Unicode version..
aston-martin-dbs-ultimate_01 (Aston Martin )သည် ဗြိတိန်အခြေစိုက်(ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသည့် (Sports Car)များကို အဓိကထုတ်လုပ်သည့် ကား Company တစ်ခုဖြစ်ပါသည်။ (Aston Martin )အား(Mr Lionel Martin ) နှင့် (Mr Robert Bomforct) တို့ နှစ်ဦးမှ (၁၉၁၄)တွင် စတင်တည်ထောင်ခဲ့ပါသည်။ (Brand Name)အား (Co-Founder)တစ်ဦးဖြစ်သူ (Mr Martin ) နှင့် (Mr Aston Clinton Hill Climb)တို့၏ အမည်များကို တွဲဖတ်၍ ပေးထားခြင်းဖြစ်ပါသည်။ မူလပထမအချိန်များတွင် (Aston Martin )သည် ပြိုင်ပွဲဝင်မော်တော်ဆိုင်ကယ်များကို ထုတ်လုပ်ခဲ့ပါသည်။ ထို့နောက် (၁၉၂၀-၁၉၃၀)ကာလများတွင် ပိုင်ရှင်ပြောင်းလဲခဲ့ပါသည်။ ၎င်း၏ ပထမဆုံးမော်တော်ယာဉ် (Ulster )အား (၁၉၃၄)တွင် စတင်ထုတ် လုပ်ခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်ကာလတွင် ပိုင်ရှင်ထပ်မံပြောင်းလဲခဲ့ပြီး ၎င်းသည် (Low-slug coupe) အမျိုးအစားဖြစ်ပြီး (၁၉၆၄) ခုနှစ်တွင် ထွက်ရှိခဲ့သည့် ကမ္ဘာကျော် ( 007 James Bond ) ရုပ်ရှင်တစ်ခုဖြစ်သည့် (Gold Finger) တွင်ပါဝင်ခဲ့၍ ကမ္ဘာကျော်ခဲ့ပါသည်။ ထိုမှဆက်၍ (၁၉၆၉) ခုနှစ်တွင် ၎င်း၏ ပထမဆုံး (4-Seater Sport Car) ဖြစ်သည့် (DB6) တို့နှင့် (DBS V8)Models များကိုထုတ်လုပ်ခဲ့ပါသည်။aston-martin-suv
(၁၉၇၀)ပြည့်လွန်ကာလများတွင် (Aston Martin) အားပိုင်ရှင်များ အဆင့်ဆင့်ပြောင်းလဲခဲ့ပါသည်။ ထိုကာလ (၁၉၇၇) တွင် (New V8 Vantage ) အားထုတ်လုပ်ခဲ့ပါသည်။ ထိုမှတဖန် (၁၉၈၇) ခန့်တွင် (Ford Motor Company ) မှ (Aston Martin ) အားဝယ်ယူခဲ့ပြီး ၎င်းအတွက် ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ကာ သုတေသနနှင့် ဖွံဖြိုးမှုများ အားလုပ်ဆောင်ပေးခဲ့ပါသည်။aston-martin-one-77
(၁၉၉၅) ခုနှစ်တွင် (Aston Martin Brand) ၏ နာမည်ကျော် (DB7 Model) အား ထုတ်လုပ်နိုင်ခဲ့ပါသည်။ ထို့နောက်ယခု အချိန်အထိ ထင်ရှားသည့် (V12 Vanquish) ၊ (DB9) နှင့် (V8Vantage ) Models များအားဖန်တီးနိုင်ခဲ့ပါသည်။ (Ford)၏ဘဏ္ဍာရေးအကျပ်အတည်းကြောင့် (Auston Martin ) အား (Kuwaiti Investment Companies) သို့ (၂၀ဝ၇) ခုနှစ်တွင်ရောင်းချခဲ့ပါသည်။
ယခု မျက်မှောက်ကာလတွင် (Aston Martin Model Lineup) များအနေဖြင့် (Exotic DBS ၎င်းသည် DB9 ၏သီးသန်Model ဖြစ်ပါသည်) ၊ (4-doors Rapide) ၊ (Virage) နှင့် (DB9) တို့အား ထုတ်လုပ်ထားပါသည်။ ထို့အပြင် အထူးသီးသန့်ကားများဖြစ်ကြသည့် (V12 Zagato) နှင့် (One-77 Model အားစုစုပေါင်း (၇၇) စင်းသာ သီးသန့်ထုတ်လုပ်ပြီး တစ်စင်း၏ တန်ဖို်းသည် (US$ 2 Million) ခန့်ရှိပါသည်) တို့ကိုလည်းထုတ်လုပ်ထားပါသည်။ (Aston Martin ) သည် ကမ္ဘာ့ထိပ်တန်း Top 10 စာရင်းဝင် မော်တော်ယဉ် တစ်မျိုးအဖြစ် ကမ္ဘာ့ကားလောကတွင် ရပ်တည်နေသည်ကို တွေ့မြင် ရပါမည်။aston-martin-moremodels aston-martin-range
Zawgyi versin…