုပါ Level အပြင် ( 7.2 kW Output ) ထွက်ရှိမည့် Level လည်း ပါဝင်ပါသည်။ Ford သည် E-Transit အား စွယ်စုံသုံး အနေဖြင့် ဖန်တီးထား၍ လျှင်မြန်စွာ အားဖြည့်သွင်းနိုင်ရန် Charger System အား (115-kW DC Fast Charger) ကို အသုံးပြုပြီး အဆိုပါ Charger System သည် ၁၅ မိနစ် အားသွင်းရုံဖြင့် (၄၅ မိုင်) အသုံးပြုနိုင်သည့် လျှပ်စစ် စွမ်းအင်ရရှိပါမည်။ Ford အနေဖြင့် 2022 E-Transit အား ဝန်တင်ဆောင်နိုင်ရန် ပမာဏကို (3800 lbs Max ) အထိ ရနိုင်ရန် စီစဉ်ထားပြီး ပုံမှန် Transit Model များတွင်မူ Payload (4290 lbs Max ) အထိ ရနိုင်ပါမည်။ Long-Wheelbase နှင့်ခေါင်မြင့် Model တွင် ပုံမှန် Model ထက် ( 487 Cubic Feet ) ပိုကျယ်ဝန်းသည့် Cargo Room ပါရှိပါမည်။ Ford E – Transit သည် Commercial Van အနေဖြင့် လျှပ်စစ်စနစ်ကို အသုံးပြုထားသည့် (လောင်စာဆီမ ဲ့) အမျိုးအစားကားဖြစ်ကာ အဆင့်မြင့်နည်းပညာများစွာလည်း ပါရှိသည့် Model လည်းဖြစ်ပါသည်။