2022 GM Sierra 1500 တွင် GM ၏ နာမည်ကျော် Super Cruise အဆင့်မြင့် နည်းပညာကို မိတ်ဆက်ထည့်သွင်းထားမည်ဖြစ်ပြီး ဆန်းသစ်သည့် အတွင်းခန်းနှင့် Update ဖန်တီးမှုများဖြင့် ထွက်ရှိလာမည်ဖြစ်သည်။ GMC သည် Super Cruise နည်းပညာအား အကောင်းဆုံး Trim ဖြစ်သည့် 1500 Denali တွင် စတင်ထည့်သွင်းပေးမည်ဖြစ်ကာ Sierra 1500 တွင်မူ 2023 Model တွင် ရနိုင်ပါမည်။ ယခု 2022 GMC 1500 Denali တွင် ပါဝင်မည့် Super Cruise သည် အကောင်းဆုံး Level ဖြစ်ကာ Model အသစ်ထွက်ရှိလာမည့် Cadillac CT5 / CT4 တို့တွင်လည်း ပါဝင်လာပါမည်။ ၎င်းသည် မူလရှိထားသည့် Super Cruise System ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ 2022 GMC Sierra တွင် Super Cruise ပါဝင်မှုအပြင် ဆန်းသစ်ခြင်းများစွာကိုလည်း တွေ့မြင်ရမည်ဖြစ်ကာ ( Fully Digital Instrument Cluster ) ကို Optional ရရှိခြင်းသည်လည်း Full Size Truck အနေဖြင့် ထူးခြားမည်ဖြစ်သည်။ Super Cruise ပါဝင်သည့် Level ဆိုပါက စနစ်အား ဒိုင်ခွက်တွင် Digital Graphic ပုံစံပါဝင်သည့် ပုံစံဖြင့် ပြသပါမည်။ ၎င်းအပြင် ကားအတွင်းခန်း အခင်းအကျင်းကို New Design ဖြင့် ခင်းကျင်းထားမည်ဖြစ်ကာ အလွန်ကျယ်ဝန်းပြီး လှပသည့် ဒီဇိုင်းဖြင့် တွေ့မြင်ရပါမည်။ Air Vent Design များသည် ပုံစံအသစ်ဖြစ်ပြီး New Yukon Denali နှင့် တူညီမည်ဖြစ်သည်။ Push-Button Shifter နှင့် Touchscreen ဒီဇိုင်းတို့ကိုလည်း ပြောင်းလဲ ထားမည်ဖြစ်ပြီး ထိုင်ခုံဒီဇိုင်းနှင့် Dashboard Area တို့ကိုလည်း ဆန်းသစ်စွာ ဖန်တီးထားပါမည်။ GMC အနေဖြင့် 2022 Sierra 1500 Denali အား 2021 တွင် စတင်မိတ်ဆက်ရန် စီစဉ်ထားပါ သည်။ Full Size Pickup များကို နှစ်သက်ကြသည့် ကားချစ်သူများအတွက် 2022 GMC Sierra 1500 Denali သည် အပြည့်အ၀ စိတ်ကျေနပ်စေမည်ဖြစ်သည်။