Franck Muller (Watch)
Unicode version..
Franck Muller သည် လက်ပတ်နာရီလုပ်ငန်းလောကတွင် ပါရမီိရှင်အဖြစ် အများကတစ်ခဲနက် ချီးကျူးခြင်းခံရ သော Swiss လူမျိုး လက်ပတ်နာရီပြုလုပ်သူ တစ်ယောက်ဖြစ်ပါသည်။ အမှတ်တံဆိပ် တည်ထောင်ပြီး နှစ် ၂၀ အတွင်းလောက်တွင် Franck Muller သည် Tourbillion စသည့် ကမ္ဘာ့ ပထမတန်းစား ခံ့ညားထည်ဝါသော နာရီဆန်းပေါင်း ၃၀ ကျော်ကို အောင်မြင်စွာ ပွဲထုတ်ပြသနိုင်ခဲ့ပါသည်။ ဒီဇိုင်းသစ်များနှင့် ပတ်သက်သော တီထွင်မှုများစွာကို ထုတ်လုပ်ဖန်တီးနိုင်ခဲ့ပါသည်။ Franck Muller သည် အင်မတန်အနုစိတ်သော လုပ်ဆောင်မှုများနှင့် အတူ သေးငယ်သည့် စကြဝဠာလေးတစ်ခု အဖြစ် ဖွဲ့စည်းပုံဖော်ထားသည့် အနုပညာလုပ်ငန်းစုတစ်ရပ်အဖြစ် ရိုးရာနည်းပညာများအသုံးပြုပြီး နာရီစက်ပစ္စည်းများကို အဆင့်မြှင့်တင်ပေးခြင်းအလုပ်တွင် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါသည်။ လက်ပတ် နာရီလုပ်ငန်း မှတဆင့် အချိန်၏ဆန်းသစ်သော ရှင်းလင်းချက်များကိုု တင်ပြနိုင်မှုကြောင့် ၄င်းအနေဖြင့် “အချိန်ရဲ့ ဒဿနပညာရှင်´´ အဖြစ်ကျော်ကြားခဲ့ပါသည်။ သူ၏ လက်ပတ်နာရီများသည် လှပကြော့ရှင်းစွာ မွမ်းမံထားပြီး ရှုပ်ထွေး၍ အနုစိပ်လှသော စက်ကရိယာများနှင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။
1200MB 3N
Master Banker ဆိုတဲ့နာရီလေးကိုအချိန်နဲ့ တပြေးညီလှုပ်ရှားနေရတဲ့ ဘဏ်လုပ်ငန်းရှင်များ အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး မတူညီတဲ့ အချိန် (၃)မျိုးကို နာရီသော့သီး တစ်ခုတည်းနှင့်ချိန်ညှိနိုင်သော ဖန်တီးမှုလက်ရာတစ်ခု ဖြစ်ပါတယ်။
Frank Muller Backs & Strauss Yangon
Sedona Hotel Yangon No1. Kaba Aye Pagoda Road .Yankin Township Yangon . Myanmar.
Tel.018605539.09786812873
Zawgyi version…
1200MB 3N
LEAVE A REPLY
Please enter your comment!
Please enter your name here