Zawgyi Version…
ျပီးခဲ့သည့္မတ္လ ၂၇ ရက္ေန႔မွ ဧျပီလ ၇ ရက္ေန႔အထိ က်င္းပခဲ့ေသာဘန္ေကာက္ ဘန္ေကာက္အျပည္ျပည္ဆုိင္ရာကားျပပဲြတြင္ စုစုေပါင္းေမာ္ေတာ္ကားႏွင့္ ေမာ္ေတာ္ ဆုိင္ကယ္အစီးေရ ၄၉၀၀၀ ေက်ာ္ေရာင္းခ်ခဲ့ရျပီး ထုိပမာဏမွာ ယခင္ႏွစ္ကထက္ ၁၅ရာခုိင္ႏွဳန္းတုိးျမင့္ခဲ့ေၾကာင္းလည္း သိရသည္။ အဆုိပါကားျပပဲြကုိ လာေရာက္ ၾကည့္ရွဳသူေပါင္း ၁.၆ သန္းရွိခဲ့ျပီး ကားႏွင့္ပတ္သက္ေသာျပခန္း ၁၀၀ေက်ာ္ ပါဝင္ျပသြားခဲ့သည္။ ယခုေရာင္းခ်ခဲ့ရေသာ ေမာ္ေတာ္ယာဥ္မ်ားတြင္ ကားအစီးေရ 37,769 ၊ ေမာ္ေတာ္ဆုိင္ကယ္အစီးေရ 5,343 ႏွင့္ လွ်ပ္စစ္သုံးယာဥ္ 6,166 စီးတုိ႔ အသီးသီးေရာင္းခ်ခဲ့ရျပီး Pre booking စနစ္ျဖင့္သာေရာင္းခ်ျခင္းျဖစ္ေၾကာင္း လည္း သိရသည္။ ရရွိလာေသာစာရင္းမ်ားအရ ေမာေတာ္ကားမ်ားတြင္ Toyota မွ 6,110 စီးၾကိဳတင္ေရာင္းခ်ခဲ့ရျပီး နံပါတ္ ၁ ေနရာတြင္ရပ္တည္ႏိုင္ခဲ့သလုိ Mazda မွ5,211 စီးျဖင့္ဒုတိယေနရာ၊ Honda မွ 4,910 စီးျဖင့္တတိယေနရာ၊ Mitsubishi မွ 3,019 စီးျဖင့္ စတုတၳေနရာ၊ Isuzu မွ 2,715 စီးျဖင့္ ပဥၥမေနရာတုိ႔တြင္ အသီးသီးရပ္ တည္ႏုိင္ခဲ့သည္။ ေမာ္ေတာ္ဆုိင္ကယ္စာရင္းတြင္ Honda မွ 1,274 စီးၾကိဳတင္ ေရာင္းခ်ခဲ့ရျပီး ပထမေနရာ၊ Yamaha မွ 723စီး ျဖင့္ဒုတိယေနရာ၊ Kawasaki မွ 539 စီးျဖင့္ တတိယေနရာတုိ႔တြင္ အသီးသီးရပ္တည္ႏုိင္ခဲ့ၾကသည္။ ေမာ္ေတာ္ ယာဥ္ႏွင့္ ေမာ္ေတာ္ဆုိင္ကယ္ေရာင္းခ်ရမွဳမ်ားတြင္ ဂ်ပန္အမွတ္တံဆိပ္မ်ားက သာအေရာင္းရဆုံးစာရင္းတြင္ရပ္တည္ေနသည္ကုိေတြ႕ျမင္ခဲ့ရသည္။ လွ်ပ္စစ္သုံး ယာဥ္မ်ားေရာင္းခ်ရမွဳတြင္ MINE Mobility မွ 4,500 စီး၊ FOMM မွ 1,666 စီးအသီးစီးေရာင္းခ်ခဲ့ရေၾကာင္းလည္း သိရသည္။

Unicode Version…

၁၂ ရက်တာပြုလုပ်ခဲ့သော ဘန်ကောက်အပြည်ပြည်ဆိုင်ရာကားပြပွဲတွင် ကားနှင့် ဆိုင်ကယ်အစီးရေ ၄၉၀၀၀ ကျော်ရောင်းချခဲ့ရ
ပြီးခဲ့သည့်မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ ကျင်းပခဲ့သောဘန်ကောက် ဘန်ကောက်အပြည်ပြည်ဆိုင်ရာကားပြပွဲတွင် စုစုပေါင်းမော်တော်ကားနှင့် မော်တော် ဆိုင်ကယ်အစီးရေ ၄၉၀၀၀ ကျော်ရောင်းချခဲ့ရပြီး ထိုပမာဏမှာ ယခင်နှစ်ကထက် ၁၅ရာခိုင်နှုန်းတိုးမြင့်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါကားပြပွဲကို လာရောက် ကြည့်ရှုသူပေါင်း ၁.၆ သန်းရှိခဲ့ပြီး ကားနှင့်ပတ်သက်သောပြခန်း ၁၀၀ကျော် ပါဝင်ပြသွားခဲ့သည်။ ယခုရောင်းချခဲ့ရသော မော်တော်ယာဉ်များတွင် ကားအစီးရေ 37,769 ၊ မော်တော်ဆိုင်ကယ်အစီးရေ 5,343 နှင့် လျှပ်စစ်သုံးယာဉ် 6,166 စီးတို့ အသီးသီးရောင်းချခဲ့ရပြီး Pre booking စနစ်ဖြင့်သာရောင်းချခြင်းဖြစ်ကြောင်း လည်း သိရသည်။ ရရှိလာသောစာရင်းများအရ မောတော်ကားများတွင် Toyota မှ 6,110 စီးကြိုတင်ရောင်းချခဲ့ရပြီး နံပါတ် ၁ နေရာတွင်ရပ်တည်နိုင်ခဲ့သလို Mazda မှ5,211 စီးဖြင့်ဒုတိယနေရာ၊ Honda မှ 4,910 စီးဖြင့်တတိယနေရာ၊ Mitsubishi မှ 3,019 စီးဖြင့် စတုတ္ထနေရာ၊ Isuzu မှ 2,715 စီးဖြင့် ပဉ္စမနေရာတို့တွင် အသီးသီးရပ် တည်နိုင်ခဲ့သည်။ မော်တော်ဆိုင်ကယ်စာရင်းတွင် Honda မှ 1,274 စီးကြိုတင် ရောင်းချခဲ့ရပြီး ပထမနေရာ၊ Yamaha မှ 723စီး ဖြင့်ဒုတိယနေရာ၊ Kawasaki မှ 539 စီးဖြင့် တတိယနေရာတို့တွင် အသီးသီးရပ်တည်နိုင်ခဲ့ကြသည်။ မော်တော် ယာဉ်နှင့် မော်တော်ဆိုင်ကယ်ရောင်းချရမှုများတွင် ဂျပန်အမှတ်တံဆိပ်များက သာအရောင်းရဆုံးစာရင်းတွင်ရပ်တည်နေသည်ကိုတွေ့မြင်ခဲ့ရသည်။ လျှပ်စစ်သုံး ယာဉ်များရောင်းချရမှုတွင် MINE Mobility မှ 4,500 စီး၊ FOMM မှ 1,666 စီးအသီးစီးရောင်းချခဲ့ရကြောင်းလည်း သိရသည်။