Unicode version…

အားလုံးသိပြီးတဲ့အတိုင်း 4WD ကားတွေက နှစ်ဘီးယက်ပုံစံနဲ့ မောင်းနိုင်သလို လေးဘီးယက်ပုံစံနဲ့လည်း ပြောင်းလဲမောင်းနှင်လို့ရတဲ့ကားမျိုး၊ AWD ကတော့ ကားဘီးအားလုံးတစ်ပြိုင်တည်းယက်တဲ့ကားမျိုးဖြစ်ပါတယ်။ ဒါဆိုရင် 4WD နဲ့ AWD လို့ ကွဲပြားသွားအောင် ဘယ်လိုအကြောင်းအရာတွေက ခြားနားပေးလိုက်တာလဲ? 4WD နဲ့ AWD စနစ်နှစ်မျိုးမှာ ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိနေပါသလဲ? ဒါကြောင့်အထက်ပါမေးခွန်းနှစ်ခုနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

4WD နဲ့ AWD တို့ရဲ့ ခြားနားချက်၊ အားသာချက်တွေကို မပြောခင်မှာ ကားတစ်စီးရဲ့ Differential စနစ်အ ကြောင်း ရိုးရိုးရှင်းရှင်း သရုပ်ပြဖော်ပြလိုပါတယ်။ ဥပမာ – ကျွန်တော်တို့ ကားတစ်စီးကို ဟံသာဝတီ (သို့) ဦးဝိစာရအဝိုင်းမှာ ဦးတည်ရာတစ်ဖက်တည်းဆီ ပတ်မောင်းနေတယ်ဆိုပါစို့ – စက်ဝိုင်းပုံမောင်းနှင်နေတာကြောင့် အပြင်ဖက်ကျတဲ့ဘီး (ကား မောင်းသူရဲ့ ညာဖက်မှာရှိတဲ့ဘီး) ဟာ အတွင်းဖက်ကျတဲ့ဘီး (ကားမောင်းသူရဲ့ ဘယ်ဖက်မှာရှိတဲ့ဘီး) ထက် ပိုမိုရှည်လျား တဲ့ အနားသတ်အကွာအဝေးကို ဖြတ်သန်းရတာကြောင့် ဝင်ရိုးတစ်ခုတည်းက ဘီးတွေမှာတောင် မတူညီတဲ့ အမြန်နှုန်း တွေနဲ့ လည်ပတ်ရွေ့ လျားဖို့လိုတယ်။ ဒီအတွက် မော်တော်ကားကို တီထွင်ခဲ့တဲ့ ဘိုးဘေးတွေက Differential စနစ်ကို တီ ထွင်အသုံးချခဲ့ကြတယ်။ အခါအခွင့်သင့်တဲ့အခါ Differential စနစ်အကြောင်း စုစည်းဖော်ပြပေးပါမယ်။

AWD (All Wheel Drive)

