သင့်ရဲ့မောင်းနှင်အားပျောက်ဆုံးခြင်း

Drive ကားမဂ္ဂဇင်းရဲ့ အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ Mr. Cameron Cooper သည် မကြာသေးမီက ရန်ကုန်မှာ ပထမဆုံး မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားပုံကတော့ ဘတ်စ်ကားတစ်စီးနဲ့ ငြိသွားတာဖြစ်ပြီး သူ့ရဲ့ကားမှန်တွေ ပျက်စီးသွားခဲ့တာပါ။ ပြောရမယ်ဆိုရင် တန်ဖိုးကြီးလှတဲ့ သူ့ရဲ့ကားမှာ အသေးစားထိခိုက်မှုတစ်ခု ဖြစ်သွားတာဖြစ်ပါတယ်။ တကယ်တမ်းမှာ ဒီထိခိုက်မှုဟာ သူ့ရဲ့အမှားမဟုတ်ပေမဲ့လည်း လူတွေက သူ့ကိုအပြစ်ဖို့ပြီး အော်ကြ ဟစ်ကြပါတယ်။  ဒီဖြစ်ပျက်မှုဟာ သူ့ကို ကားကိုယ်တိုင်မောင်းနှင်ခြင်းရဲ့ အကျိုးနဲ့အပြစ်အကြောင်းကို တွေးတောမိစေပါတယ်။mercedes-self-drive-interior

ကျွန်တော့်ရဲ့ အဆိုးရွားဆုံး ခြောက်လှန့်နေတဲ့ အိပ်မက်တွေက နောက်ဆုံးမှာ အမှန်တကယ်ဖြစ် လာနေပါပြီ။ လွန်ခဲ့တဲ့လက တိုင်း(မ်)မဂ္ဂဇင်းရဲ့ မျက်နှာဖုံးကာဗာမှာ ကိုယ်တိုင်ကားမောင်းခြင်းရဲ့ ကောင်းကွက်တွေကို ဖော်ပြခဲ့ပါတယ်။ ဖော်ပြထားမှုမှာ အတိုချုံးအနေနဲ့ကတော့ ယာဉ်အသွားအလာမရှိရင် မတော်တဆမှုလည်း မရှိဘူး။အကောင်းဆုံးကတော့ သင့်ရဲ့ မှန်ကန်တဲ့ မောင်း နှင်မှုကို စွန့်လွှတ်လိုက်တော့လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ရိုးရှင်းပေမဲ့ မတွေးတတ်လောက်အောင်ပါပဲ။ ဒါပေမဲ့လည်း ဝမ်းနည်းစရာကောင်းလောက်အောင် မှန်ကန်နေပါတယ်။ အနည်းဆုံးကတော့ စက္ကူပေါ်မှာပေါ့။  ကျွန်ုပ်တို့မှာ ရွေးချယ်စရာမရှိတော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကွန်ပျူတာစက်ယာဉ်မောင်းတွေရဲ့ ခရီးသည်ဖြစ်ဖို့ရှိပါတယ်။ လူသားတွေဟာ ကမ္ဘာကြီးကို လည်ပတ်အောင် လုပ်နေတာမဟုတ်ပါဘူး။ အာမခံ ကုမ္ပဏီတွေနဲ့ စာရင်းအင်းပညာရှင်တွေသာ ကမ္ဘာကြီးကို လည်ပတ်အောင်လုပ်နေတာဖြစ်ပါတယ်။)

ဒီလိုပြောဆိုမှုကလည်း နိုင်ငံရေးအမှန်တရားတွေလို၊ ခေတ်သစ်အိုင်ဒီယာတွေဖြစ်နေတယ်

လေ။ ဥပမာပြရမယ်ဆိုရင် လူတိုင်းအတွက်ဖြစ်တဲ့ လွတ်လပ်တဲ့ ဈေးကွက်ဒီမိုကရေစီတစ်ခုလိုပေါ့။

