ကားဝယ်မယ့်သူအများစုကတော့ ကားဝယ်ဖို့ကြည့်တဲ့အခါ ကားနဲ့ပတ်သက်တဲ့အရေးကြီးအချက်တွေထက် ကားရဲ့ရုပ်ထွက်ပိုင်းကို ပိုကြည့်ပြီးဝယ်တာများတတ်ပါတယ်။ ကားရဲ့သွင်ပြင်ဆိုတာက ထည့်စဉ်းစားစရာအချက်တစ်ခုဖြစ်ပေမဲ့လည်း တကယ်မောင်းနှင်ရမယ့်သူအတွက်ကတော့ ကားအတွင်းခန်းအနေအထား (Cabin Design) ကသာ တကယ်အရေးပါတဲ့နေရာပါ။

အခုဖော်ပြပေးလိုက်တာက $30000 အောက်ဈေးနှုန်းနဲ့ရောင်းချနေတဲ့ကားတွေထဲမှာ အလန်းစားအတွင်းခန်းဒီဇိုင်းရှိတဲ့ ကား ၅ စီးအကြောင်းပဲဖြစ်ပါတယ်။ ဒီကား၅ စီးလွုံးမှာ A/C, power locks/widows/mirrors, cruise control, heated front seats, automatic transmission စတာတွေပါဝင်နေသလို Apple CarPlay နဲ့ Android Auto တွေကိုလည်း အသုံးပြုနိုင်မှာပါ။ လေ့လာကြည့်လိုက်ပါဦး…။

Hyundai Venue Ultimate ($24,899)

Drowsy-driver monitor အပါအဝင် standard navigation system နဲ့ အဓိကကျတဲ့လုံခြုံရေးလုပ်ဆောင်ချက်အားလုံးအတွက် ၈ လက်မအရွယ် Infotainment Touchscreen ပါရှိပါတယ်။ သန့်ရှင်းသပ်ရပ်မှု၊ သက်တောင့်သက်သာဖြစ်စေမှုနဲ့ ရိုးရှင်းမှုတွေနဲ့ က ဈေးပိုများတဲ့ အမျိုးအစားတူပြိုင်ဘက်အများစုထက် ပိုပြီးမျက်စိကျစရာဖြစ်လာခဲ့ပါတယ်။ seats နဲ့ trim pieces တွေရဲ့အရောင်အသွေးပိုကောင်းလာလို့ အတွင်းခန်းရဲ့ဒီဇိုင်းနဲ့လိုက်ဖက်ပြီး ဆွဲဆောင်မှုပိုရှိလာတာလည်းတွေ့ရပါတယ်။

Mazda CX-30 ($21,900 – $29,600)

Based on the Mazda3 sedan နဲ့ hatchback တွေကိုအခြေခံထားတဲ့ CX-30 crossover မော်ဒယ်လ်အသစ်က အရင်ကထက် အရည်အသွေးပိုမြင့်လာပြီး ပေးရတဲ့ဈေးနဲ့တကယ်ထိုက်တန်တယ်လို့ ခံစားရစေမှာပါ။ ပိုအဆင့်မြင့်လာတဲ့လုပ်ဆောင်ချက်တွေကို ပုံမှန်ထိန်းချုပ်မှုအတိုင်းပဲ လုပ်ဆောင်နိုင်စေတာကတော့ CX-30 ရဲ့ အထူးဝိသေသဖြစ်လာပါတယ်။ Buttons, Knobs နဲ့ Sliders တွေအားလုံးမှာ ညင်သာနူးညံ့တဲ့အထိအတွေ့ကိုခံစားရမှာဖြစ်ပြီး အားစိုက်ဖိနှိပ်ရတာမျိုးကိုလည်း မဖြစ်စေပါဘူး။ အလိုအလျောက်သိရှိနားလည်နိုင်စွမ်းရှိတဲ့ infotainment system ကြောင့် ကိုယ်ပေးထားတဲ့ control တစ်ခုကို ပြန်စစ်နေဖို့မလိုတော့ပါဘူး။ central knob နဲ့ buttons တွေက ရိုးရိုးရှင်းရှင်းပုံစံပါပဲ။ ဒါပေမဲံ့ သက်သက်သာသာရှိစေပါတယ်။ ထိုင်သူရဲ့ ခနာကိုယ်တည့်မတ်နေစေဖို့နဲ့ ကျောရိုးမနာကျင်ရစေဖို့ ဒီဇိုင်းထုတ်ဖန်တီးပေးထားတာလည်းဖြစ်ပါတယ်။