AWD စနစ်မှာ ဘီးတွေအားလုံး တစ်ပြိုင်နက်ယက်နေစေဖို့အတွက် ဂီယာစနစ်ကထွက်လာတဲ့ လည်ပတ်အားကို Limited-slip Differential စနစ် (သို့) အီလက်ထရောနစ်ကလပ်စနစ် တစ်မျိုးမျိုးနဲ့ ထိန်းချုပ်ဖြန့်ဝေပေးတယ်။ Limited-slip Differential စနစ်၊ ဒါမှမဟုတ် အီလက်ထရောနစ်ကလပ်စနစ်ဟာ AWD ကားတွေရဲ့ ရှေ့ဝင်ရိုးနဲ့ နောက်ဝင်ရိုးတို့ ကြား လည်ပတ်အားကွာခြားမှုကို ကိုင်တွယ်ပေးနိုင်ပြီး မြေကုပ်အားကောင်းစေသလို မောင်းနှင်ထိန်းချိန်ရတာလည်း ပိုမို လွယ်ကူစေပါတယ်။ ပုံမှန် နှစ်ဘီးယက်ကားတွေရဲ့ Differential စနစ်မှာ အင်ဂျင်ကထွက်လာတဲ့ပါဝါဟာ ခုခံအားနည်းတဲ့ ဘီးဆီကိုပဲ ရွေ့လျားသွားတတ်ပါတယ်။ ဥပမာ – ကားနောက်ဘီးတစ်ဖက် ဗွက်ထဲကျပြီး နောက်တစ်ဖက်က မြေအမာပေါ် မှာရှိနေရင် ဗွက်ထဲကဘီးက ခုခံအားနည်းတာကြောင့် လီဗာနင်းလိုက်တဲ့အခါ အသားကုန်လည်ထွက်သွားတယ် – မော် တော်ကားကတော့ ရှေ့ကို မရွေ့ပါဘူး။ AWD တွေကို နှင်း၊ ဗွက်ဖုံးနေတဲ့ လမ်းတွေလို မျက်နှာပြင်ချော နေတဲ့နေရာတွေ မှာ မောင်းနှင်တဲ့အခါ အင်ဂျင်ကထွက်လာတဲ့ပါဝါကို Differential စနစ်၊ အီလက်ထရောနစ်ကလပ်စနစ်တွေက ဘီးအား လုံးဆီ မျှဝေလည်ပတ်စေတယ်။ စွမ်းဆောင်ရည်ကောင်းတဲ့ AWD စနစ်တွေမှာ ခုခံအားနည်းတဲ့ (ယက်အားနည်းတဲ့) ဘီး ကို ပါဝါလျှော့ပြီး တကယ်ရုန်းနေတဲ့ဘီးတွေဆီ ပါဝါဖြန့်ဝေပေးတဲ့စနစ်တွေတောင် ပါဝင်တယ်။ ဒါကြောင့် မျက်နှာပြင်ကြမ်း တမ်းတဲ့ နေရာတွေ၊ လမ်းကြမ်းတွေမှာ မောင်းနှင်ကိုင်တွယ်ရ ပိုကောင်းသွားစေပါတယ်။

ကုမ္ပဏီအများစုက Off-road လမ်းကြမ်းသုံးကားတွေကို ထုတ်လုပ်တဲ့အခါ ယေဘုယျအားဖြင့် AWD စနစ်တွေနဲ့ ဒီဇိုင်းချတည်ဆောက်လေ့ရှိတယ်။ ဒီကားတွေဟာ မြေကုပ်အားပိုကောင်းသလို စွမ်းဆောင်ရည်လည်း မြင့်မားတာကြောင့် အန္တရာယ်ကင်းရှင်းမှုအတွက် ယုံကြည်စိတ်ချရတဲ့ကားတွေထဲမှာ ပါဝင်လေ့ရှိပါတယ်။

4WD

4WD ကားတွေမှာတော့ ဘီးလေးခုစလုံးယက်စေဖို့ Setting တွေပါဝင်ပြီး ယာဉ်မောင်းသူရဲ့ အသုံးပြုလိုမှုအပေါ် မူတည်လို့ အဖွင့်၊ အပိတ်လုပ်နိုင်တယ်။ ဒီလိုစနစ်အများစုကို လမ်းကြမ်း Off-road မောင်းဖို့ ရည်ရွယ်ထားတာမဟုတ်တဲ့၊ ပုံမှန်လမ်းတွေပေါ်မှာ မောင်းနှင်ဖို့ထုတ်ထားတဲ့ အရွယ်ခပ်ကြီးကြီး SUV တွေမှာ အသုံးပြုလေ့ရှိပါတယ်။ ဒီ SUV အများစု က ရှေ့ဘီးယက်တွေဖြစ်ပြီး လူအများစု သဘောကျနှစ်ခြိုက်တာကြောင့် ကမ္ဘာတစ်လွှားမှာရှိတဲ့ ဒေသမျိုးစုံကို တင်ပို့ ရောင်းချခဲ့ရတယ်။ ဒါပေမယ့် တောင်အာဖရိကလို သဲထူတဲ့ဒေသတွေမှာ ရှေ့ဘီးယက်ကားတွေနဲ့ ရုန်းဖို့ဆိုတာ အတော် လေးမလွယ်တဲ့ကိစ္စပါ – ဒါကြောင့် ဆိုခဲ့တဲ့ SUV တွေကို 4WD စနစ်အဖြစ်လည်း ပြောင်းလဲမောင်းနှင်နိုင်အောင် ဖန်တီး လာကြတာဖြစ်ပါတယ်။