အရှေ့အလယ်ပိုင်းကို အမေရိကန်တွေ မောင်းသူမဲ့လေယာဉ်တွေ အသုံးပြုတိုက်ခိုက်ကာ တည်ငြိမ်အောင်ပြုလုပ်သလို (ဒါမှမဟုတ်)နောက် တစ်နည်းဆိုရသော် တရုတ်နဲ့ လွတ်လပ်စွာ ကုန် သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးလိုက်သလို ကွန်ဆက်ကျူရယ် စင်မြင့်ထက်က အိုင်ဒီယာ ကောင်းတစ်ခုပါပဲ။ ဒါဆိုရင်တော့ ဘာမှ မမှားနိုင်တော့ပါဘူး။

ကျွန်တော်အားကျတဲ့ ဂူဂဲလ်နဲ့ တယ်ဆာ ကုမ္ပဏီတွေက မောင်းသူမဲ့ကားတွေကို ထုတ်လုပ်ဖို့ ကြိုးစားကြပါတယ်။ ဒီကြိုးစားမှုဟာ တကယ်လည်း ဖြစ်လာနိုင်ပါတယ်။ အမေရိကန်က ပြည်နယ်အများအပြားမှာ မောင်းသူမပါ၊ မတော်တဆမှုမဖြစ်ဘဲ သူ့အလိုအလျှောက်သွားလာနိုင်တဲ့ယာဉ်တွေ ပေါ်ထွန်းလာနေပြီဖြစ်ပါတယ်။xhi0icmvka2swhsvyics

မောင်းသူမဲ့ယာဉ်များရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

၎င်းယာဉ်တွေမှာ အားသာချက်တွေ ရှိနေပါတယ်။ အရက်မူးပြီးအိမ်ပြန်တဲ့ အမူးသမားတွေကတော့ သူတို့ကို သဘောကျမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဘေးမသီရန်မခဘဲ အိမ်ကို ရောက်သွားမဲ့ အရေးလေ။  အန္တရာယ်မရှိလို့ ရဲဖမ်းမှာ မကြောက်ရ၊ လူတိုက်မိမှာ မကြောက်ရ လို့ ဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အားသာချက်များကို ကြည့်ကြည့်ပါဦး။

အရှေ့ဘက်မှာ မျက်နှာချင်းဆိုင်မဲ့သူမပါရှိဘဲ အတွင်းခန်းက လီမို ဇိမ်ခံကားတွေရဲ့ဧည့်ခန်းလို အခန်းတွေ ဖြစ်ပါတယ်။ အရင်က ခရီးရှည်ကြီး တွေဆိုရင် ငြီးငွေ့ဖွယ်ကောင်းလောက်အောင် ထိုင် နေရတဲ့နေရာက အခု ဇိမ်ခံ ဧည့်ခန်းနေရာလေး ဖြစ်သွားပြီဖြစ်ပါတယ်။ သီတင်းပတ်ကုန်ရက်တွေ ဆိုရင်တော့ ကော့တေးပါတီကျင်းပတဲ့ နေရာလေး ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားနေစဉ် အတွင်း ကွန်ပျူတာနဲ့ အလုပ်လုပ်ရင်း အချိန်တွေ သုံးစွဲနိုင်ပါတယ်။ ဒါမှမဟုတ် ဂိမ်းတွေလည်း ဆော့ နေနိုင်ပါတယ်။ ကော်ဖီသောက်ဖို့ စားပွဲတွေကိုလည်း စီစဉ်ပေးထားပါတယ်။ ဒီဇိုင်းဆန်းတဲ့အပြင် ကားရဲ့အင်ဂျင်တွေကလည်း အရှိန်မြန်ပြီး လေ ခွင်းအား ကောင်းလှပါတယ်။ ကားမောင်းတာနဲ့ ကိုယ့်ရဲ့ပုံရိပ်က ဆက်စပ်နေတော့ လူတွေက သူတို့ ကားရဲ့ အသွင်အပြင်ကိုဂရုစိုက်ပါဦးမလားခင်ဗျာ။ ဖယ်ရာရီနဲ့ လမ်ဘော်ဂနီကားတွေ လိုအပ်ပါဦး မလား။ ဒီတော့ ဒီတန်ဖိုးကြီးကားတွေမဝယ်တော့ ဘဲ အခြားနေရာမှာပဲ သင့်ငွေတွေကို အသုံးပြု လိုက်ပါတော့ခင်ဗျာ။

