Unicode Version…
ပြီးခဲ့တဲ့နိုဝင်ဘာ ၇ ရက်က ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ မြန်မာ့တစ်နှစ်တာ အကောင်းဆုံးကားဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ကားတွေအကြောင်းကို Drive ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။ဒါမှသာဒီကားတွေက ဘယ်လိုအပိုင်းတွေမှာ သာလွန်ကောင်းမွန်တယ်၊ ဘယ်လောက်နှုန်းထားတွေရှိတယ်။ ဘယ်လိုစွမ်းဆောင်ရည်တွေ ပါသလဲဆိုတာကို လေ့လာနိုင်မှာဖြစ်ပါတယ်။
1- Hatchback Of The Year (Peugeot 308)
Hatchback တစ်စီးနဲ့မမျှအောင်ကို Safety တွေ၊Performance တွေပါဝင်တဲ့ 308 က Peugeot ရဲ့ ဒီဇိုင်းပုံစံ Theme အတိုင်းပုံဖော်ထားပြီး Full LED Technology ရှေ့မီးကြီးတွေ၊ နောက်ပြီးအလိုအလျောက် မီးအတင် အချစနစ်ပါဝင်သလို Auto Wiper စနစ်၊ Peugeot Signature Lion’s Claw Design ပုံစံဖြစ်တဲ့ ခြင်္သေ့ လက်သည်းခြစ်ရာပုံစံမျိုးဖန်တီးထားတဲ့ LED နောက်မီးတွေ၊ Dual Ventilation System အဲကွန်းတွေအပြင် Air Bag 6 လုံးတောင်သုံးစွဲထားတာကိုကြည့်ရင် 308 ကဥရောပကားပီပီ Safety ကိုဦးစားပေးထားတယ် ဆိုတာလည်းပေါ်လွင်စေပါတယ်။ ဆင်ဆာ ၈ လုံးပါဝင်ပြီး ABS,EBD,EBAနဲ့ ESP တို့လိုအရေးပေါ်ဘရိတ် အုပ်ပေးတဲ့စနစ်တွေလည်းပါဝင်ပါသေးတယ်။ Traction Control System လိုလမ်းမချော်စေဖို့ထိန်းချူပ် ပေးတဲ့စနစ်တွေပါဝင်ပါတယ်။ တော်တော်လေးပြီးပြည်စုံတဲ့ ကားလေးပါ။
Price: USD 58,700
Available Total Seating – 5
Engine Type – 1.6 L
Fuel – Petrol
Fuel consumption- 6.5L(100km/L)
Drive – 2WD
Max.output – 160 HP/rpm 3500
License- No YGN Plate Automatically
2-Compact Sedan Of The Year (Mazda 3)
အီတလီနိုင်ငံရဲ့ နာမည်ကျော်Supercarတွေရဲ့ ပုံစနဲ့ တူပေမယ့် ဂျပန်နိုင်ငံရဲ့ Sedan ကားတစ်စီးဖြစ် တဲ့ Mazda 3 ကားမှာ လျှင်မြန်ဖျက်လက်မှု ၊ အတွင်းခန်း ကျယ်ဝန်းမှုတွေနဲ့အတူ ပေ့ါပါးသွက်လက်မှုတွေကို တချို့ သော သူတွေက ထင်ရှားစွာ လက်တွေ့ သိမြင်နေကြ ပါပြီ။ ကိုင်တွယ် မောင်းနှင်ရတာ Sport ကား တစ်စီးလိုပါပဲ။ မြန်နှုန်းမြင့် အင်ဂျင်တွေကို ရွေးချယ်နိုင်ပြီး ခိုင်မာ တဲ့ Suspension နဲ့ စတီ်ယာရင်စနစ်၊ ယုံကြည် အား ထားရလောက်တဲ့ Safety System တွေပါဝင်ပါတယ်။ Mazda 3 ကားက သင့်ရဲ့ ကလေးတွေကို ကျောင်းပို့ဖို့ အတွက် သက်သောင့် သက်သာ ဖြစ်စေနိုင်ပါတယ်။ လမ်းပေါ်မှာ အကွေ့ အဝိုက်တွေနဲ့ လျှင်မြန်စွာ မောင်း နှင်နိုင်ပြီး ရင်ဖိုစရာ စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
Price – (Starting from 38,999 USD)
