(Nissan)၏ (All-New Leaf)သည် (All Electric)ကားအမျိုးအစားအသစ်ဖြစ်ပြီး ၎င်းသည် (Tesla Model T)ကဲ့သို့ စွမ်းရည်မြင့် လျှပ်စစ်ကား ဖြစ်ပါသည်။ အောင်မြင်မှုများစွာရရှိထားသည့် (Leaf)၏ (All-New model)တွင် စိတ်ဝင်စားဖွယ်အချက် (၄)ချက်ကိုတွေ့ရမည်ဖြစ်ပါသည်။
(All-New Leaf)၏ ဈေးနှုန်းသည် (uS $ 25000)ပတ်ဝန်းကျင်ခန့်ရှိ၍ (Electric Car)အနေဖြင့် ဈေးသက်သာသည်ဟုဆိုရပါမည်။ အဘယ့်ကြောင့်ဆိုသော် (လျှပ်စစ်ကား)များ၏ (ဘက်ထရီနည်းပညာ) သည် ဈေးနှုန်းကြီးမြင့်သည့်အတွက် နာမည်ကျော် (2017 Chevrolet Bolt)အား (US $ 40000) သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် (Leaf)သည် အရေအသွေးမြင့်ံပြီးဈေးသက်သာသည့် ကားပင်ဖြစ်ပါသည်။
(All-New Leaf)၏ (EV Range)သည် လျှပ်စစ်သီးသန့်ဖြင့် (မိုင် 200)ခန့် အသုံးပြုနိုင်ပါသည်။ ၎င်းကဲ့သို့ ထင်ရှားသည့် (2017 Chevy Bolt)သည် လျှပ်စစ်သီးသန့် (238 မိုင်)အသုံးပြုနိုင်မည်ဖြစ် သော်လည်း (Volt)ထက်များစွာဈေးသက်သာသည့် (2017 Leaf)၏ (Range)သည် ကောင်းစွာအသုံးပြု နိုင်သည့် (မိုင် 200)ဖြစ်သည်မှာအသုံးပြုသူများအတွက် ကျေနပ်ဖွယ်ဖြစ်ပါသည်။
(All-New Leaf)တွင် အလွန်စွာနာမည်ကျော်သည့် (Apple Car Play)နှင့် (Android Auto)တို့ အားထည့်သွင်းထားမှုသည် ထူးခြားချက်ဖြစ်ပါသည်။ ပုံမှန်အားဖြင့် တန်ဖိုးကြီးသည့် (Apps)များအား (EV) ကားများတွင် ပါရှိလေ့မရှိသော်လည်းဈေးနှုန်းချိုသာသည့် (2017 Leaf)တွင် ထည့်သွင်းထားခြင်းသည် (EV)ကားချစ်သူများအကြိုက်တွေ့မည်ဖြစ်ပါသည်။
(All-New Leaf)တွင် (Nissan)၏နာမည်ကျော် လုံခြုံရေးနည်းပညာဖြစ်သည့် (Pro PILOT) နည်းပညာအားထည့်သွင်းထားသည်ကိုတွေ့ရပါမည်။ အဆိုပါ (Pro PILOT)အပြင် (360 Degree Parking Camera), (Adaptive Cruise Control),(Blind-Spot Monitoring), (Lane-departure correction)အစရှိသည့် (Active Safety)ဆိုင်ရာနည်းပညာများအား (Nissan)အနေဖြင့် ၎င်း၏ (EV)ကား ဖြစ်သည့် (2017 Leaf)တွင် ပြည့်စုံစွာထည့်သွင်းထားသည်ကိုထူးခြားစွာတွေ့မြင်ရမည်ဖြစ်ပါသည်။