FIAT ၏ Performance Arm ဖြစ်သည့် Abarth သည် 595 City Car ၏ Limited – run Edition Model အား Australia တွင် မိတ်ဆက်လိုက်သည်။ ၎င်းအား Abarth 595 Scarpioneoro ဟု ခေါ်ဆိုပြီး ၎င်း၏ Homage Model ဖြစ်သည့် A 112 Abarth Gold Ring Model အား အစင်းရေ ( တရာ့ငါးဆယ် ) သာ ထုတ်လုပ်မည်ဖြစ်သော်လည်း Abarth 595 Scorpioneoro ကိုမူ ကမ္ဘာအနှံ့ တွင် အစင်းရေနှစ်ထောင်ထုတ်လုပ်မည်ဖြစ်ကာ Australia ဈေးကွက်အတွက် အစင်းသုံးဆယ်သာ ကန့်သတ်ရောင်းချပါမည်။ ကားများတွင် ( နံပါတ်စဉ် ) များပါဝင်မည်ဖြစ်ကာ ( Gold Plate ) ဖြင့် ရေးထိုးထားပါမည်။ အဆိုပါ အထူးထုတ် Model တွင် – Fiat 595 ပုံမှန် Model တွင် ပါဝင်သည့် ( 1.4 L Turbocharged I4 Engine ) ၊ 121 kw /230 Nm ) အင်ဂျင်တပ်ဆင်ထားသည်။ ကား၏ ဘောနပ်ဖုံးနှင့် Side Stripes တို့တွင် Gold Highlights ပုံဖေါ်မှုများ ၊ ( 17 – inch Wheel ) ၊ ( Tar Cold Gray Door Handle ) အစရှိသည့် အခင်းအကျင်းများလည်းပါဝင်မည်။ ကားအတွင်းခန်းတွင် အထူးဖန်တီးထားသည့် Leather Scorpionflage Sport Seats များ ခင်းကျင်းထားကာ Trim Name နှင့် အတူ Italian Flag Color ကိုလည်း ခေါင်းမှီတွင် တပ်ဆင်ထားမည်။ အနက်ရောင် Dashboard ၊ Beats Audio System ၊ စသည့် Features များလည်းပါဝင်မည်။ ၎င်းတွင် ( 5 – Speed Manual Gearbox ) Standard ပါဝင်ကာ ( 5 – Speed Single Clutch Auto Gear ) ကို Optional မှာယူနိုင်မည်ဖြစ်ကာ ( ရှေ့ဘီးယက်စနစ် ) အမျိုးအစားဖြစ်သည်။ Black Body နှင့် Gold Highlight အခင်းအကျင်းတို့သည် Limited Edition Model အတွက်သာဖြစ်သည်။