Available Total Seating – 5
Engine Type – SkyActiv 1.5 L
Fuel – Petrol
Fuel consumption- 17.5 km/L
Drive – 2WD
Max.output – 105 HP/rpm 6000
License- No YGN Plate Automatically
3-Mid Size Sedan Of The Year (Chevrolet Malibu)
Chevy Malibu model ဟာ နဝမမြောက် မျိုးဆက်ဖြစ်ပါတယ်။ အာရှဒေသမှာတော့ Chevy Malibu အရွယ်အစားဟာ Larger Luxury ကားအရွယ်အစားနဲ့ ညီမျှပါ တယ်။ Chevy Malibu ကားမှာ All ပါဝါသုံးထားပါတယ်။ ကားဒီဇိုင်းပုံစံက စတိုင်ကျပြီး ချောမွေ့တောက်ပြောင်လှပ ခန့်ညားနေပါတယ်။ အတွင်းပိုင်း interior အလှဆင် ထားတာလည်း တော်တော်ကောင်းပါတယ်။ ဒတ်ချ်ဘုတ်မှာ အလှဆင် ထားတာလည်း အောချလောက်အောင် ကောင်းလွန်းပါတယ်။ စတီယာရင်အပူပေးစနစ်မပါတာကလွဲရင် ကျန်တာတွေက အမေရိမှာရောင်းတဲ့ ဂရိတ်အတိုင်းပြည်တွင်းမှာရောက်ရှိနေတာလို့ သိရပါတယ်။
Price – USD 55000
Available Total Seating – 5
Engine Type – 2.0 L DOHC Turbo
Fuel – Petrol
Fuel consumption- 26MPG
Drive – FWD
Max.output – 253HP / 5,300 rpm
License- No YGN Plate Automatically
2018 Chevrolet Malibu
4-Prestige Sedan Of The Year ( Jaguar XF (R Sport))
Jaguar ရဲ့ XF မော်ဒယ်က XE ထက်ပိုကြီးပြီး ဇိမ်ခံစပေါ့ဆီဒင်အဖြစ်ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ထိုင်ရတာအဆင်ပြေစေမယ့်ထိုင်ခုံတွေ၊ ဇိမ်ကျစေမယ့် လည်သာတွေ၊ ကောင်းမွန်တဲ့ အသံပိုင်းဆိုင်ရာတွေ၊ နည်းပညာတွေကို တနင့်တပိုးထည့်သွင်းပေးထားပါတယ်။ All Surface Progress Control,Pedestrian Contact Sensing,Lane Departure Warning + Lane Keep Assis,Advanced Parking Assist Pack(Includes 360 Park Distance Control and Perpendicular Parking System,Cruise Control,Pedestrian Contact Sensing တို့လိုလုံခြုံရေးစနစ်တွေအပြင် မြင်းကောင်ရေ ၃၃၅ ထွက်ရှိမယ့် အင်ဂျင်စနစ်ကြောင့် လမ်းမတွေထက်မှာ ပြိုင်ကားတစ်စီးလိုစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ရုပ်သွင်ကလည်း လှပပြီးခန့်ထည်မှူပုံစံကို ပြသနေပါတယ်။
Price – USD 179500
Available Total Seating – 5
Engine Type – 3.0L V6 Supercharged
Fuel – Petrol
Fuel consumption- 8.3 l/100km
Drive – RWD
Max.output – 335 HP @ 6,500 rpm
License- No YGN Plate Automatically
HyperFocal: 0
5-Crossover Of The Year( Mazda CX-3)
