လက်ရှိမှာ အမေရိကန်ဈေးကွက်အတွက် New Four-cylinder Toyota Supra ကို မိတ်ဆက်ဖို့ပြင်နေပြီး မကြာခင်ရက်ပိုင်းထဲမှာ သိရပါလိမ့်မယ် လို့ Toyota’s Vice President of Marketing ဖြစ်တဲ့ Ed Laukes က 2020 Chicago Auto Show မှာ ဖွင့်ဟလိုက်ပါတယ်။
Toyota Supra ဆိုတာက Toyota က ပြန်လည်ဆန်းသစ်ဖန်တီးဖို့ရည်ရွယ်ထားတဲ့ သူတို့ရဲ့ကားတွေထဲမှာ တစ်စီးအပါအဝင်ပါ။ 2.0-liter, four-cylinder Supra (BMWနဲ့ နည်းပညာတူအင်ဂျင်ပါဝင်) ကို ၂၀၁၉ နှစ်လယ်ဝန်းကျင်လောက်တုန်းက California ပြည်နယ်တွင်းအတွက် သီးသန့်ရောင်းချခဲ့ဖူးပြီး လူစိတ်ဝင်စားမှုလည်းများခဲ့ပါတယ်။
အခုအသစ်ထွက်လာမယ့် Four-Cylinder Toyota Supra ကိုတော့ 2.0-liter turbocharged engine နှစ်မျိုးနဲ့ ရရှိနိုင်မှာပါ။ 194 HP/236 lb-ft Torque ရှိတဲ့ Version နဲ့ စွမ်းဆောင်ရည်ပိုမြင့်တဲ့ 255 HP/295 lb-ft Torque Version ဆိုပြီးနှစ်မျိုးရှိပါလိမ့်မယ်။ Model အသစ်မှာမြန်နုှန်းပိုမြင့်လာတဲ့ Supra က အမြန်ဆုံး Racing Type မဟုတ်နေပေမဲ့လည်း မောင်းနှင်တဲ့အခါ စိတ်လှုပ်ရှားရင်ခုန်စရာကောင်းစေမယ့်ကားတော့ဖြစ်လာမှာပါ။ ဘယ်လိုပွဲထွက်လာမလဲဆိုတာကိုပဲ စောင့်ကြည့်လိုက်ကြရအောင်…။
(Zawgyi)
လက္ရွိမွာ အေမရိကန္ေဈးကြက္အတြက္ New Four-cylinder Toyota Supra ကို မိတ္ဆက္ဖို႔ျပင္ေနၿပီး မၾကာခင္ရက္ပိုင္းထဲမွာ သိရပါလိမ့္မယ္ လို႔ Toyota’s Vice President of Marketing ျဖစ္တဲ့ Ed Laukes က 2020 Chicago Auto Show မွာ ဖြင့္ဟလိုက္ပါတယ္။
Toyota Supra ဆိုတာက Toyota က ျပန္လည္ဆန္းသစ္ဖန္တီးဖို႔ရည္႐ြယ္ထားတဲ့ သူတို႔ရဲ႕ကားေတြထဲမွာ တစ္စီးအပါအဝင္ပါ။ 2.0-liter, four-cylinder Supra (BMWနဲ႔ နည္းပညာတူအင္ဂ်င္ပါဝင္) ကို ၂၀၁၉ ႏွစ္လယ္ဝန္းက်င္ေလာက္တုန္းက California ျပည္နယ္တြင္းအတြက္ သီးသန႔္ေရာင္းခ်ခဲ့ဖူးၿပီး လူစိတ္ဝင္စားမႈလည္းမ်ားခဲ့ပါတယ္။
အခုအသစ္ထြက္လာမယ့္ Four-Cylinder Toyota Supra ကိုေတာ့ 2.0-liter turbocharged engine ႏွစ္မ်ိဳးနဲ႔ ရရွိႏိုင္မွာပါ။ 194 HP/236 lb-ft Torque ရွိတဲ့ Version နဲ႔ စြမ္းေဆာင္ရည္ပိုျမင့္တဲ့ 255 HP/295 lb-ft Torque Version ဆိုၿပီးႏွစ္မ်ိဳးရွိပါလိမ့္မယ္။ Model အသစ္မွာျမန္ႏုွန္းပိုျမင့္လာတဲ့ Supra က အျမန္ဆုံး Racing Type မဟုတ္ေနေပမဲ့လည္း ေမာင္းႏွင္တဲ့အခါ စိတ္လႈပ္ရွားရင္ခုန္စရာေကာင္းေစမယ့္ကားေတာ့ျဖစ္လာမွာပါ။ ဘယ္လိုပြဲထြက္လာမလဲဆိုတာကိုပဲ ေစာင့္ၾကည့္လိုက္ၾကရေအာင္…။
Ref: Motor1