Auto expo 2018 မှာ 1st Gen ကို စမိတ်ဆက်ပေးပြီးပြီးချင်းပဲ ဥရောပမှာ လူပြောများကျော်ကြား‌သွားခဲ့တဲ့ Renault Zoe ရဲ့2nd Gen ကို အခုရနိုင်ပါပြီ။ အရွယ်အစားသေးတဲ့ Hatchback အမျိုးအစားဖြစ်ပေမဲ့ 2nd gen Zoe က four-seater ကားတစ်စီးဖြစ်တာကိုတွေ့ရပါတယ်။

တစ်ကြိမ်အားသွင်းထားရင် 300 km – 385 km လောက် မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာဆိုရင်တော့ Zoe က မြန်နှုန်းအမြင့်ဆုံး Renault ကားလို့ပြောလို့ရပြီး 9.5 seconds နဲ့ 0-100 kph နှုန်းကိုရောက်‌အောင်မောင်းနိုင်ပါတယ်။ Top Speed က 140 kph ပါ။

130 bhp နဲ့ 245 Nm of torque ရစေဖို့အတွက် 52 KwH battery က အကောင်းဆုံးထောက်ပံ့ပေးပါလိမ့်မယ်။ battery ကိုအဖြုတ်အတပ်လုပ်နိုင်ပြီး warranty 8 years ပေးထားပါတယ်။ အရင် Gen တုန်းက ကို သီးခြားဝယ်လို့ရပေနဲ့ အခု 2nd gen ကတော့ integrated power pack နဲ့လာမှာပါ။ 7 လက်မ or 9.3 လက်မ အရွယ် Infotainment Screen နဲ့10 လက်မအရွယ် Fully Digital Driver Display တွေလည်းပါဝင်နေပါတယ်။

ရောင်းဈေးက $21042 – 28056 ဝန်းကျင်လောက်ရှိမှာဖြစ်ပြီး Small Hatchback တစ်စီးအတွက် ဒီဈေးက များတယ်ပြောလို့မရပါဘူး။ ဒီဈေးနှုန်းအနေအထားတွေအရတော့ ပြိုင်ဘက်တွေအပါ် range နဲ့ power ပိုင်းတွေမှာအသာရထားတဲ့ 2nd Zoe ကို Renault က Brand Builder အနေနဲ့ပဲ စတင်ထုတ်လိုက်တာလည်းဖြစ်နိုင်ပါတယ်။

(Zawgyi)

Auto expo 2018 မွာ 1st Gen ကို စမိတ္ဆက္ေပးၿပီးၿပီးခ်င္းပဲ ဥေရာပမွာ လူေျပာမ်ားေက်ာ္ၾကား‌သြားခဲ့တဲ့ Renault Zoe ရဲ႕2nd Gen ကို အခုရႏိုင္ပါၿပီ။ အ႐ြယ္အစားေသးတဲ့ Hatchback အမ်ိဳးအစားျဖစ္ေပမဲ့ 2nd gen Zoe က four-seater ကားတစ္စီးျဖစ္တာကိုေတြ႕ရပါတယ္။

တစ္ႀကိမ္အားသြင္းထားရင္ 300 km – 385 km ေလာက္ ေမာင္းႏွင္ႏိုင္မွာျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံအတြင္းမွာဆိုရင္ေတာ့ Zoe က ျမန္ႏႈန္းအျမင့္ဆုံး Renault ကားလို႔ေျပာလို႔ရၿပီး 9.5 seconds နဲ႔ 0-100 kph ႏႈန္းကိုေရာက္‌ေအာင္ေမာင္းႏိုင္ပါတယ္။ Top Speed က 140 kph ပါ။

130 bhp နဲ႔ 245 Nm of torque ရေစဖို႔အတြက္ 52 KwH battery က အေကာင္းဆုံးေထာက္ပံ့ေပးပါလိမ့္မယ္။ battery ကိုအျဖဳတ္အတပ္လုပ္ႏိုင္ၿပီး warranty 8 years ေပးထားပါတယ္။ အရင္ Gen တုန္းက ကို သီးျခားဝယ္လို႔ရေပနဲ႔ အခု 2nd gen ကေတာ့ integrated power pack နဲ႔လာမွာပါ။ 7 လက္မ or 9.3 လက္မ အ႐ြယ္ Infotainment Screen နဲ႔10 လက္မအ႐ြယ္ Fully Digital Driver Display ေတြလည္းပါဝင္ေနပါတယ္။

ေရာင္းေဈးက $21042 – 28056 ဝန္းက်င္ေလာက္ရွိမွာျဖစ္ၿပီး Small Hatchback တစ္စီးအတြက္ ဒီေဈးက မ်ားတယ္ေျပာလို႔မရပါဘူး။ ဒီေဈးႏႈန္းအေနအထားေတြအရေတာ့ ၿပိဳင္ဘက္ေတြအပၚ range နဲ႔ power ပိုင္းေတြမွာအသာရထားတဲ့ 2nd Zoe ကို Renault က Brand Builder အေနနဲ႔ပဲ စတင္ထုတ္လိုက္တာလည္းျဖစ္ႏိုင္ပါတယ္။

Ref: cartoq.com “Renault unvieled their 2nd electric car”