VW Jetta Execline ($29,095)

VW ရဲ့10-inch Digital Cockpit က Audi မှာပါတဲ့ပုံမျိုးပါ။ Dashboard ကနေ Map အထိ ဘအချက်အလက်ကိုမဆို အဆင်ပြေပြေကြည့်ရှုနိုင်စွမ်းရှိနေတာကြောင့် ယာဉ်မောင်း အနေနဲ့ အတော်လေးသက်သာအဆင်ပြေနိုင်မှာပါ။
၈ လက်မအရွယ် Support Touchscreen ကလည်း Infotainment နဲ့ Driving အတွက် လွယ်ကူမြန်ဆန်အောင် ဖန်တီးပေးပါလိမ့်မယ်။ Sound System အတွက်ကိုတော့ BeatsAudio က Titan Black နဲ့ Antler Beige leather ဒီဇိုင်း Jetta တွေကတော့ ဆွဲဆောင်မှုအရှိဆုံးဖြစ်နေပါတယ်။

Mini Cooper S Premiere+ ($29,440)

ပေါ့ပေါ့ပါးပါးမောင်းနှင်နိုင်တာကြောင့်လူကြိုက်များတဲ့ Mini Cooper S Premiere+ ရဲ့ အတွင်းဒီဇိုင်းကတော့ ထူးထူးခြားခြားပဲ retro နဲ့ modern အကေငွ့အသက် ၂ မျိုးလုံး ခံစားရစေပါတယ်။ Infotainment နဲ့ Connectivity System တွေကို ခေတ်ပေါ်ဒီဇိုင်းနဲ့ ဖန်တီးထားတာပါ။ Retro အငွေ့အသက်တွေကတော့ Infotainment system မှာရှိနေပြီး speedometer ကို 1959 ခုနှစ်ပုံစံမျိုးဖန်တီးထည့်သွင်းထားတာတွေ့ရပါတယ်။ Start/Stop အပါအဝင်Toggle Twitche တွေကို ခေါင်မိုးနဲ့ Dashboard အလယ်နားနေရာတွေမှာ တပ်ထားပြီး ကားရဲ့အရှိန်၊ အတွင်းခန်းအပူချိန်နဲ့ ဖုန်းအဝင် call အခြေအနေတွေကိုလိုက်ပြီး အရောင်ပြောင်းသွားတဲ့ LED light screen က သဘောကျစရာအကောင်းဆုံး Feature တစ်ခုပါ။ Android Auto compatibility မဖြစ်တာနဲ့ heated steering wheel မပါတာတွေကတော့ ပြောချင်စရာပါ။

Chevrolet Malibu LT True North Edition ($29,748)

Chevrolet ရဲ့ Infotainment 3 system က သပ်သပ်ရပ်ရပ်နဲ့ ထိန်းချုပ်ဆောင်ရွက်ရလွယ်တဲ့ခပ်ရှင်းရှင်းဒီဇိုင်းမျိုးပါ။
Malibu LT True North Edition မှာ ကားကို ဆယ်ကျော်သက်အရွယ်တွေမောင်းမယ်ဆိုရင် တချို့လုပ်ဆောင်ချက်တွေအတွက် ကန့်သတ်ထားလို့ရတဲ့စနစ်နဲ့ သူတို့မောင်းနှင်ခဲ့တဲ့အခြေအနေတွကိုလည်း report card နဲ့ ပြန်ပြပေးမယ့်စနစ် တွေလို ထူးထူးခြားခြား Feature တချို့လည်း ပါဝင်လာပါတယ်။ True North package နဲ့ဝယ်ရင် Blind-spot monitoring, Large moonroof နဲ့ Driver confidence Function တွေပါလာမှာပါ။ Heated steering wheel ကတော့ Version တိုင်းမှာမပါဘဲ Standard Version ဈေးထက် $30K လောက်ပိုများတဲ့ LT Plus package မှာပဲပါဝင်မှာဖြစ်ပါတယ်။

(Zawgyi)