ဒီ SUV တွေမှာ ပုံမှန်အားဖြင့် 4WD Mode ကို ဖွင့်လိုက်ရင် အင်ဂျင်ကထွက်လာတဲ့ပါဝါကို အရှေ့အနောက်ဝင်ရိုး တွေဆီ အတိအကျ ခွဲပို့ပေးတယ် – ဒီနည်းအားဖြင့် မော်တော်ကားကို Off-road ပုံစံမောင်းဖို့ အဆင်ပြေသွားစေပါတယ်။ ဒါပေမယ့် 4WD Mode နဲ့ ကတ္တရာလမ်းကို လမ်းချောပေါ်တက်တဲ့အခါ ပြဿနာဖြစ်လာနိုင်တယ် – အကြောင်းက 4WD Mode မှာ ကားဘီးလေးခုစလုံးက တူညီတဲ့အမြန်နှုန်းနဲ့ လည်နေပြီး အကွေ့အဝိုက်တွေမှာ ပြဿနာဖြစ် လာနိုင်တာ ကြောင့်ပါ။ အပေါ်မှာပြောခဲ့သလို ပုံမှန်လမ်းတွေမှာ မောင်းနှင်တဲ့အခါ ရှေ့ဘီးတွေက နောက်ဘီးတွေထက် ပိုမိုဝေးကွာတဲ့ အကွာအဝေးကို သွားရပြီး အတွင်းဖက်ဘီးတွေက အပြင်ဖက်ဘီးတွေထက် အကွာအဝေးပိုနည်းတဲ့ အဝန်းအဝိုင်းတွေကို ဖြတ်သန်းရပါတယ် – ဝင်ရိုးနှစ်ခုစလုံးကို 4WD ဖြစ်အောင် Lock လုပ်ထားတဲ့အခါ ကွေ့တွေမှာ Understeer ဖြစ်လာပါ လိမ့်မယ်။

တစ်ချို့ AWD ကားတွေမှာ 4WD ကားတွေလို Differential စနစ်ကို Lock လုပ်နိုင်တဲ့ လုပ်ဆောင်ချက် ထည့် ပေးထားတယ်။ အကျိုးဆက်အနေနဲ့ လမ်းချောမောင်းတဲ့အခါ ပုံမှန် AWD စွမ်းပကားနဲ့ မောင်းနှင်နိုင်ပြီး လမ်းကြမ်းတွေမှာ Differential ကို Lock လုပ်မောင်းနှင်လို့ရစေတယ်။ ဒီလိုကားတွေထဲမှာ Land Rover တွေက နာမည်ကျော်ပြီး နည်းပ ညာပိုင်းမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ထပ် နည်းပညာတစ်ခုက Haldex Traction ကုမ္ပဏီက ထုတ်ထားတဲ့ Haldex 4WD စနစ်ဖြစ်ပြီး ဒီစနစ်က ဘီးအားလုံးယက်ဖို့လိုတဲ့ အနေအထားတွေမှာ အင်ဂျင်လည်ပတ်အားကို ဝင်ရိုးနှစ်ခုဆီ အလိုအလျောက် ဖြန့်ကျက်ပေးပေးပို့နိုင်တယ် – တကယ်တမ်းပြောရရင် အလိုအ လျောက်အလုပ်လုပ်နိုင်တဲ့ AWD စနစ်တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ Haldex 4WD ကို နောက်ပိုင်းထွက်ကားအများစုမှာ အသုံးပြုလာတာကို တွေ့ရပြီး ဥပမာအားဖြင့် Ford Kuga နဲ့ VW Golf R တို့ကို ကြည့်နိုင်ပါတယ်။

AWD နဲ့ 4WD နှစ်မျိုးမှာ ဘယ်တစ်မျိုးက ပိုကောင်းပါသလဲ?