ဒီကားက Crossover Compact SUV အနေနဲ့ ထုတ်ထားတာဖြစ်ပြီး မြို့တွင်းလမ်းတွေမှာ ပါကင် ထိုးရတာလွယ်သလို အကွေ့အပြုတွေမှာလည်း အဆင် ပြေစေပါလိမ့်မယ်။ CX-5 အသေးစားအသွင်ယူထားပေ မယ့် အတွင်းခန်းပုံစံနဲ့ ပါဝင်တဲ့ Features တွေကတော့ နည်းနည်းကွဲသွားပါတယ်။ CX-3 မှာLeather Seats အပြင် ယာဉ်ပေါ်လိုက်ပါသူများလုံခြုံမှုအတွက် လေအိတ် ၆ လုံး၊LED Daytime Running Light , LED HeadLamps , Electronic Door Locks, MAZDA Commander Control, Seat Memory ,ISOFIX , Head Up Display နဲ့ Cruise Control လို Feature တွေပါဝင်ပါတယ်။
Price – Starting From USD 43,999
Available Total Seating – 5
Engine Type – SKYACTIV G 2.0 L
Fuel – Petrol
Fuel consumption- 14.9 km/l
Drive – FWD
Max.output – 146 HP / 6000 rpm
License- No YGN Plate Automatically
6-Compact SUV of The Year( Mazda CX-5)
Mazda ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ sport ကားအားလုံးက ကြံ့ခိုင်မှုရှိတာကို CX-5 compact SUV ကားမှာတောင် လက်တွေ့ သိမြင်နိုင်ပါ လိမ့်မယ်။ ခိုင်မာတောင့်တင်းမှု ရှိတဲ့ ကိုယ်ထည် နဲ့ တိကျ သေချာ မှုရှိတဲ့ စတီယာရင်ကွင်းတွေ ပါဝင်လို့ အလှည့် အပြောင်း လုပ်ဆောင်ရာမှာ လွယ်ကူစေပါလိမ့်မယ်။ အဆင့်အ တန်းမြင့်တဲ့ လုပ်ဆောင်ချက်တွေက ပြိုင်ဘက် ကားတွေကို အမီလိုက်နိုင်မှာပါ။ အတွင်းခန်း အပြင် အဆင်က ခေတ်မီ သေသပ်လှပပြီး User friendly infotainment system နဲ့ high-teach safety feature တွေပါဝင် ပါတယ်။ အဆင့်မြင့် ဘေးကင်းလုံခြုံရေး စနစ် တွေ ဖြစ်တဲ့ Smart City Braking system , Adaptive Cruise Control, Head up displayနဲ့ တခြားသော စနစ်တွေများစွာပါဝင်ပါတယ်။ မိသားစုစီးနိုင်တဲ့ အရည် အ သွေးမြင့်မားတဲ့ ကားတစ်စီး ဖြစ်ပြီး စိတ်သက်သောင့် သက်သာရှိမှုနဲ့ ပျှော်ရွှင်မှုတွေကို ပေးစွမ်းနိုင်မယ့် ကားအ မျိုးအစားဖြစ်ပါတယ်။
Price – Starting from 43,999 USD
Available Total Seating – 5
Engine Type – SKYACTIV G 2.0 L
Fuel – Petrol
Fuel consumption- 14.4 km/L
Drive – AWD
Max.output – 162 HP / 6000 rpm
License- No YGN Plate Automatically
7-Mid Size SUV Of The Year( KIA Sorento)
Mid size SUV ဖြစ်ပြီးခုံ ၃ တန်းပါလို့ လူများများစီးနိုင်သလို အသစ် Version မှာ Safety ပိုင်းကိုအရမ်းအသားပေးထားသလို ရုပ်ထွက် ပိုင်းကလည်း ပိုလန်းလာတယ်။ Xeon ရှေ့မီးကြီး ၊ လေးထောင့်ပုံ Fog Lamp ၊ GT alloy ၊ အတွင်းခန်းက All black package ကြောင့် အဆင့်မြင့်ကားဆိုတာ မပြောဘဲသိနိုင်တယ်။ နည်းပညာအစွမ်းကို ချပြနေတဲ့ KIA ရဲ့အထင်ကရထုတ်ကုန်တစ်ခုလို့ဆိုနိုင်ပါတယ်။ Peddle Shifter ၊ Mode 4 မျိုးပြောင်းနိုင်တဲ့ မောင်းနှင်မှုစနစ်၊ အသစ်ပါဝင်လာတဲ့ 360 Camera တွေကြောင့် ဒီကားက Sporty စတိုင် ထုတ်လို့ရသွားမှာပါ။ ပြီးတော့ ကားရဲ့ cargo ထည့်တဲ့နေရာမှာ ပစ္စည်းတွေအများအပြားတင်ဆောင်ခဲ့ရင် suspension ကအလိုအ လျောက်မြင့်တက်သွားပြီး တည်ငြိမ်မှုနဲ့ လုံလောက်တဲ့မြေပြင်ကင်းလွတ်ပမာဏမျိုးရောက်အောင် ပြုလုပ်ပေးတဲ့စနစ်လည်းပါဦး မှာဖြစ်ပါတယ်။ ပေးရတာနဲ့တန်တာကို ပြန်ရပါလိမ့်မယ်။ ဈေးကတော့ $66,500 ဖြစ်ပါတယ်။
Price – $66,500
Available Total Seating – 7
Engine Type – 2.2 L CRDi
Fuel – Diesel
Fuel consumption- 1 gallon/ 25 miles
Drive – AWD
Max.output – 200 HP / 3800 rpm
License- No YGN Plate Automatically
8-MPV Of The Year( GAC GM8)
ဒီကားက GAC ရဲ့ high-end level အတွက်ထုတ်တဲ့ Flagship 8-Series မော်ဒယ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး သူတို့ရဲ့ပထမဆုံး MPV ထုတ်လုပ်မှုလည်းဖြစ်ပါတယ်။ ရုပ်ထွက်ပိုင်းကတော့ GAC ရဲ့ Flying Dynamics design ကိုပဲအခြေခံထုတ်လုပ်ထားသလို အင် ဂျင်ပါဝါကလည်း GS8 နဲ့အတူတူပါပဲ။ဒါပေမဲ့ စွမ်းအင်ထွက်ရှိမှုက 200 hp ထွက်ရှိပြီး GAC ထုတ်မော်ဒယ်တွေထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံးမော်ဒယ်တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ သူ့မှာထူးခြားတဲ့ပါဝင်မှုတွေကတော့ Message function ပါထိုင်ခုံတွေ၊ ၁၀ လက်မ Touch Screen ၊ မတော်တဆကားတိမ်းမှောက်ခဲ့ရင်လိမ့်မသွားစေမယ့် နည်းပညာ၊Adaptive Cruise Control (ACC) ၊ ၃၂ ရောင်အထိပြောင်းနိုင်တဲ့ ကားအတွင်းမီး၊ လေအေးပေးခြင်းကို အလိုအလျောက်ထိန်းညှိပေးနိုင်တဲ့ စနစ်၊ပြီးတော့ GAC ရဲ့များပြားလှတဲ့ လုံခြုံရေးစနစ်တွေထည့်သွင်းထားပါတယ်။ ရုပ်ထွက်ပိုင်းရော၊နည်းပညာပိုင်းပါကောင်းမွန်တဲ့ အဆင်မြင့် မိသားစု ၇ ယောက်စီး MPV လို့ဆိုရမှာပါ။
Price – USD 69,888
Available Total Seating – 7
Engine Type – 2.0 L Turbo
Fuel – Petrol
Fuel consumption- 8.9L/100km
Drive – FWD
Max.output – 200 HP
License- No YGN Plate Automatically
9-Prestige Compact SUV Of The Year & Car Of The Year (Jury’s Choice)- Volvo XC 60
XC 90 ရဲ့ညီအကိုမော်ဒယ်လို့ ပြောလို့ရတဲ့ XC 60 က Sport ပိုဆန်သွားသလိုစွမ်းဆောင်ရည်ပိုင်းမှာတော့ XC 90 ကိုလိုက်မီပါတယ်။ Safety နဲ့ Luxury Features ပိုင်းတွေမှာလည်း တူညီပြီး ပစ္စည်းတင်တဲ့အခန်းတွေကလည်း ကျယ်ဝန်းလှပါတယ်။ Premium အဆင့် ကားမျိုးဖြစ်ပြီး လှပမှု၊ပြေပြစ်မှုတို့အပြင် ခန့်ညားမှုတွေကိုပါ ပိုင်ဆိုင်ထားတဲ့ ကားမျိုးဖြစ်ပါတယ်။ လေသန့်စင်ပေးတဲ့စနစ်၊ ၃၆၀ ဒီဂရီကင်မရာ၊ အာရုံခံဆင်ဆာတွေ၊ သောတရသကို အပြည့်အဝခံစားစေနိုင်မယ့် အသံစနစ်တွေ၊Driver အထောက်အကူပြု ခေတ်မီနည်းပညာတွေနဲ့ အကောင်းဆုံးသော အရာတွေကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Price – USD 125000
