တရုတ်နိုင်ငံရဲ့ နာမည်ကျော် High – end Car Brand ဖြစ်တဲ့ Hongqi ဟာ Brand ရဲ့ Flagship Sedan ဖြစ်တဲ့ 2024 H9 Luxury Sedan ကို ပြသလိုက်ပါတယ်။ Hongqi Brand မှာ ( H – Series ၊ Q – Series ၊ L – Series ) ဆိုပြီး Series ( ၃ ) ခုရှိပြီး 2024 Hongqi H9 Sedan ကို Update အနေနဲ့ မိတ်ဆက်ခြင်းဖြစ်ကာ High – Market Segment ကို အဓိကရည်ရွယ်ထားပါတယ်။ ဒါကြောင့် New H9 Luxury Sedan မှာ Honqi ရဲ့ New Design Language နဲ့ အဓိကဖန်တီးထားကာ ( Symbol of Luxury ) ဆိုပြီး အပြင်ဖက်ဒီဇိုင်းက အရမ်းကိုခံ့ထည်တဲ့ ပုံစံရှိပြီး အရှေ့မီးက Update Design ဖြစ်ကာ Arrow – Shaped LED DRL များ ပေါင်းစပ်ထားပါတယ်။

Point – Matrix Chrome Grille က H9 မှာ ထူးခြားမှုအရှိဆုံး ဒီဇိုင်းလို့ဆိုရပါမယ်။ Wheel Design ကလည်း အသစ် ဖြစ်လာတယ့်အပြင် အနောက်ဖက် ဒီဇိုင်းကိုလည်း ပြောင်းလဲပေးထားကာ အနောက်မီးတန်းသည် ဘောင်အပြည့်ဖြစ်လာပြီး Full LED Light Sources များ အသုံးပြုထားပါတယ်။ Body – Colored Diffusers ၊ Dual Exhaust Outlets နဲ့ကားရဲ့ Wheelbase က ( 3060 mm ) ရှိပါတယ်။ အတွင်းခန်းကို အလွန်သားနားစွာ ခင်းကျင်း ထားပြီး Dashboard Area က New Looks အဖြစ်၊ 4 – Seater Version လိုမျိုး High – End Interior Layout ကိုလည်း ရနိုင်ကာ အဆင့်မြင့် နည်းပညာများစွာနဲ့ ဇိမ်ခံပစ္စည်းများစွာကို ထည့်သွင်းပေးထားပါတယ်။

သူ့မှာ အင်ဂျင်များအနေနဲ့ –  ( 1.8 T ၊ 2.5 T V6 ၊ 3.0 T V6 ) ဆိုပြီး အင်ဂျင် ( ၃ ) မျိုး ပါဝင်လာကာ ( 3.0 T V6 ၊ 337 hp Engine ) ကို Top Trim မှာသာ ရနိုင်ပါမယ်။ Hongqi ဟာ 2024 H9 Luxury Sedan ကို တရုတ်နိုင်ငံရဲ့ Luxury Market အတွက် အဓိကရည်ရွယ်တယ့်အပြင် အခြားပြင်ပ နိုင်ငံများကိုလည်း ရောင်းချပါမယ်။