AWD တွေက လမ်းကြမ်း၊ လမ်းချော နှစ်မျိုးစလုံးမှာ အဆင်ပြေပြေ မောင်းနှင်နိုင်ပြီး အန္တရာယ်ကင်းရှင်းရေးအ တွက်လည်း ပိုမိုစိတ်ချရတယ်။ ဒါပေမယ့် AWD ကားတွေက ဆီစားများ ပါတယ်။ 4WD တွေ လေးဘီးစလုံးယက်ချိန်မှာ ပေးစွမ်းနိုင်တဲ့ ရုန်းအားက AWD တွေကို အမီလိုက်နိုင်ပြီး လိုအပ်ချိန်မှ 4WD Mode ကို ဖွင့်သုံးဖို့လိုတာကြောင့် AWD တွေထက် ဆီစားပိုသက်သာတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် မောင်းနှင်မှု အခြေအနေအားလုံးအတွက် 4WD Mode က အဆင်သိပ်မပြေပါဘူး။

ဒါ့အပြင် စွမ်းဆောင်ရည်မြင့်ကားတွေကို ပြန်ကြည့်တဲ့အခါ အများစုက နှစ်ဘီးယက်ကားတွေဖြစ်ပေမယ့် နာမည် ကျော်မော်ဒယ်လ်တွေထဲမှာ AWD ကားတွေကိုလည်း တွေ့ရပါလိမ့်မယ်။ ဥပမာအားဖြင့် Nissan GTR နဲ့ Porsche 911 Turbo S တို့လို ကားတွေပါ။ 4WD မော်ဒယ်လ်တွေထဲမှာတော့ Renault Kadjar ကို လူကြိုက်များပြီး နောက်ပိုင်းထွက် စွမ်းဆောင်ရည်မြင့်ကားတွေမှာလည်း 4WD က လွှမ်းမိုးလာတာကို တွေ့ရပါတယ်။

Zawgyi version…

အားလုံးသိၿပီးတဲ့အတုိင္း 4WD ကားေတြက ႏွစ္ဘီးယက္ပံုစံနဲ႔ ေမာင္းႏိုင္သလို ေလးဘီးယက္ပံုစံနဲ႔လည္း ေျပာင္းလဲေမာင္းႏွင္လို႔ရတဲ့ကားမ်ဳိး၊ AWD ကေတာ့ ကားဘီးအားလံုးတစ္ၿပိဳင္တည္းယက္တဲ့ကားမ်ဳိးျဖစ္ပါတယ္။ ဒါဆိုရင္ 4WD နဲ႔ AWD လို႔ ကြဲျပားသြားေအာင္ ဘယ္လိုအေၾကာင္းအရာေတြက ျခားနားေပးလိုက္တာလဲ? 4WD နဲ႔ AWD စနစ္ႏွစ္မ်ဳိးမွာ ဘယ္လိုအားသာခ်က္၊ အားနည္းခ်က္ေတြ ရွိေနပါသလဲ? ဒါေၾကာင့္အထက္ပါေမးခြန္းႏွစ္ခုနဲ႔ ပတ္သက္တဲ့ ဗဟုသုတေတြကို စုစည္းတင္ဆက္ေပးထားပါတယ္။

4WD နဲ႔ AWD တို႔ရဲ႕ ျခားနားခ်က္၊ အားသာခ်က္ေတြကို မေျပာခင္မွာ ကားတစ္စီးရဲ႕ Differential စနစ္အ ေၾကာင္း ရိုးရိုးရွင္းရွင္း သရုပ္ျပေဖာ္ျပလိုပါတယ္။ ဥပမာ – ကၽြန္ေတာ္တို႔ ကားတစ္စီးကို ဟံသာဝတီ (သို႔) ဦးဝိစာရအဝိုင္းမွာ ဦးတည္ရာတစ္ဖက္တည္းဆီ ပတ္ေမာင္းေနတယ္ဆိုပါစို႔ – စက္ဝိုင္းပံုေမာင္းႏွင္ေနတာေၾကာင့္ အျပင္ဖက္က်တဲ့ဘီး (ကား ေမာင္းသူရဲ႕ ညာဖက္မွာရွိတဲ့ဘီး) ဟာ အတြင္းဖက္က်တဲ့ဘီး (ကားေမာင္းသူရဲ႕ ဘယ္ဖက္မွာရွိတဲ့ဘီး) ထက္ ပိုမိုရွည္လ်ား တဲ့ အနားသတ္အကြာအေဝးကို ျဖတ္သန္းရတာေၾကာင့္ ဝင္ရိုးတစ္ခုတည္းက ဘီးေတြမွာေတာင္ မတူညီတဲ့ အျမန္ႏႈန္း ေတြနဲ႔ လည္ပတ္ေရြ႕ လ်ားဖို႔လိုတယ္။ ဒီအတြက္ ေမာ္ေတာ္ကားကို တီထြင္ခဲ့တဲ့ ဘိုးေဘးေတြက Differential စနစ္ကို တီ ထြင္အသံုးခ်ခဲ့ၾကတယ္။ အခါအခြင့္သင့္တဲ့အခါ Differential စနစ္အေၾကာင္း စုစည္းေဖာ္ျပေပးပါမယ္။

