ဗီယက်နမ်အခြေစိုက် Vinfast သည် 2024  Vinfast VF6 နှင့် VF7 တို့အား L.A Auto Show တွင်မိတ်ဆက်ပြသခဲ့သည်။ ၎င်းတို့သည် EV SUV များဖြစ်ပြီး U.S.A တွင်ရောင်းချမည်ဖြစ်ကာ VF6 အား တမူထူးခြားသည့် V-Shape Lighting Element နှင့် Sheet Metal တို့ဖြင့် လှပစွာ ဖန်တီးထားသည့် ဒီဇိုင်းအခင်းအကျင်းများဖြင့်  မိတ်ဆက်ထားပါသည်။ ၎င်းတွင် Single Electric Motor ပါဝင်ကာ ( 174 hp Output ) မှ ( 201 hp output ) အထိရရှိနိုင်ပါသည်။ ထို့အတူ Battery Pack ( ၂ ) မျိုးကိုလည်း ရွေးချယ်ရနိုင်ပါသည်။ VF 6 ၏ အတွင်းခန်းအား ခေတ်မှီပြီးလှပသည့် ပုံစံဖြင့် ခင်းကျင်းထားပြီး – HUD Prominent Center Touchscreen , Wireless Apple Carplay , Amazon Alexa Voice Assist စသည့် Techs များအပြင် Faux Leather , Panoramic Roof စသည့် Features များလည်း ပါဝင်ပါမည်။

VF 7 တွင်မူ – Unique Lighting Bits နှင့် Rear Floating Roof စသည့် ဒီဇိုင်းများဖြင့် ဖန်တီးထားပါသည်။ ၎င်းတွင် Motor (၁) လုံး (သို့) ( ၂ ) လုံး ပါဝင်မည်ဖြစ်ကာ – Front-Wheel Drive တွင် ( 201 hp Output ) ကိုလည်းကောင်း ၊ AWD တွင် ( 349 hp Output ) ကိုလည်းကောင်း ရရှိပါမည်။ VF 7 ၏အတွင်းခန်း အခင်းအကျင်း သည် VF 6 နှင့်တူညီမည်ဖြစ်သော်လည်း 15.6-inch Touchscreen , Premium Faux Leather စသည့် Features များသည် VF 7 တွင်သာရနိုင်ပါမည်။ Vinfast သည် VF 6 နှင့် VF 7 တို့အပြင် 2-Row VF 8 နှင့် 3-Row VF 9 တို့ကိုလည်း U.S.A တွင် ဆက်လက် ရောင်းချရန် စီစဉ်ထားပါသည်။

#DriveMediaMyanmar