New Design ဖြင့် ထွက်ရှိမည့် 2023 Kia Sportage အား 2021 July တွင် မိတ်ဆက်မည် ဖြစ်ပြီး KIA မှ နမူနာ ပြသသည့် ဓာတ်ပုံတွင် ဆန်းသစ်သည့် ဒီဇိုင်းဖြင့် ထူးခြားစွာ တွေ့မြင်ရပါသည်။ အဆိုပါ Compact SUV အား ယခုလာမည့် July တွင် Global Debut အနေဖြင့် မိတ်ဆက်မည် ဖြစ်ကာ U.S.A ဈေးကွက်အတွက် 2022 တွင် 2023 Model Year အနေဖြင့် ရောင်းချမည်ဟု ကားချစ်သူများမှ ယူဆကြပါသည်။ နမူနာပုံအရ – ကား၏အရှေ့ဖက်တွင် ထူးခြားလှပသည့် Lighting Setup နှင့်အတူ သွယ်လျသည့် အနောက်ဖက်ဒီဇိုင်းတွင် New EV6 Electronic Car နှင့် ဆင်တူသည့် Taillight Design တို့ကို တွေ့ရပါမည်။ ( KIA ) ၏ Logo အသစ်ကိုလည်း ယခု New Model တွင် လိုက်ဖက်စွာ တွေ့မြင်ရပါမည်။ အတွင်းခန်းတွင် အရွယ်ကြီးမားသည့် Screen နှင့် Dashboard ဒီဇိုင်း အသစ် ၊ Digital Gauge Cluster စသည့် အခင်းအကျင်းများ ပါဝင်မည်ဟု KIA ချစ်သူများမှ မျှော်မှန်း ထားပါသည်။ အင်ဂျင်၏ အချက်အလက်များကို KIA မှ မပြောကြားထားသော်လည်း 2022 Hyundai Tucson တွင် ပါဝင်သည့် – ( 2.5 I 4 Engine ) (သို့မဟုတ်) ( 1.6 L Hybrid Engine ) တို့အား ယခု 2023 Sportage တွင် အသုံးပြုနိုင်ဖွယ်ရှိပြီး New Engine Type များကိုလည်း အသုံးပြုနိုင်ဖွယ် ရှိကြောင်းလည်း ကားချစ်သူများမှ အလားတူခန့်မှန်းကြပါသည်။ July တွင် မိတ်ဆက်မည့် အသေးစိတ် 2023 Sportage ၏ Global Debut ၏ အသေးစိတ် အချက်အလက်များအား မကြာခင် သိရှိခံစား ရမည်ဖြစ်ပါသည်။

16 Jun 2021
0