AWD (All Wheel Drive)

AWD စနစ္မွာ ဘီးေတြအားလံုး တစ္ၿပိဳင္နက္ယက္ေနေစဖို႔အတြက္ ဂီယာစနစ္ကထြက္လာတဲ့ လည္ပတ္အားကို Limited-slip Differential စနစ္ (သို႔) အီလက္ထေရာနစ္ကလပ္စနစ္ တစ္မ်ဳိးမ်ဳိးနဲ႔ ထိန္းခ်ဳပ္ျဖန္႔ေဝေပးတယ္။ Limited-slip Differential စနစ္၊ ဒါမွမဟုတ္ အီလက္ထေရာနစ္ကလပ္စနစ္ဟာ AWD ကားေတြရဲ႕ ေရွ႕ဝင္ရိုးနဲ႔ ေနာက္ဝင္ရိုးတို႔ ၾကား လည္ပတ္အားကြာျခားမႈကို ကိုင္တြယ္ေပးႏုိင္ၿပီး ေျမကုပ္အားေကာင္းေစသလို ေမာင္းႏွင္ထိန္းခ်ိန္ရတာလည္း ပိုမို လြယ္ကူေစပါတယ္။ ပံုမွန္ ႏွစ္ဘီးယက္ကားေတြရဲ႕ Differential စနစ္မွာ အင္ဂ်င္ကထြက္လာတဲ့ပါဝါဟာ ခုခံအားနည္းတဲ့ ဘီးဆီကိုပဲ ေရြ႕လ်ားသြားတတ္ပါတယ္။ ဥပမာ – ကားေနာက္ဘီးတစ္ဖက္ ဗြက္ထဲက်ၿပီး ေနာက္တစ္ဖက္က ေျမအမာေပၚ မွာရွိေနရင္ ဗြက္ထဲကဘီးက ခုခံအားနည္းတာေၾကာင့္ လီဗာနင္းလိုက္တဲ့အခါ အသားကုန္လည္ထြက္သြားတယ္ – ေမာ္ ေတာ္ကားကေတာ့ ေရွ႕ကို မေရြ႕ပါဘူး။ AWD ေတြကို ႏွင္း၊ ဗြက္ဖံုးေနတဲ့ လမ္းေတြလို မ်က္ႏွာျပင္ေခ်ာ ေနတဲ့ေနရာေတြ မွာ ေမာင္းႏွင္တဲ့အခါ အင္ဂ်င္ကထြက္လာတဲ့ပါဝါကို Differential စနစ္၊ အီလက္ထေရာနစ္ကလပ္စနစ္ေတြက ဘီးအား လံုးဆီ မွ်ေဝလည္ပတ္ေစတယ္။ စြမ္းေဆာင္ရည္ေကာင္းတဲ့ AWD စနစ္ေတြမွာ ခုခံအားနည္းတဲ့ (ယက္အားနည္းတဲ့) ဘီး ကို ပါဝါေလွ်ာ့ၿပီး တကယ္ရုန္းေနတဲ့ဘီးေတြဆီ ပါဝါျဖန္႔ေဝေပးတဲ့စနစ္ေတြေတာင္ ပါဝင္တယ္။ ဒါေၾကာင့္ မ်က္ႏွာျပင္ၾကမ္း တမ္းတဲ့ ေနရာေတြ၊ လမ္းၾကမ္းေတြမွာ ေမာင္းႏွင္ကိုင္တြယ္ရ ပိုေကာင္းသြားေစပါတယ္။

ကုမၸဏီအမ်ားစုက Off-road လမ္းၾကမ္းသံုးကားေတြကို ထုတ္လုပ္တဲ့အခါ ေယဘုယ်အားျဖင့္ AWD စနစ္ေတြနဲ႔ ဒီဇိုင္းခ်တည္ေဆာက္ေလ့ရွိတယ္။ ဒီကားေတြဟာ ေျမကုပ္အားပိုေကာင္းသလို စြမ္းေဆာင္ရည္လည္း ျမင့္မားတာေၾကာင့္ အႏၲရာယ္ကင္းရွင္းမႈအတြက္ ယံုၾကည္စိတ္ခ်ရတဲ့ကားေတြထဲမွာ ပါဝင္ေလ့ရွိပါတယ္။

