လက်ရှိ Mazda6 Model က “new model” လို့သတ်မှတ်ထားေပမဲ့ တကယ်တမ်းတော့ အရင်မော်ဒယ်လ်ဟောင်းရဲ့ အသွင်ပြောင်းလဲမှုတစ်ခုသာသာပဲလို့ဆိုရမှာပါ။ ဒါကြောင့် Mazda ဟာ sedan era အသစ်အတွက် အချိန်ကိုက်ဖြစ်နေမယ့် ဖန်တီးမှုတစ်ခုကို အစပြုနေပါတယ်။
ဈေးကွက်အားလုံးမှာ Sports sedan ရဲ့ရောင်းအားကနည်းပါးနေပေမဲ့လည်း New Mazda6 က BMW နဲ့ Mercedes တို့ကြီးစိုးထားတဲ့နယ်ပယ်ထဲကို ထိုးဖောက်ဝင်ရောက်မယ့်ပုံပေါ်နေတယ်လို့ Car & Driver ကဆိုထားပါတယ်။ သာမန် FWD ကား platform ကနေဖောက်ထွက်ပြီး RX-8 sports car တွေလမ်းစဉ်ကိုလိုက်ပါဖန်တီးသွားဖို့ရှိေနတဲ့ပုံပါပဲ။
တခြား Headline-grabber တစ်ခုကတော့ Engine ပါ။ Skyactiv-X technology နဲ့ 48-volt mild-hybrid system ပါတဲ့ all-new inline-six unit Engine ကို သုံးမယ်လို့ယူဆရပါတယ်။ ကောလာဟလအဆင့်ပဲရှိသေးပြီး prototype တစ်ခုတလေကိုမှ မမြင်ကြရသေးပေမဲ့ တချို့ဖော်ကောင်လုပ်သူတွေကြောင့် ဒီ RWD sports sedan ရဲ့ ဒီဇိုင်းတွေက အွန်လိုင်းပေါ်ရောက်လာခဲ့ပါပြီ။ အေကွ့အဝိုက်ေတွနဲ့လုံးဝန်းတဲ့ ရိုးရိုးရှင်းရှင်း Body ကြောင့် အမြင်ဆန်းသစ်နေပေမဲ့ မီးလုံးအဝိုင်းဒီဇိုင်းေတွက အရင် Alfa Romeo model နဲ့တော့ ဆင်တူနေပါတယ်။
Ref: autorevolution
Thiha