Available Total Seating – 5
Engine Type – 2.0 L turbocharged
Fuel – Petrol
Fuel consumption- 7.7 (L/100km)
Drive – AWD
Max.output – 310 HP
License- No YGN Plate Automatically
The new Volvo XC60
10- Prestige SUV Of The Year –( Volvo XC 90 T8 (EXC))
ဒီကားကတော့ လက်ရှိပြည်တွင်းဈေးကွက်မှာ Hybrid Model အဖြစ်ရှားရှားပါးပါးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ T6 နဲ့မတူဘဲ ခုံ ၂ တန်းနဲ့ ၄ ယောက်စီးအဖြစ်ဖန်တီးထားပြီး လုံးဝကို Business Class ပုံစံဖန်တီးထားတာဖြစ်ပါတယ်။ သူဋ္ဌေးသူကြွယ်တွေအတွက် ဇိမ်ခံစရာ Crystal ဝိုင်ခွက်တွေ၊နောက်ခန်းကနေ ပြန်လည်ထိန်းချုပ်နိုင်မယ့်စနစ်တွေ၊ ခြေတင်တွေ၊ပြီးပြည့်စုံတဲ့ Features တွေ၊ လုံခြုံရေးစနစ်ကောင်းတွေ အပြင် Air Suspension စနစ်တွေကြောင့် အလွန့်အလွန်ကို ခမ်းနားပြီး ဆန်းပြားတဲ့အတွေ့အကြုံတွေကို ပေးစွမ်းနိုင်တဲ့ကားဖြစ်ပြီး အဆင့်တန်းမီ Luxury ကားတစ်စီးလို့ ဆိုရပါလိမ့်မယ်။
Price – USD 210,000
Available Total Seating – 4
Engine Type – 2.0L Supercharged and turbocharged
Fuel – Petrol / Electric
Fuel consumption- 9.5 (L/100km)
Drive – AWD
Max.output – 410 HP
License- No YGN Plate Automatically
11- Pick Up Of The Year ( Ford Ranger Wildtrak)
သူ့ပုံစံက အရင်မော်ဒယ်ဟောင်းကိုပဲ အခြေခံထားပြီး အမေရိကန်ကားပီပီမိုက်ကန်းကန်းရုပ်သွင်မျိုးကို ဝင့် ကြွားမှုတွေနဲ့ သရုပ်ဖော်ထားပါတယ်။ နောက်ပြီး စတိုင်ကျတဲ့ ရုပ်ထွက်ပြောင်းလဲမှုတွေနဲ့ အတူ ပိုပြီးတော့ သေသပ်ကျစ်လျစ်လာတယ်။ အတွင်းခန်းက ကျယ်ကျယ်ဝန်းဝန်းရှိလှပြီး အနက်ရောင်ဆန်ဆန် ပြိုင်ကားဒီဇိုင်းပုံစံတည်ဆောက် ပေးထားတာကို တွေ့ရ မှာလည်း ဖြစ်ပါတယ်။ Everest ရဲ့နည်းပညာတော်တော်များများကို ထည့်သွင်းထားလို့ အရမ်းကိုဆန်းသစ် တဲ့မော်ဒယ်ဖြစ် သွားပါတယ်။ လမ်းကြောင်းအကူစနစ်နဲ့ လမ်းကြောင်းပေါ် မောင်းနှင်မှုသတိပေးစနစ်၊ လျင်မြန်ဖျတ်လက်တဲ့ မောင်း နှင်ထိန်းချုပ်မှုစနစ်တွေနဲ့အတူ ယာဉ်မတော်တဆမှုကို သတိပေးစနစ်တွေကို New Ford Ranger မှာ ထည့်သွင်းထုတ် လုပ်ပေးထားပါတယ်။
Price – USD 48,995
Available Total Seating – 5
Engine Type – Duratorq TDCi 3.2 L
