Dongfeng en 007  Sedan ရဲ့ ရောင်းဈေးကို ဖေါ်ပြလိုက်ပြီး ( 159,600  Yuan – 199.600 Yuan ) ဈေးအတွင်း တရုတ်မှာရောင်းချပါမယ်။ Oddly အမည်ဖြစ်တဲ့  en 007 မှာ EV Version အပြင် EREV နဲ့ BEV Versions များ အပါအဝင် Options ( ၄ ) မျိုး ရနိုင်ပါမယ်။ en ဆိုသည်မှာ Dongfeng Aeolus ရဲ့ လက်အောက်ခံ High – end EV  Brand ဖြစ်ကာ 2023 Shanghai Autos Show မှာ စမိတ်ဆက်ခဲ့ ပါတယ်။ en 007 က ပထမဆုံး Model ဖြစ်ပြီး 2023 November မှာ ကနဦး မိတ်ဆက်ခဲ့ကာ 2024 March မှာ အရောင်းစတင်မှာဖြစ်ပြီး en 007 က Medium – to – Large Sedan Type အဖြစ် Fastback Design ပုံစံဖန်တီးထားကာ အလျားက ( 4880 mm ) ခန့်ရှိ ပါတယ်။

Base Model 200 Pro က EREV Type ဖြစ်ပြီး EV နဲ့  ICE ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်ကာ Power Generator က ဘီးများနဲ့  မချိတ်ဆက်ထားသေးပါ။  200 Pro မှာ ( 28. 39 kwh battery ) နဲ့ ( 160 kw output Electric Motor ) တို့ပါဝင်ပြီး ( 1.5 LI CB Engine ) နဲ့ ချိတ်ဆက်ထားပါတယ်။ All EV Variant 530 Pro မှာ ဆိုရင် (56.83 kwh ) Battery ) နဲ့ Single Motor တို့ Long Range Version 620 Pro မှာတော့ ( 70.26 kwh Battery ) တို့ပါဝင်ပြီး ( 620 km of Range ) အထိ အသုံးပြုနိုင်ပါတယ်။ အမြင့်ဆုံး 540 Max က ( AWD Type ) ဖြစ်ကာ ( Combined 400 kw ) ရှိတဲ့ Electric Motor ( ၂ ) လုံး ပါဝင်ပါတယ်။

en 007 မှာ ဘောင်ပျောက်တံခါးများ ၊ အမြှုပ်တံခါး လက်ကိုင် ၊ Electric Rear Wing တို့ ပါဝင်ပြီး Electric Scissor Door ကိုတော့ Optional  ရနိုင်မှာဖြစ်ပါတယ်။ သပ်ရပ်ခမ်းနားတဲ့  အတွင်းခန်းအခင်းအကျင်း မြင်တွေ့ရပြီး ( 15.6 – inch Center  Screen ) နဲ့ ( 8.8 – inch Digital Cluster ) တို့ ပါဝင်ကာ SOA အမျိုးအစား Coclepit Operation System ၊ Lidars L2 Level Autonomous Driving တို့ နှင့် ( V2v , V 2 L , V2G ) စနစ်တို့လည်း ရနိုင်ပါတယ်။