Lamborghini သည် Brand ၏ပထမဆုံး EV Model အား 2030 တွင်ဖန်တီးမည်ဖြစ်ပြီး အဆိုပါ New Model သည် 2+2 GT Car အမျိုးအစားဖြစ်မည်ဟု Boss ဖြစ်သူ Stephan Winkelmann မှပြောကြားလိုက်ပါသည်။ Lamborghini သည်အဆိုပါ Statement အား 2024 Le Mans Daytona Hypercar မိတ်ဆက်ပွဲတွင် ပြောကြားခြင်းဖြစ်ကာ အသစ်ထွက်ရှိလာမည့် 2+2 GT Car သည် Aventadar Huracan Urus SUV တို့နောက်ဖြစ်မည့် စတုတ္ထမြောက် Model ဖြစ်ပါမည်။ ( 2+2 GT Car သည်စွယ်စုံသုံး Model အနေဖြင့်သာမကပဲ Brand မှပထမဆုံးဖန်တီးသည့် Electric Car ဟုလည်းဆိုရမည်ဖြစ်ကာ ၎င်းအား Urus EV Version ထက်စော၍ မိတ်ဆက်မည် ) ဟု Mr Stephan မှထပ်လောင်းပြောကြားပါသည်။ Car Body Style သည် 2+2 Version ဖြစ်၍ 4 – door Coupe Design ဖြစ်မည့်အပြင် Battery Pack အတွက်လုံလောက်သည့် နေရာတို့လည်း ဖန်တီးထားမည်ဖြစ်သည်။ New 2+2 GT Lamborghini ၏သွင်ပြင် ၊ ဟန်ပန်များအတိုင်း ဂရုတစိုက်ဖန်တီးမည်ဖြစ်သည်။

 

Lamborghini သည်အဆိုပါ All EV Model အား Limited အနေဖြင့်သာရည်ရွယ်ထားပြီး တနှစ်အတွက် ထုတ်လုပ်မည့် အစင်းအရေအတွက်ကို ကန့်သတ်ထားပါမည်။ ထို့အပြင် Brand အတွက်ရောင်းအားနှင့် Brand Image တို့ကိုလည်းပို၍ ထင်ရှားစေရန် အားထုတ်ဖန်တီးမည်ဟု Lamborghini မှစီစဉ်ထားပါသည်။ ထို့အတူ Hybrid Powertrain Version များကိုလည်း ဆက်လက်တိုးချဲ့ထည့်သွင်းမည်ဖြစ်ကာ Aventador နှင့် Huracan တို့တွင်မူ Synthetic Fuel Type ကိုသာဖြစ်နိုင်မျှဆက်လက် အသုံးပြုမည်ဖြစ်သည်။ Lamborghini သည် 2030 တွင်စတင်ဖန်တီးမည့် New 2 + 2 GT Car အားတမူထူးခြားသည့် Performance နှင့် Handling ဆိုင်ရာများကိုလည်း ထုံးစံအတိုင်းထည့်သွင်းပေးမည်ဖြစ်သည်။

#DriveMediaMyanmar