Fuel – Diesel
Fuel consumption- N/A
Drive – 4WD
Max.output – 2000 HP
License- YGN Plate Automatically
12-Best Value Car Of The Year ( Mitsubishi Attrage)
Mirage နဲ့ Platform တူပြီး Sedan အဖြစ်ဖန်တီးထားတဲ့ Attrage က Sport ဆန်တဲ့ ဆီဒင်ကားသေးဖြစ်ပါတယ်။ သူ့မှာ Grade ခွဲတွေရှိပြီး အမြင့်ဆုံး Attrage GLS Sport Edition ဂရိတ်မှာမူ ရှေ့နောက် Original skirt , Spoiler တွေထည့်သွင်းအလှဆင်ထားတဲ့အပြင် Back Camera ပါတဲ့ Touch Screen လည်းပါဝင်မှာဖြစ်ပါတယ်။ Attrage GLS မှာတော့ ဒီ Feature တွေမပါပါဘူး။ အတွင်းခန်းမှာ ဆိတ်သား ရေကြမ်းနဲ့ ပြုလုပ်ထားတဲ့ အထည်သားထိုင်ခုံ၊ အလိုအ လျောက်လေအေးပေးစနစ်၊ နောက်ဘက်ခုံတန်းမှာ လက်တင် ခုံနဲ့ ခွက်ထည့်စရာနေရာ၊ Keyless Operation စနစ်၊ Audio နဲ့ Hand free Phone စနစ်တွေကို ထိန်းချုပ်နိုင်တဲ့ စတီယာရင် Remote Control ၊ Power Window ၊ 15 လက်မအလွိုင်းဝှီးတွေ၊ လုံခြုံရေးနစ်အနေဖြင့် ရှေ့လေအိတ် ၂ လုံး၊ ABS+EBD တို့ပါဝင်သည်။ ဒီကားက ဆီဒင်ပေမယ့် ကွေ့ရာမှာ အလွန်အဆင်ပြေစေဖို့ Turning Radius ကို 4.8 m အထိရရှိအောင်ပြုလုပ်ထားလို့ U-Turn တွေမှာ အထူးသာလွန်ကောင်းမွန်ပါတယ်။
Price – USD 20900
Available Total Seating – 5
Engine Type – 1.2L DOHC
Fuel – Petrol
Fuel consumption- 21 KM/L
Drive – FWD
Max.output – 76 HP/ 6000 RPM
License- No YGN Plate Automatically
13- Luxury Car Of The Year ( Ranger Rover Autobiography )
Range Rover ကဈေးအပေါဆုံး Evoque ကနေ Autobiography ဆိုပြီးထုတ်ခဲ့ပါတယ်။ သာမန်ကားနဲ့ဘာကွာလဲဆိုတော့ နောက်ခန်းရှည်တယ်။ အတွင်းခန်း detail နည်းနည်းပြောင်းမယ်။ အဓိကကတော့ ဂုဏ်ဒြပ်ရှိသူတွေအတွက် အဆင် တန် ဆာလို ဖြစ်လာပါတယ်။ ထိတွေ့ရတဲ့အရာမှန်သမျှ နူးညံ့ချောမွေ့နေပြီး Luxury ပုံစံမျိုးကို ခံစား ခဲ့ရပါတယ်။ Brand ရဲ့ အဆင့်အတန်း၊ ယုံကြည် စိတ်ချရမှုတွေကြောင့် တန်တာကိုပြန်ရပါလိမ့်မယ်။ ဒါ့အပြင် မောင်းနှင်မှု၊စီးနင်း မှုအပိုင်း တွေမှာလည်း အကောင်းဆုံးသော ခံစားမှုကို ရရှိနိုင်မှာမို့လို့ သူဌေးသူကြွယ်တွေအတွက် အဆင်တန်ဆာကောင်း တစ်ခု လို့ ဆိုလည်းမမှားနိုင်ပါဘူး။ ဒီဇိုင်းပိုင်းကပြောစရာမရှိအောင်ကို လှပဆန်းသစ်သလို ပါဝင်တဲ့ Features တွေ၊နည်းပညာတွေက ယာဉ်မောင်းကို အထောက်အကူဖြစ်စေသလို စီးနင်းသူတွေကိုလည်း သက်သောင့်သက်သာနဲ့ ယုံကြည်မှုရှိစေမှာဖြစ်ပါတယ်။
Price – USD 400,000
Available Total Seating – 5
Engine Type – 3.0 L V6 Super Charge
Fuel – Gasoline