ကားဝယ္မယ့္သူအမ်ားစုကေတာ့ ကားဝယ္ဖို႔ၾကည့္တဲ့အခါ ကားနဲ႔ပတ္သက္တဲ့အေရးႀကီးအခ်က္ေတြထက္ ကားရဲ႕႐ုပ္ထြက္ပိုင္းကို ပိုၾကည့္ၿပီးဝယ္တာမ်ားတတ္ပါတယ္။ ကားရဲ႕သြင္ျပင္ဆိုတာက ထည့္စဥ္းစားစရာအခ်က္တစ္ခုျဖစ္ေပမဲ့လည္း တကယ္ေမာင္းႏွင္ရမယ့္သူအတြက္ကေတာ့ ကားအတြင္းခန္းအေနအထား (Cabin Design) ကသာ တကယ္အေရးပါတဲ့ေနရာပါ။

အခုေဖာ္ျပေပးလိုက္တာက $30000 ေအာက္ေဈးႏႈန္းနဲ႔ေရာင္းခ်ေနတဲ့ကားေတြထဲမွာ အလန္းစားအတြင္းခန္းဒီဇိုင္းရွိတဲ့ ကား ၅ စီးအေၾကာင္းပဲျဖစ္ပါတယ္။ ဒီကား၅ စီးလြုံးမွာ A/C, power locks/widows/mirrors, cruise control, heated front seats, automatic transmission စတာေတြပါဝင္ေနသလို Apple CarPlay နဲ႔ Android Auto ေတြကိုလည္း အသုံးျပဳႏိုင္မွာပါ။ ေလ့လာၾကည့္လိုက္ပါဦး…။

Hyundai Venue Ultimate ($24,899)

Drowsy-driver monitor အပါအဝင္ standard navigation system နဲ႔ အဓိကက်တဲ့လုံၿခဳံေရးလုပ္ေဆာင္ခ်က္အားလုံးအတြက္ ၈ လက္မအ႐ြယ္ Infotainment Touchscreen ပါရွိပါတယ္။ သန႔္ရွင္းသပ္ရပ္မႈ၊ သက္ေတာင့္သက္သာျဖစ္ေစမႈနဲ႔ ႐ိုးရွင္းမႈေတြနဲ႔ က ေဈးပိုမ်ားတဲ့ အမ်ိဳးအစားတူၿပိဳင္ဘက္အမ်ားစုထက္ ပိုၿပီးမ်က္စိက်စရာျဖစ္လာခဲ့ပါတယ္။ seats နဲ႔ trim pieces ေတြရဲ႕အေရာင္အေသြးပိုေကာင္းလာလို႔ အတြင္းခန္းရဲ႕ဒီဇိုင္းနဲ႔လိုက္ဖက္ၿပီး ဆြဲေဆာင္မႈပိုရွိလာတာလည္းေတြ႕ရပါတယ္။

Mazda CX-30 ($21,900 – $29,600)

Based on the Mazda3 sedan နဲ႔ hatchback ေတြကိုအေျခခံထားတဲ့ CX-30 crossover ေမာ္ဒယ္လ္အသစ္က အရင္ကထက္ အရည္အေသြးပိုျမင့္လာၿပီး ေပးရတဲ့ေဈးနဲ႔တကယ္ထိုက္တန္တယ္လို႔ ခံစားရေစမွာပါ။ ပိုအဆင့္ျမင့္လာတဲ့လုပ္ေဆာင္ခ်က္ေတြကို ပုံမွန္ထိန္းခ်ဳပ္မႈအတိုင္းပဲ လုပ္ေဆာင္ႏိုင္ေစတာကေတာ့ CX-30 ရဲ႕ အထူးဝိေသသျဖစ္လာပါတယ္။ Buttons, Knobs နဲ႔ Sliders ေတြအားလုံးမွာ ညင္သာႏူးညံ့တဲ့အထိအေတြ႕ကိုခံစားရမွာျဖစ္ၿပီး အားစိုက္ဖိႏွိပ္ရတာမ်ိဳးကိုလည္း မျဖစ္ေစပါဘူး။ အလိုအေလ်ာက္သိရွိနားလည္ႏိုင္စြမ္းရွိတဲ့ infotainment system ေၾကာင့္ ကိုယ္ေပးထားတဲ့ control တစ္ခုကို ျပန္စစ္ေနဖို႔မလိုေတာ့ပါဘူး။ central knob နဲ႔ buttons ေတြက ႐ိုး႐ိုးရွင္းရွင္းပုံစံပါပဲ။ ဒါေပမဲံ့ သက္သက္သာသာရွိေစပါတယ္။ ထိုင္သူရဲ႕ ခနာကိုယ္တည့္မတ္ေနေစဖို႔နဲ႔ ေက်ာ႐ိုးမနာက်င္ရေစဖို႔ ဒီဇိုင္းထုတ္ဖန္တီးေပးထားတာလည္းျဖစ္ပါတယ္။

