Unicode version…
လတ်ဆတ်သစ်လွင်သည့် Corolla နှင့် Camry
ကားသစ်တို့အား မြန်မာနိုင်ငံတွင် မိတ်ဆက်
(၂၀၁၇) ခုနှစ်၊ ဧပြီလ (၂၇) ရက်၊ မြန်မာ – Toyota မှ မြန်မာနိုင်ငံတွင် ၎င်း၏ နောက်ဆုံးပေါ်
Corolla နှင့် Camry တို့အား တရားဝင်စတင်ဖြန့်ဖြူးရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။ Corolla နှင့် Camry တို့သည် ၎င်း တို့၏ သက်ဆိုင်ရာကား
အတန်း အစားများတွင် အစဉ်အလာကြီးမားသည့် အထင်ကရ ထုတ်ကုန်များ ဖြစ်ပါသည်။ Toyota
၏ တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များ (ရန်ကုန် – Toyota Aye & Sons နှင့် Toyota
Mingalar ၊ မန္တလေး – Toyota GW Lion) တွင် ယနေ့မှစတင်၍ ဘိုကင်လုပ်နိုင်မည်ဖြစ်သည်။
အခြားထုတ်ကုန်များကဲ့သို့ပင်၊ အဆိုပါအံ့သြဖွယ်ကောင်းသည့် ထုတ်ကုန်များနှင့်အတူ
အရည်အသွေးမြင့်မားပြီး ယုံကြည်စိတ်ချရသော Toyota ရောင်းပြီးနောက်ပိုင်း ဝန်ဆောင်မှုများကို
သုံးစွဲသူများမှ နှစ်သက်ကျေနပ်ကြပါသည်။ ကားများတွင်အာမခံ (၃) နှစ်နှင့် ကီလိုမီတာ
*၁၀၀,၀၀၀* ပါရှိမည်ဖြစ်သည်။
Corolla –
Corolla အသစ်တွင် မွမ်းမံထားသော သက်တောင့်သက်သာရှိခြင်းနှင့် ထိပ်တန်းအဆင့်ရှိ
ဘေးကင်း လုံခြုံရေး လုပ်ဆောင်ချက်များနှင့်အတူ ပေါ်လွင်ထင်ရှားသည့် ကားအပြင်ပိုင်းနှင့်
အတွင်းပိုင်းများဖြင့် သပ်ရပ်ကျနစွာ ပေါင်းစပ်ထားပါသည်။ ကားအတွင်းပိုင်းတွင်
လက်ရာမြောက်စွာဖန်တီးထားသည့် သားရေထိုင်ခုံများ၊ အလိုအလျောက်လေအေးပေးစက်များ၊
အဆင့်မြင့်အသံစနစ်နှင့် အမျိုးမျိုးသော အခြားအနုစိပ်ဖန်တီးထားသည့်လက္ခဏာရပ်များဖြင့်
ပေါင်းစပ်ထားသည့် ကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံသော အတွင်းခန်းပါဝင်ပါသည်။
Corolla အား အော်တိုအမျိုးအစားအတွက် အမေရိကန်ဒေါ်လာ ၃၃,၉၀၀ နှင့် မန်နူရယ်အမျိုးအစား
အတွက် အမေရိကန်ဒေါ်လာ ၂၉,၄၀၀ စသည့် စိတ်ဝင်စားဖွယ်ရာဈေးနှုန်းများဖြင့်
သတ်မှတ်ထားပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသည့် အရစ်ကျပေးသွင်းသည့် အစီအစဉ်များဖြင့်
၂၅%မှစတင်သည့် ကနဦးပေးသွင်းငွေနှင့်လည်း ဝယ်ယူနိုင်ပါသည်။
Camry:
ကမ္ဘာအနှံ့အပြားရှိ နိုင်ငံအများအပြားတငွ ် ၎င်းတ့အို တန်းအစားထ၌ဲ ဦးဆောင်နေသည့် Toyota
Camry အား မြန်မာနိုင်ငံတွင် ယခုပင်ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ၎င်း၏လေခွင်းအားကောင်းသည့်
စတိုင်နှင့် ပြောင်မြောက်လှပသည့်ကိုယ်ထည်သည် ကား၏ ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံခြင်းဟူသော
အမှတ်သင်္ကေတ ဂုဏ်ပုဒ်ကို ပြီးပြည့်စုံစေသည့် ကြံ့ခိုင်သော အသွင်အပြင်ကို
ဖော်ထုတ်ပြသနေပါသည်။
အရှေ့ဘက်ခြမ်းရှိ စွမ်းဆောင်ရည်ပိုင်းတွင်လည်း ဆီစားသက်သာစေသည့် (၂.၅) လီတာ
ဓာတ်ဆီ အင်ဂျင်အား တပ်ဆင်ထားပါသည်။ Camry အသစ်၏ အခြားသော
အဓိကစိတ်ဝင်စားဖွယ် ကောင်းသည့်အချက်မှာ ၎င်း၏ ကမ္ဘာ့အဆင့်မီ
ဘေးကင်းလုံခြုံရေးစနစ်ဖြစ်ပါသည်။
Camry အား စိတ်ဝင်စားဖွယ်ကောင်းသည့် အမေရိကန်ဒေါ်လာ ၅၂,၅၀၀ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်
ကာ စိတ်ဝင်စားဖွယ်ကောင်းသည့် အရစ်ကျပေးသွင်းသည့် အစီအစဉ်များဖြင့် ၂၅%မှစတင်သည့်
ကနဦးပေးသွင်းငွေနှင့်လည်း ဝယ်ယူနိုင်ပါသည်။
Zawgyi version…
Corolla –
Camry:
ဖော်ထုတ်ပြသနေပါသည်။