Fuel consumption- 10.7L/100km
Drive – 4WD
Max.output – 374 HP/ 6,500rpm
License- No YGN Plate Automatically
HyperFocal: 0
14- Car Of The Year (People’s Choice)- Toyota Rush
မြန်မာအပါအဝင် အာရှတစ်လွှား အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့မော်ဒယ်ဖြစ်ပါတယ်။ Rush က မတူညီတဲ့ လမ်းအခြေ အနေများ၊ ယာဉ်မောင်းနှင်တဲ့ပတ်ဝန်းကျင်တွေနဲ့ လိုက်လျောညီထွေရှိပြီး ချိန်ညှိပြောင်းလဲနိုင်တဲ့ ပထမဆုံး မော်ဒယ်လည်းဖြစ်ပါတယ်။ သူ့ ရဲ့ရုပ်သွင်က Toyota ရဲ့ Mid size SUV Fortuner နဲ့အနည်းငယ်ဆင်တူပြီး အလျား လိုက်ရှဲတွေကို အသုံးပြုထားပါတယ်။ဒါ့အပြင် LED Headlamp , Fog Lamp တို့သာမကအတွင်းခန်းမှာလည်း အလို အလျောက်လေအေးပေးစနစ်၊နောက်ဘက်ခန်းအတွက်လေအေးပေးစနစ်၊ လိုသလိုချိန်ညှိနိုင်တဲ့ ထိုင်ခုံတွေ၊ စပီကာ ၈ လုံး ပါပြီး DVD/AM/FM/CD/USB/AUX အပြင် Bluetooth တွေကိုချိတ်ဆက်သုံးနိုင်တဲ့ Audio စနစ်နဲ့ ဖုန်းတွေကို စတီယာရင် ကနေထိန်းချုပ်ပေးနိုင်မှု၊ Push Start နဲ့ Smart Entry စနစ်တွေကိုလည်း အသုံးပြုထားပါတယ်။ မော်ဒယ်သစ် Rush က 5-Star ASEAN NCAP rating ဆုကိုလည်း ဆွတ်ခူးရရှိထားပါသေးတယ်။
Price – USD 28,500
Available Total Seating – 7
Engine Type – 1.5 L (VVT-i)
Fuel – Petrol
Fuel consumption- 6.6 L/100 km
Drive – FWD
Max.output – 103 HP/6,000rpm
License- No YGN Plate Automatically
Zawgyi Version…
၂၀၁၈ မြန်မာ့တစ်နှစ်တာအကောင်းဆုံးဆုရကားများအကြောင်းတစ်စေ့တစ်စောင်း
Price: USD 58,700
Engine Type – 1.6 L
Fuel – Petrol
Drive – 2WD
Fuel – Petrol
Drive – 2WD
Price – USD 55000
Fuel – Petrol
Drive – FWD
Price – USD 179500
Fuel – Petrol
Drive – RWD
Fuel – Petrol
Drive – FWD
Fuel – Petrol
Drive – AWD
Price – $66,500
Engine Type – 2.2 L CRDi
Fuel – Diesel
Drive – AWD
8-MPV Of The Year( GAC GM8)
Price – USD 69,888
Engine Type – 2.0 L Turbo
Fuel – Petrol
Drive – FWD
Max.output – 200 HP
Price – USD 125000
Fuel – Petrol
Drive – AWD
Max.output – 310 HP
Price – USD 210,000
Fuel – Petrol / Electric
Drive – AWD
Max.output – 410 HP
Price – USD 48,995
Fuel – Diesel
Fuel consumption- N/A
Drive – 4WD
Max.output – 2000 HP
Price – USD 20900
Engine Type – 1.2L DOHC
Fuel – Petrol
Drive – FWD
Price – USD 400,000
Fuel – Gasoline
Drive – 4WD
Price – USD 28,500
Engine Type – 1.5 L (VVT-i)
Fuel – Petrol
Drive – FWD