VW Jetta Execline ($29,095)

VW ရဲ႕10-inch Digital Cockpit က Audi မွာပါတဲ့ပုံမ်ိဳးပါ။ Dashboard ကေန Map အထိ ဘအခ်က္အလက္ကိုမဆို အဆင္ေျပေျပၾကည့္ရႈႏိုင္စြမ္းရွိေနတာေၾကာင့္ ယာဥ္ေမာင္း အေနနဲ႔ အေတာ္ေလးသက္သာအဆင္ေျပႏိုင္မွာပါ။
၈ လက္မအ႐ြယ္ Support Touchscreen ကလည္း Infotainment နဲ႔ Driving အတြက္ လြယ္ကူျမန္ဆန္ေအာင္ ဖန္တီးေပးပါလိမ့္မယ္။ Sound System အတြက္ကိုေတာ့ BeatsAudio က Titan Black နဲ႔ Antler Beige leather ဒီဇိုင္း Jetta ေတြကေတာ့ ဆြဲေဆာင္မႈအရွိဆုံးျဖစ္ေနပါတယ္။

Mini Cooper S Premiere+ ($29,440)

ေပါ့ေပါ့ပါးပါးေမာင္းႏွင္ႏိုင္တာေၾကာင့္လူႀကိဳက္မ်ားတဲ့ Mini Cooper S Premiere+ ရဲ႕ အတြင္းဒီဇိုင္းကေတာ့ ထူးထူးျခားျခားပဲ retro နဲ႔ modern အေကငြ႕အသက္ ၂ မ်ိဳးလုံး ခံစားရေစပါတယ္။ Infotainment နဲ႔ Connectivity System ေတြကို ေခတ္ေပၚဒီဇိုင္းနဲ႔ ဖန္တီးထားတာပါ။ Retro အေငြ႕အသက္ေတြကေတာ့ Infotainment system မွာရွိေနၿပီး speedometer ကို 1959 ခုႏွစ္ပုံစံမ်ိဳးဖန္တီးထည့္သြင္းထားတာေတြ႕ရပါတယ္။ Start/Stop အပါအဝင္Toggle Twitche ေတြကို ေခါင္မိုးနဲ႔ Dashboard အလယ္နားေနရာေတြမွာ တပ္ထားၿပီး ကားရဲ႕အရွိန္၊ အတြင္းခန္းအပူခ်ိန္နဲ႔ ဖုန္းအဝင္ call အေျခအေနေတြကိုလိုက္ၿပီး အေရာင္ေျပာင္းသြားတဲ့ LED light screen က သေဘာက်စရာအေကာင္းဆုံး Feature တစ္ခုပါ။ Android Auto compatibility မျဖစ္တာနဲ႔ heated steering wheel မပါတာေတြကေတာ့ ေျပာခ်င္စရာပါ။

Chevrolet Malibu LT True North Edition ($29,748)

Chevrolet ရဲ႕ Infotainment 3 system က သပ္သပ္ရပ္ရပ္နဲ႔ ထိန္းခ်ဳပ္ေဆာင္႐ြက္ရလြယ္တဲ့ခပ္ရွင္းရွင္းဒီဇိုင္းမ်ိဳးပါ။
Malibu LT True North Edition မွာ ကားကို ဆယ္ေက်ာ္သက္အ႐ြယ္ေတြေမာင္းမယ္ဆိုရင္ တခ်ိဳ႕လုပ္ေဆာင္ခ်က္ေတြအတြက္ ကန႔္သတ္ထားလို႔ရတဲ့စနစ္နဲ႔ သူတို႔ေမာင္းႏွင္ခဲ့တဲ့အေျခအေနတြကိုလည္း report card နဲ႔ ျပန္ျပေပးမယ့္စနစ္ ေတြလို ထူးထူးျခားျခား Feature တခ်ိဳ႕လည္း ပါဝင္လာပါတယ္။ True North package နဲ႔ဝယ္ရင္ Blind-spot monitoring, Large moonroof နဲ႔ Driver confidence Function ေတြပါလာမွာပါ။ Heated steering wheel ကေတာ့ Version တိုင္းမွာမပါဘဲ Standard Version ေဈးထက္ $30K ေလာက္ပိုမ်ားတဲ့ LT Plus package မွာပဲပါဝင္မွာျဖစ္ပါတယ္။

Ref: Driving “The 5 best interiors in vehicles under $30,000”