4WD

4WD ကားေတြမွာေတာ့ ဘီးေလးခုစလံုးယက္ေစဖို႔ Setting ေတြပါဝင္ၿပီး ယာဥ္ေမာင္းသူရဲ႕ အသံုးျပဳလိုမႈအေပၚ မူတည္လို႔ အဖြင့္၊ အပိတ္လုပ္ႏုိင္တယ္။ ဒီလိုစနစ္အမ်ားစုကို လမ္းၾကမ္း Off-road ေမာင္းဖို႔ ရည္ရြယ္ထားတာမဟုတ္တဲ့၊ ပံုမွန္လမ္းေတြေပၚမွာ ေမာင္းႏွင္ဖို႔ထုတ္ထားတဲ့ အရြယ္ခပ္ႀကီးႀကီး SUV ေတြမွာ အသံုးျပဳေလ့ရွိပါတယ္။ ဒီ SUV အမ်ားစု က ေရွ႕ဘီးယက္ေတြျဖစ္ၿပီး လူအမ်ားစု သေဘာက်ႏွစ္ၿခိဳက္တာေၾကာင့္ ကမာၻတစ္လႊားမွာရွိတဲ့ ေဒသမ်ဳိးစံုကို တင္ပို႔ ေရာင္းခ်ခဲ့ရတယ္။ ဒါေပမယ့္ ေတာင္အာဖရိကလို သဲထူတဲ့ေဒသေတြမွာ ေရွ႕ဘီးယက္ကားေတြနဲ႔ ရုန္းဖို႔ဆိုတာ အေတာ္ ေလးမလြယ္တဲ့ကိစၥပါ – ဒါေၾကာင့္ ဆိုခဲ့တဲ့ SUV ေတြကို 4WD စနစ္အျဖစ္လည္း ေျပာင္းလဲေမာင္းႏွင္ႏုိင္ေအာင္ ဖန္တီး လာၾကတာျဖစ္ပါတယ္။

ဒီ SUV ေတြမွာ ပံုမွန္အားျဖင့္ 4WD Mode ကို ဖြင့္လိုက္ရင္ အင္ဂ်င္ကထြက္လာတဲ့ပါဝါကို အေရွ႕အေနာက္ဝင္ရိုး ေတြဆီ အတိအက် ခြဲပို႔ေပးတယ္ – ဒီနည္းအားျဖင့္ ေမာ္ေတာ္ကားကို Off-road ပံုစံေမာင္းဖို႔ အဆင္ေျပသြားေစပါတယ္။ ဒါေပမယ့္ 4WD Mode နဲ႔ ကတၱရာလမ္းကို လမ္းေခ်ာေပၚတက္တဲ့အခါ ျပႆနာျဖစ္လာႏုိင္တယ္ – အေၾကာင္းက 4WD Mode မွာ ကားဘီးေလးခုစလံုးက တူညီတဲ့အျမန္ႏႈန္းနဲ႔ လည္ေနၿပီး အေကြ႕အဝိုက္ေတြမွာ ျပႆနာျဖစ္ လာႏိုင္တာ ေၾကာင့္ပါ။ အေပၚမွာေျပာခဲ့သလို ပံုမွန္လမ္းေတြမွာ ေမာင္းႏွင္တဲ့အခါ ေရွ႕ဘီးေတြက ေနာက္ဘီးေတြထက္ ပိုမိုေဝးကြာတဲ့ အကြာအေဝးကို သြားရၿပီး အတြင္းဖက္ဘီးေတြက အျပင္ဖက္ဘီးေတြထက္ အကြာအေဝးပိုနည္းတဲ့ အဝန္းအဝိုင္းေတြကို ျဖတ္သန္းရပါတယ္ – ဝင္ရိုးႏွစ္ခုစလံုးကို 4WD ျဖစ္ေအာင္ Lock လုပ္ထားတဲ့အခါ ေကြ႕ေတြမွာ Understeer ျဖစ္လာပါ လိမ့္မယ္။

