2022 Nissan Frontier သည် လှပခန့်ထည်သည့် ဒီဇိုင်း ၊ ခေတ်မှီပါဝင်မှုများနှင့် ကြံ့ခိုင်ခြင်း ကဲ့သို့ ထူးခြားချက်များစွာဖြင့် U.S.A Truck Market အတွင်း ဝင်ရောက်လာပါသည်။ ၎င်းအား Pro – 4 X Model ဖြင့် Debut ပြုလုပ်ခဲ့သော်လည်း ယခုအခါ Standard Frontier ၏ ဓာတ်ပုံကို Nissan မှ ပွဲထုတ်ပြသလိုက်ပါသည်။ Nissan သည် Frontier Pickup အား U.S.A ရှိ Canton Vehicle Assembly Plant တွင် 2012 မှ စတင်၍ ထုတ်လုပ်တပ်ဆင်ပါသည်။ ( All – New Frontier အား Mid – size Truck စွမ်းဆောင်ရည်အတွက် စံနှုန်းသတ်မှတ်ချက်အသစ်ဖြင့် ဖန်တီးထားမည်ဖြစ်ပြီး နည်းပညာနှင့် Power တို့ကိုလည်း အလားတူ အဆင့်မြှင့်တင် ဖန်တီးထားသည် ) ဟု Nissan Canton Plant ၏ ဒု – ဥက္ကဋ္ဌဖြစ်သူ Mr Tim Fallon မှ ပြောကြားပါသည်။ ( 2022 Nissan Frontier Pickup အား အသန်မာဆုံးနှင့် ကြံ့ခိုင်မှုအရှိဆုံး Pickup Model အဖြင့် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည် ) ဟု ၎င်းမှ ထပ်လောင်းပြောကြားထားပါသည။ 2022 Frontier Standard Model တွင် Modify ဖန်တီးထားသည့် အရှေ့ဖက် bumper နှင့်အတူ ထူးခြားဆန်းသစ်သည့် Grille Design တို့ကို တွေ့မြင်ခံစားရပါမည်။ Nissan အနေဖြင့် 2022 Frontier ၏ Trim Level များကို အသေးစိတ် မပြောထားပါ။ New Frontier တွင် အရွယ်ကြီးမားသည့် Grill နှင့် Chiseled Hood တို့ ထူးခြားစွာ ပါရှိသည့် အပြင် – ( 3.8 L Direct – injection V6 Engine ) ၊ ( 310 hp ) အင်ဂျင်နှင့် ( 9 – Speed Auto gear ) တို့ တွဲဖက်ထားပါမည်။ Pro – 4X Trim တွင် AWD System ကို Standard ရရှိနိုင်ကာ အချို့ Trim Level များတွင်မူ Optimal မှာ ယူရှိနိုင်မည်ဖြစ်သည်။