ကိုယ်တိုင် ကားကိုမောင်းနှင်ရသူ ယာဉ် မောင်းသမားတွေရဲ့နေ့တွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ လမ်းခရီးတွေက ပိုမိုဒီမိုကရေစီဆန် လာပြီး လူတိုင်းက ကားကို လမ်းဘက်ကို ရွှေ့ လိုက်ပါဆိုတဲ့ခလုတ်ကို နှိပ်လာနိုင်မှာဖြစ်ပါတယ်။  အမြန်မောင်းနှင်ရတဲ့ ကားတွေကလည်း အရင် ကလို ထိပ်မချွန်တော့ဘဲ ကွန်ပျူတာက ဘေး ရန်ကင်းအောင် မောင်းပေးမှာ ဖြစ်ပါတယ်။ အရမ်းကြီး အမြန်နှုန်းနဲ့ မောင်းတဲ့ပုံစံလည်း ရှိတော့မှာ မဟုတ်ပါဘူး။ လမ်းတွေ၊ ကားတွေနဲ့ ရှုပ်ယှက်ခေတ်ပြီး လူတွေမောင်းတာထက် ပို ကောင်းတဲ့အနေအထား ဖြစ်လာပါလိမ့်မယ်။ စည်းကမ်းထိန်းသိမ်းသူတွေလည်း ရှိမှာမဟုတ် တော့ဘဲ တိုင်းပြည်တိုင်းရဲ့ ဖွဲ့စည်းပုံမှာ နောက် ပြောင်နိုင်ခွင့်ကို အာမခံမှာ မဟုတ်တော့ပါဘူး။

ဟုတ်ပါတယ်။ လူတချို့ လမ်းတံတားတွေ တည်ဆောက်ရင်း သေဆုံးကြတယ်။ ဒါပေမဲ့ အချိန်တိုင်း ကျွန်တော်တို့ တံတားတွေဆောက်လို့ တစ်နေ့ကို အလုပ်သမား (၂) ယောက်လောက် ပျမ်းမျှသေဆုံးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆောက်ရတာပါပဲ။ ခြုံပြောရရင် အများအတွက် အနည်းစုကတော့ အနစ်နာခံကြရတာဖြစ်ပါတယ်။

google-car

အိမ်ကို သယ်ဆောင်လာခဲ့ခြင်း

ကျွန်တော် အမေရိကနဲ့ ကနေဒါမှာ ကားမောင်းတယ်ဗျ။ အဲဒီမှာက မောင်းသူမဲ့ယာဉ်တွေကို စမ်းသပ်တယ်လေ။ အဲဒီမှာက ကားမောင်းရတာ လွယ်ကူပါတယ်။ လမ်းတွေကရှင်းပြီး လူတိုင်းက စည်းကမ်းလိုက်နာကြကာ လမ်းမကြီးတွေကလည်း ကျယ်လို့ ဘယ်သူမဆို ကျွမ်းကျင်မှု မရှိဘဲနဲ့တောင် မောင်းနိုင်တယ်လေ။ အဲဒီမှာ လမ်း စည်းကမ်းကို လိုက်နာရမယ်ဆိုတဲ့ ယူဆချက် တစ်ခုရှိတယ်လေ။ ဒါကြောင့် အလုပ်ဖြစ်တာပေါ့။ ဒါပေမဲ့ ရန်ကုန်မှာတော့ ရေးမထားတဲ့ ကိုယ့်အရပ် ကိုယ့်ဇာတ်ဖြစ်နေတဲ့ လမ်းစည်းကမ်းတွေက ရှိသေးပါတယ်။ ဒါတွေ အများစုကတော့ မိရိုးဖလာဖြစ်ပြီး လူမှုနိုင်ငံရေး အမွေဆက်ခံရာကနေ ဖြစ်လာတာပါ။