တစ္ခ်ဳိ႕ AWD ကားေတြမွာ 4WD ကားေတြလို Differential စနစ္ကို Lock လုပ္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ထည့္ ေပးထားတယ္။ အက်ဳိးဆက္အေနနဲ႔ လမ္းေခ်ာေမာင္းတဲ့အခါ ပံုမွန္ AWD စြမ္းပကားနဲ႔ ေမာင္းႏွင္ႏိုင္ၿပီး လမ္းၾကမ္းေတြမွာ Differential ကို Lock လုပ္ေမာင္းႏွင္လို႔ရေစတယ္။ ဒီလိုကားေတြထဲမွာ Land Rover ေတြက နာမည္ေက်ာ္ၿပီး နည္းပ ညာပိုင္းမွာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေပါင္းမ်ားစြာကတည္းက ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ေနာက္ထပ္ နည္းပညာတစ္ခုက Haldex Traction ကုမၸဏီက ထုတ္ထားတဲ့ Haldex 4WD စနစ္ျဖစ္ၿပီး ဒီစနစ္က ဘီးအားလံုးယက္ဖို႔လိုတဲ့ အေနအထားေတြမွာ အင္ဂ်င္လည္ပတ္အားကို ဝင္ရိုးႏွစ္ခုဆီ အလိုအေလ်ာက္ ျဖန္႔က်က္ေပးေပးပို႔ႏုိင္တယ္ – တကယ္တမ္းေျပာရရင္ အလိုအ ေလ်ာက္အလုပ္လုပ္ႏုိင္တဲ့ AWD စနစ္တစ္မ်ဳိးလို႔ ဆိုႏိုင္ပါတယ္။ Haldex 4WD ကို ေနာက္ပိုင္းထြက္ကားအမ်ားစုမွာ အသံုးျပဳလာတာကို ေတြ႕ရၿပီး ဥပမာအားျဖင့္ Ford Kuga နဲ႔ VW Golf R တို႔ကို ၾကည့္ႏုိင္ပါတယ္။

AWD နဲ႔ 4WD ႏွစ္မ်ဳိးမွာ ဘယ္တစ္မ်ဳိးက ပိုေကာင္းပါသလဲ?

AWD ေတြက လမ္းၾကမ္း၊ လမ္းေခ်ာ ႏွစ္မ်ဳိးစလံုးမွာ အဆင္ေျပေျပ ေမာင္းႏွင္ႏုိင္ၿပီး အႏၲရာယ္ကင္းရွင္းေရးအ တြက္လည္း ပိုမိုစိတ္ခ်ရတယ္။ ဒါေပမယ့္ AWD ကားေတြက ဆီစားမ်ား ပါတယ္။ 4WD ေတြ ေလးဘီးစလံုးယက္ခ်ိန္မွာ ေပးစြမ္းႏုိင္တဲ့ ရုန္းအားက AWD ေတြကို အမီလိုက္ႏုိင္ၿပီး လိုအပ္ခ်ိန္မွ 4WD Mode ကို ဖြင့္သံုးဖို႔လိုတာေၾကာင့္ AWD ေတြထက္ ဆီစားပိုသက္သာတယ္လို႔ ဆိုႏုိင္တယ္။ ဒါေပမယ့္ ေမာင္းႏွင္မႈ အေျခအေနအားလံုးအတြက္ 4WD Mode က အဆင္သိပ္မေျပပါဘူး။

ဒါ့အျပင္ စြမ္းေဆာင္ရည္ျမင့္ကားေတြကို ျပန္ၾကည့္တဲ့အခါ အမ်ားစုက ႏွစ္ဘီးယက္ကားေတြျဖစ္ေပမယ့္ နာမည္ ေက်ာ္ေမာ္ဒယ္လ္ေတြထဲမွာ AWD ကားေတြကိုလည္း ေတြ႕ရပါလိမ့္မယ္။ ဥပမာအားျဖင့္ Nissan GTR နဲ႔ Porsche 911 Turbo S တို႔လို ကားေတြပါ။ 4WD ေမာ္ဒယ္လ္ေတြထဲမွာေတာ့ Renault Kadjar ကို လူႀကိဳက္မ်ားၿပီး ေနာက္ပိုင္းထြက္ စြမ္းေဆာင္ရည္ျမင့္ကားေတြမွာလည္း 4WD က လႊမ္းမိုးလာတာကို ေတြ႕ရပါတယ္။