Porsche သည် 3D printing နည်းပညာဖြင့် ကားချစ်သူများအကြား Popular ဖြစ်ခဲ့ပြီး ယခုအခါ 3D – printed ထိုင်ခုံများကို ဆက်လက်မိတ်ဆက်လိုက်ပါသည်။ ( 3D – Printed Body form Full – bucked Seat ) ဟု Porsche မှ အမည်ပေးထားသည့် ထိုင်ခုံနည်းပညာ အသစ်သည် Customer များအတွက် သီးသန့်မှာယူရမည့် Optional Feature ဖြစ်ပြီး Soft ၊ Medium ၊ Hard ဟူ၍ Firmness Level ( ၃ ) မျိုးခွဲခြားထားသည်။ Porsche သည် 3D Printing အား ထိုင်ခုံ၏ ဗဟိုချက် နေရာများနှင့် အခြားအဓိကကျသည့်နေရာများတွင် အသုံးပြုထားပါသည်။ လက်တွေ့စမ်းသပ်လိုသည့် Customer များအတွက် Porsche Tequipment မှ တဆင့် မကြာခင် စမ်းသပ်နိုင်ရန်လည်း စီစဉ်ထားပါသည်။ ပထမဆုံး နမူနာထိုင်ခုံ ( ၄၀ ) အား 911 နှင့် 718 တို့တွင် 2020 Model များ၌ စတင်ထည့်သွင်းမည်ဖြစ်ပြီး Prototype Seat ပုံစံဖြစ်မည်။ ၎င်းတို့တွင် 6 – point harness ဖြင့် တွဲဖက်ထားပြီး ဥရောပဈေးကွက်တွင်သာ ထည့်သွင်းထားပါမည်။ ထိုနောက်ပိုင်း 2021 နှစ်လည် မှသာ တိုးချဲ့ထုတ်လုပ်ရန် Porsche Exclusive Manufacturer မှ စီစဉ်ထားပါသည်။ ကြာရှည်ခံသည့် Color ရောင်စုံများကိုလည်း ဝယ်သူစိတ်ကြိုက်ရွေးချယ်မှာယူနိုင်မည်ဖြစ်သည်။ အချို့ထိုင်ခုံများသည် Motorsport Car များနှင့် ကိုက်ညီစေရန် သီးသန့်ဒီဇိုင်းထုတ်ထားမည်လည်းဖြစ်သည်။ ဈေးနှုန်းကို မသိရသော်လည်း 3D Printed Seat များသည် ဈေးကြီးမည့်အနေအထားရှိပါသည်။

21 Apr 2020
0
3D – Printed Seat အမျိုးအစားအား Porsche မှ ပြသလိုက်ခြင်း
————————————————————