အနောက်တိုင်းသားတွေ ပရိုဂရမ်ရေးတာကြောင့် ကိုယ်တိုင်ကားမောင်းစနစ်က သာတူညီမျှ လူမှုရေးစနစ်ကို ညီမျှတဲ့ လူနေမှုအဆင့်နဲ့ ယူဆကြည့်ထားတဲ့ ယဉ်ကျေးမှုပုံစံ ပျောက်ကွယ်သွားသလိုပါပဲ။ အာဏာပိုင်တွေက လူကူးတံတားတွေ အမြောက်အမြားမဆောက်ဘူးဆိုရင် နှေးနှေးကွေးကွေးနဲ့ နမော်နမဲ့လုပ်တဲ့ ကြမ်းတမ်းတဲ့ လမ်းဖြတ်ကူးသူတွေအတွက် ကိုယ်ပိုင်ကားမောင်းသမားတွေက ဘရိတ်အုပ်ရတယ်။ ဒါပေမဲ့ ဒီလူကူးတံတား တွေကိုလည်း လူတွေက မသိကျိုးနွံပြုပြီး လမ်းဖြတ်ကူးကြတာပါပဲ။ မကြာမီ လူသားတွေဟာ စနစ်တကျ လမ်းဖြတ်ကူးကြပါလိမ့်မယ်။

မောင်းသူမဲ့ကားတွေက လူတွေကို တိုက်မိမဲ့ အန္တရာယ်ကို ရှောင်ရှားရင်း အလန့်တကြား ဘရိတ် အုပ်ပါလိမ့်မယ်။ မကြာသေးမီကပဲ အမေရိကန်မှာ ဂူးဂဲလ်ကားရဲ့ ယာဉ်မတော်တဆမှု ပထမဆုံး ဖြစ်ပေါ်ခဲ့ပါတယ်။ ဘတ်စ်ကားတစ်စီးနဲ့ တိုက်မိခဲ့တာဖြစ်ပြီး ယာဉ်မောင်းကလည်း ကျွမ်းကျင်သူ ဖြစ်ပါတယ်။ မော်တော်ယာဉ်အဝတ်အစား အပြည့်အစုံနဲ့ဖြစ်ပြီး မူးယစ်ဆေးမသုံးစွဲ၊ အရက်လည်း မသောက်ထားပါဘူး။ ဒီမှာ ဒီလိုမျိုးတွေလည်း ဖြစ်တတ်ပါသလား။

ကားတွေက ဒီမှာတော့ ရွှေခေတ်ထဲရောက်နေပါတယ်။ ကားအင်ဂျင်တွေက သေးပေမဲ့ မြင်းကောင်ရေကများပါတယ်။ SUV ကားအမျိုးအစားတွေထဲမှာဆို ပိုကောင်းပါတယ်။ အားကောင်းတဲ့ ဘရိတ်၊ ဘေးကင်းတဲ့ အသွင်အပြင် လက္ခဏာတွေဖြစ်တဲ့ လေအိတ်တွေနဲ့ကားတွေ

က မောင်းနှင်ဖို့ ခက်ခဲလာပြီး ပျော်စရာလည်း ကောင်းတော့မှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်ရတာကတော့ နည်းပညာတွေဟာ ကျွန်တော်တို့ဆီက ပျော်စရာတွေကို ယူဆောင်သွားလို့ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ အသက်တွေကတော့ ဘေးကင်းမှာ ဖြစ်ပေမဲ့ ကမ္ဘာကြီးကတော့ ဝမ်းနည်း ဖွယ်ကောင်းနေဦးမှာပါပဲ။ ကျွန်တော်တို့ကလည်း ခရီးသွားကလေးတွေနဲ့ အတူနေရမှာဖြစ်ပြီး ဘယ်တော့မှ မရနိုင်တဲ့ မော်တော်ကားထိန်းချုပ်နိုင်မဲ့ အခွင့်အရေးကို ရော်ရမ်းမှန်းဆနေမှာဖြစ်ပါတယ်။ ဘာလိုလဲဆိုတော့ ကျွန်တော်တို့က မယုံကြည်ထိုက်တဲ့သူတွေလေ။ ကျွန်တော်တို့ကောင်းကျိုးအတွက် စည်းမျဉ်းအသစ်တွေ ချမှတ်တိုင်း ကျွန်တော်တို့ စိတ်မပျော်တော့ဘဲ ညစ်နေဦးမှာပါပဲ။